Spots news

တူရင်မြေမှာ စီးရီအေကလပ် ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး ပြန်လာနိုင်မယ့် ချယ်လ်ဆီး

Unicode Version

ယနေ့ည ယှဉ်ပြိုင်ကစားသွားကြမယ့် ချန်ပီယံလိဂ် ပွဲစဉ်(၂)တွေထဲမှာမှ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်နဲ့ ဥရောပချန်ပီယံ ချယ်လ်ဆီးတို့ ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲက ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်နေမှာ သေချာပါတယ်။

သောမတ်စ်တူချယ်ရဲ့ ချယ်လ်ဆီးအသင်းဟာ မနှစ်က ဘောလုံးရာသီမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကနေ ဥရောပချန်ပီယံဖြစ်လာခဲ့တဲ့အထိ စွမ်းဆောင်ပြနိုင်ခဲ့ပြီး လက်ရှိရာသီမှာလည်း ပြီးခဲ့တဲ့စနေနေ့က စီးတီးကို အရေးနိမ့်ခဲ့တာကလွဲလို့ ပြည်တွင်းလိဂ်မှာ ပုံစံကောင်းတစ်ရပ်ကို ဆက်ထိန်းထားနိုင်ခဲ့သလို

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဇင်းနစ်ကို အနိုင်ယူထားနိုင်ခဲ့ပါတယ်။ သို့ပေမယ့် မောင့်၊ရီစီဂျိမ်းစ်၊ပူလီဆစ်နဲ့ ကန်တေတို့ဟာ ဒဏ်ရာပြဿနာအသီးသီးကြောင့် ယနေ့ည ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်တဲ့ ချယ်လ်ဆီးအနေနဲ့ လက်ကျန်လူစာရင်းနဲ့ အိမ်ရှင် ဂျူဗင်တပ်စ်ကို သတိထားကစားသွားရမှာ ဖြစ်ပါတယ်။

အိမ်ရှင်အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်ကတော့ စီးရီးအေမှာ ခြောက်ပွဲကစားပြီးချိန်မှာ ၂ပွဲနိုင်၊၂ပွဲသရေ၊၂ပွဲရှုံး ရလဒ်ပေါ်ထွက်ခဲ့တာကြောင့် တကျော့ပြန် နည်းပြ အယ်လီဂရီလက်အောက် အသင်းလိုက်စုစည်းမှု ချိနဲ့ပြီး မတည်ငြိမ်တဲ့အနေအထားတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းရဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ ဒိုင်ဘာလာနဲ့ မိုရာတာ တို့ဟာ ဒဏ်ရာပြဿနာတွေအသီးသီး ရင်ဆိုင်နေရတာကြောင့် ယနေ့ည ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်တဲ့အတွက် ဂျူဗင်တပ်စ်တိုက်စစ်ဟာ ပွဲမစခင်ထဲကိုက အသက်မဲ့နေပြီလို့ ဆိုရမှာပါ။

စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်အလက်အနေနဲ့ကတော့ ဒီနှစ်သင်းရဲ့ တူရင်မြေမှာ နောက်ဆုံးတွေ့ဆုံစဉ်က ဂျူဗင်တပ်စ်က ချယ်လ်ဆီးကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရယူခဲ့ပြီး ထိုစဉ်က ဂျူဗင်တပ်စ်ကို ကိုင်တွယ်နေတာကတော့ ချယ်လ်ဆီးနည်းပြဖြစ်လာမယ့် နည်းပြကွန်တေ ဖြစ်နေခဲ့တာပါ။

အိမ်ကွင်းအားသာချက်ပင်ရှိပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ဂျူဗင်တပ်စ်အနေနဲ့ကတော့ အသင်းလိုက်စုစည်းမှုအားကောင်းတဲ့ ချယ်လ်ဆီးဆီကနေ အနိုင်သုံးမှတ် ရယူဖို့ဆိုတာ ခဲယဉ်းပါလိမ့်မယ်။ ဧည့်သည် ခြင်္သေ့ပြာကတော့ အိမ်ကို အနည်းဆုံး သရေတစ်မှတ်တော့ ပြန်ပါလာအောင် ကစားသွားနိုင်မယ်ဆိုတာ သေချာပါတယ်။

Zawgyi Version

ယေန႕ည ယွဥ္ၿပိဳင္ကစားသြားၾကမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္(၂)ေတြထဲမွာမွ အီတလီထိပ္သီးကလပ္ ဂ်ဴဗင္တပ္စ္နဲ႕ ဥေရာပခ်န္ပီယံ ခ်ယ္လ္ဆီးတို႔ ထိပ္တိုက္ရင္ဆိုင္ရမယ့္ပြဲက ေဘာလုံးပရိသတ္ေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ျဖစ္ေနမွာ ေသခ်ာပါတယ္။

ေသာမတ္စ္တူခ်ယ္ရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ မႏွစ္က ေဘာလုံးရာသီမွာ ဘယ္သူမွ မထင္မွတ္ထားတဲ့ အေျခအေနတစ္ခုကေန ဥေရာပခ်န္ပီယံျဖစ္လာခဲ့တဲ့အထိ စြမ္းေဆာင္ျပနိုင္ခဲ့ၿပီး လက္ရွိရာသီမွာလည္း ၿပီးခဲ့တဲ့စေနေန႕က စီးတီးကို အေရးနိမ့္ခဲ့တာကလြဲလို႔ ျပည္တြင္းလိဂ္မွာ ပုံစံေကာင္းတစ္ရပ္ကို ဆက္ထိန္းထားနိုင္ခဲ့သလို

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ဇင္းနစ္ကို အနိုင္ယူထားနိုင္ခဲ့ပါတယ္။ သို႔ေပမယ့္ ေမာင့္၊ရီစီဂ်ိမ္းစ္၊ပူလီဆစ္နဲ႕ ကန္ေတတို႔ဟာ ဒဏ္ရာျပႆနာအသီးသီးေၾကာင့္ ယေန႕ည ပြဲစဥ္ကို လြဲေခ်ာ္သြားမွာျဖစ္တဲ့ ခ်ယ္လ္ဆီးအေနနဲ႕ လက္က်န္လူစာရင္းနဲ႕ အိမ္ရွင္ ဂ်ဴဗင္တပ္စ္ကို သတိထားကစားသြားရမွာ ျဖစ္ပါတယ္။

အိမ္ရွင္အသင္းျဖစ္တဲ့ ဂ်ဴဗင္တပ္စ္ကေတာ့ စီးရီးေအမွာ ေျခာက္ပြဲကစားၿပီးခ်ိန္မွာ ၂ပြဲနိုင္၊၂ပြဲသေရ၊၂ပြဲရႈံး ရလဒ္ေပၚထြက္ခဲ့တာေၾကာင့္ တေက်ာ့ျပန္ နည္းျပ အယ္လီဂရီလက္ေအာက္ အသင္းလိုက္စုစည္းမႈ ခ်ိနဲ႕ၿပီး မတည္ၿငိမ္တဲ့အေနအထားတစ္ခုကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဒါ့အျပင္ အသင္းရဲ႕ အဓိကကစားသမားေတြျဖစ္ၾကတဲ့ ဒိုင္ဘာလာနဲ႕ မိုရာတာ တို႔ဟာ ဒဏ္ရာျပႆနာေတြအသီးသီး ရင္ဆိုင္ေနရတာေၾကာင့္ ယေန႕ည ပြဲစဥ္ကို လြဲေခ်ာ္သြားမွာျဖစ္တဲ့အတြက္ ဂ်ဴဗင္တပ္စ္တိုက္စစ္ဟာ ပြဲမစခင္ထဲကိုက အသက္မဲ့ေနၿပီလို႔ ဆိုရမွာပါ။

စိတ္ဝင္စားဖို႔ ေကာင္းတဲ့အခ်က္အလက္အေနနဲ႕ကေတာ့ ဒီႏွစ္သင္းရဲ႕ တူရင္ေျမမွာ ေနာက္ဆုံးေတြ႕ဆုံစဥ္က ဂ်ဴဗင္တပ္စ္က ခ်ယ္လ္ဆီးကို ၃-၀ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရယူခဲ့ၿပီး ထိုစဥ္က ဂ်ဴဗင္တပ္စ္ကို ကိုင္တြယ္ေနတာကေတာ့ ခ်ယ္လ္ဆီးနည္းျပျဖစ္လာမယ့္ နည္းျပကြန္ေတ ျဖစ္ေနခဲ့တာပါ။

အိမ္ကြင္းအားသာခ်က္ပင္ရွိေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႕ ရင္ဆိုင္ေနရသလို ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ ဂ်ဴဗင္တပ္စ္အေနနဲ႕ကေတာ့ အသင္းလိုက္စုစည္းမႈအားေကာင္းတဲ့ ခ်ယ္လ္ဆီးဆီကေန အနိုင္သုံးမွတ္ ရယူဖို႔ဆိုတာ ခဲယဥ္းပါလိမ့္မယ္။ ဧည့္သည္ ျခေသၤ့ျပာကေတာ့ အိမ္ကို အနည္းဆုံး သေရတစ္မွတ္ေတာ့ ျပန္ပါလာေအာင္ ကစားသြားနိုင္မယ္ဆိုတာ ေသခ်ာပါတယ္။