Spots news

“ဂျာစီအညစ်ခံပြီး လူတံတိုင်းနောက်မှာ နေတာမက်ဆီရဲ့ တာဝန်မဟုတ်ဘူး ”

Unicode Version

ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ရဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ပွဲချိန် မိနစ် ၉၀ အရောက်

မန်စီးတီးတို့ အလွတ်တည်ကန်ဘောရရှိချိန်မှာလည်း သူက လူတံတိုင်းနောက်မှာ လဲလျောင်းပြီး အကာအကွယ် လုပ်ပေးခဲ့ပါတယ်။

ဒါကို ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူ ဖာဒီနန်က အတော့်ကိုသဘောမကျဖြစ်ခဲ့ပြီး သူသာ ပီအက်စ်ဂျီအသင်းသားဖြစ်မယ်ဆိုရင် မက်ဆီကို ဒီလိုလုပ်ခိုင်းမှာမဟုတ်ဘဲ သူကသာ မက်ဆီရဲ့နေရာမှာ

လုပ်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီမြင်ကွင်းဟာ တော်တော်လေးထူးခြားတဲ့မြင်ကွင်းဖြစ်ခဲ့ပြီး ဖာဒီနန်ကိုလည်း တော်တော်လေး စိတ်ထိခိုက်စေတဲ့အထိဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန်က “တကယ်လို့ လေ့ကျင့်ခန်းရေးကွင်းမှာ ပိုချက်တီနိုက လူတံတိုင်းရဲ့နောက်မှာ ကာဗာ လုပ်ဖို့ မက်ဆီကို တာဝန်ပေးလိုက်ခဲ့ရင်တောင်

တစ်ယောက်ယောက်က ” ဒါမဟုတ်ဘူး မက်ဆီကို ဒီလိုတာဝန်မပေးသင့်ဘူး ” လို့ပြောရမှာပါ။ ဒါ မက်ဆီကို လေးစားမှုမရှိတဲ့လုပ်ရပ်ပါပဲ။

ကျွန်တော်သာ ပီအက်စ်ဂျီ ကစားသမားတစ်ဦးဖြစ်နေရင် ‘မင်းအစား ငါပဲ လှဲချပေးမယ်’ဆိုပြီး မက်ဆီကိုပြောမိပါလိမ့်မယ်။ မက်ဆီလို ကစားသမားတစ်ဦးကို ဒီလိုပုံစံနဲ့ ကျွန်တော်မမြင်တွေ့လို့တာ

အမှန်ပါပဲ။ သူ့ ဂျာစီအညစ်ပတ်ခံပြီးတော့ လူတံတိုင်းနောက်မှာ လှဲချကာကွယ်ပေးတာက မက်ဆီလုပ်ရမယ့်တာဝန်မဟုတ်ပါဘူး”လို့ဝေဖန်ခဲ့ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီနဲ႕ မန္စီးတီးတို႔ရဲ႕ပြဲစဥ္မွာ အသင္းအတြက္ အနိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို သြင္းယူေပးနိုင္ခဲ့တဲ့ မက္ဆီဟာ

ပြဲခ်ိန္ မိနစ္ ၉၀ အေရာက္ မန္စီးတီးတို႔ အလြတ္တည္ကန္ေဘာရရွိခ်ိန္မွာလည္း သူက လူတံတိုင္းေနာက္မွာ လဲေလ်ာင္းၿပီး အကာအကြယ္ လုပ္ေပးခဲ့ပါတယ္။

ဒါကို ယူနိုက္တက္အသင္းရဲ႕ ဂႏၳဝင္ေနာက္ခံလူ ဖာဒီနန္က အေတာ့္ကိုသေဘာမက်ျဖစ္ခဲ့ၿပီး သူသာ ပီအက္စ္ဂ်ီအသင္းသားျဖစ္မယ္ဆိုရင္ မက္ဆီကို ဒီလိုလုပ္ခိုင္းမွာမဟုတ္ဘဲ သူကသာ မက္ဆီရဲ႕ေနရာမွာ လုပ္ေပးသြားမယ္လို႔

ေျပာဆိုခဲ့ပါတယ္။ ဒီျမင္ကြင္းဟာ ေတာ္ေတာ္ေလးထူးျခားတဲ့ျမင္ကြင္းျဖစ္ခဲ့ၿပီး ဖာဒီနန္ကိုလည္း ေတာ္ေတာ္ေလး စိတ္ထိခိုက္ေစတဲ့အထိျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ဖာဒီနန္က “တကယ္လို႔ ေလ့က်င့္ခန္းေရးကြင္းမွာ ပိုခ်က္တီနိုက လူတံတိုင္းရဲ႕ေနာက္မွာ ကာဗာ လုပ္ဖို႔ မက္ဆီကို တာဝန္ေပးလိုက္ခဲ့ရင္ေတာင္ တစ္ေယာက္ေယာက္က ” ဒါမဟုတ္ဘူး မက္ဆီကို ဒီလိုတာဝန္မေပးသင့္ဘူး ” လို႔ေျပာရမွာပါ။ ဒါ မက္ဆီကို ေလးစားမႈမရွိတဲ့လုပ္ရပ္ပါပဲ။

ကြၽန္ေတာ္သာ ပီအက္စ္ဂ်ီ ကစားသမားတစ္ဦးျဖစ္ေနရင္ ‘မင္းအစား ငါပဲ လွဲခ်ေပးမယ္’ဆိုၿပီး မက္ဆီကိုေျပာမိပါလိမ့္မယ္။ မက္ဆီလို ကစားသမားတစ္ဦးကို ဒီလိုပုံစံနဲ႕

ကြၽန္ေတာ္မျမင္ေတြ႕လို႔တာ အမွန္ပါပဲ။ သူ႕ ဂ်ာစီအညစ္ပတ္ခံၿပီးေတာ့ လူတံတိုင္းေနာက္မွာ လွဲခ်ကာကြယ္ေပးတာက မက္ဆီလုပ္ရမယ့္တာဝန္မဟုတ္ပါဘူး”လို႔ေဝဖန္ခဲ့ပါတယ္။