Spots news

ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း အွန်နရီချီးကျူး

Unicode Version

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီကတေ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးလို့ ချီးကျူးလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်းထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး ၄ပွဲမှာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သူပါ။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်လို့ ခက်ခဲတဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့် ပွဲဦးထွက်မှာပဲ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁ပွဲကစားထားရာ သွင်းဂိုး ၁ဂိုး ရရှိထားပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အွန်နရီကတော့ ရော်နယ်ဒိုဟာ သူ ကစားခဲ့ဖူးတဲ့ အသင်းတိုင်းမှာ သွင်းဂိုးတွေ အများအပြား သွင်းယူနိုင်ခဲ့တာကြောင့် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ နောက်မှာတော့ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီးတို့ဟာ အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အွန်နရီက “ခင်ဗျားတို့က ရော်နယ်ဒိုကို ချီးကျူးဖို့ မေ့နေကြတယ် ထင်ပါတယ်။ ရော်နယ်ဒိုဟာ ချီးကျူးမှု များစွာနဲ့ ထိုက်တန်တဲ့ ကစားသမားတဦးပါ။ ဘာကြောင့်လဲဆိုတော့ ပေါ်တူဂီအသင်းနဲ့ အခု ယူနိုက်တက်အသင်းမှာ သူ စွမ်းဆောင်ပြထားတဲ့

အရာတွေကြောင့်ပါ။ သူ့ရဲ့ ဂျူဗင်တပ် ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ရရှိခဲ့တဲ့ ဂိုးသွင်းနှုန်းကို လိုက်မီတဲ့ ကစားသမား မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အထောင်တိုက်စစ်မှူးတွေ အကြောင်း ပြောရင် သူ့ကို လေးစားရပါမယ်” ဆိုပြီး ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီကေတ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ကမာၻ႔အေကာင္းဆုံး အေထာင္တိုက္စစ္မႉးလို႔ ခ်ီးက်ဴးလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ ဂ်ဴဗင္တပ္အသင္းကေန အသင္းေဟာင္းထံ ျပန္လည္ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး ၄ပြဲမွာ သြင္းဂိုး ၄ဂိုး သြင္းယူထားနိုင္သူပါ။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေပၚတူဂီ တိုက္စစ္မႉးဟာ ကစားသမားဘဝ ေနာက္ဆုံးကာလ အပိုင္းအျခားကို ေရာက္ရွိေနသူ ျဖစ္လို႔ ခက္ခဲတဲ့ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ရလိမ့္မယ္လို႔ ထင္ေၾကးေပးခံထားရေပမယ့္ ပြဲဦးထြက္မွာပဲ သြင္းဂိုး ၂ဂိုး သြင္းယူနိုင္ခဲ့သလို ယခုႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ၁ပြဲကစားထားရာ သြင္းဂိုး ၁ဂိုး ရရွိထားပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္ တိုက္စစ္မႉးႀကီး အြန္နရီကေတာ့ ေရာ္နယ္ဒိုဟာ သူ ကစားခဲ့ဖူးတဲ့ အသင္းတိုင္းမွာ သြင္းဂိုးေတြ အမ်ားအျပား သြင္းယူနိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံး တိုက္စစ္မႉး ျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ေရာ္နယ္ဒိုရဲ႕ ေနာက္မွာေတာ့ ဘန္ဇီမာနဲ႕ လီဝမ္ေဒါစကီးတို႔ဟာ အေကာင္းဆုံး တိုက္စစ္မႉးေတြ ျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ပါတယ္။

အြန္နရီက “ခင္ဗ်ားတို႔က ေရာ္နယ္ဒိုကို ခ်ီးက်ဴးဖို႔ ေမ့ေနၾကတယ္ ထင္ပါတယ္။ ေရာ္နယ္ဒိုဟာ ခ်ီးက်ဴးမႈ မ်ားစြာနဲ႕ ထိုက္တန္တဲ့ ကစားသမားတဦးပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေပၚတူဂီအသင္းနဲ႕ အခု ယူနိုက္တက္အသင္းမွာ သူ စြမ္းေဆာင္ျပထားတဲ့

အရာေတြေၾကာင့္ပါ။ သူ႕ရဲ႕ ဂ်ဴဗင္တပ္ ၊ ရီးရဲလ္မက္ဒရစ္ ၊ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔မွာ ရရွိခဲ့တဲ့ ဂိုးသြင္းႏႈန္းကို လိုက္မီတဲ့ ကစားသမား မရွိပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က အေထာင္တိုက္စစ္မႉးေတြ အေၾကာင္း ေျပာရင္ သူ႕ကို ေလးစားရပါမယ္” ဆိုၿပီး ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။