Spots news

ရော်နယ်ဒိုရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့ ဗီလာရီးရဲလ်ကို ရှုံးကြွေးဆပ်ခဲ့တဲ့ မန်ယူ

Unicode Version

မန်ချက်စတာယူနိုက်တက် အသင်းဟာ အိမ်ကွင်းအိုးထရတ်ဖိုဒ့်မှာ ဗီလာရီးရဲလ်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖိုင်နယ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ယနေ့ညပွဲမှာလည်း ကစားသမားတွေရဲ့ ရုန်းအား၊ အနိုင်ယူလိုစိတ်ထက်သန်မှုတို့နဲ့အတူ ရော်နယ်ဒိုရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့ ဗီလာရီးရဲလ်ကို အနိုင်ယူပြီး နည်းပြဆိုးလ်ရှားကို အသက်ရှု ချောင်စေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပွဲစထဲက ပွဲကို စိုးမိုးထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို လုံလောက်စွာ ဖန်တီးနိုင်ခဲ့ခြင်းမရှိပဲ ဧည့်သည်ဗီလာရီးရဲလ်ကပဲ တန်ပြန်တိုက်စစ်တွေကတဆင့် အန္တရာယ်များတဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပြီး ဒီဂီယာတစ်ယောက် လက်စွမ်းကောင်းကို ပြသပြီး အကြိမ်ကြိမ် ကာကွယ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဂိုးပြတ်ရှုံးပွဲ မတွေ့ခဲ့ရတာပါ။

ဒုတိယပိုင်းစလို့ သိပ်မကြာခင် ပွဲချိန် ၅၃ မိနစ်မှာ ယူနိုက်တက် ခံစစ် ညာခြမ်းဘက်က ပေါက်ရာကနေတဆင့် ဗီလာရီးရဲလ်တိုက်စစ်မှူး အယ်လ်ကာဆာက ဦးဆောင်ဂိုးသွင်းသွားတဲ့အတွက် ယူနိုက်တက်တို့ အနည်းငယ် ပြာသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ နောက်ခံလူ တဲလက်စ်က ဘရူနိုရဲ့ ပေးပို့မှုကနေ အလန်းစား ကစ်ချက်နဲ့ ချေပဂိုး သွင်းယူခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်အားသန် ကစားသမားတွေကို စုပြုံထည့်ပြီး တိုက်စစ်ကို ပိုမြှင့်ကစားလေ လုပ်ခဲ့တဲ့အတွက် ဗီလာရီးရဲလ် ခံစစ် အလုပ်များနေခဲ့ပြီး ပွဲကစားချိန် နောက်ဆုံးမိနစ်မှာတော့ ဘယ်လိုမှ ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ပဲ ဖရတ်ရဲ့ ဖြတ်တင်ဘောကနေ ရော်နယ်ဒိုရဲ့ ပြန်ချပေးမှုကို လင်ဂတ်နဲ့ ပြန်လည်တွဲရင်း UCL ထာဝရဂိုးသွင်းအများဆုံး ဂန္တဝင် တိုက်စစ်မှူးကြီး ဖြစ်တဲ့

ရော်နယ်ဒိုက အနိုင်ဂိုးကို အမှားအယွင်းမရှိ အဆုံးသတ်သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယနေ့ပွဲမှာ ရော်နယ်ဒို ရဲ့ အသက်ကယ်သွင်းဂိုး၊ ဒီဂီယာရဲ့ လက်စွမ်းပြမှုတို့ကြောင့် အနိုင်ရလဒ် ရခဲ့တာလို့ပဲ ဆိုရမှာ ဖြစ်ပြီ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ စပိန်ဂန္ထဝင်ဂိုးသမား ကာဆီးလက်စ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပွဲအများဆုံးကစား သမားအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အိမ္ကြင္းအိုးထရတ္ဖိုဒ့္မွာ ဗီလာရီးရဲလ္အသင္းကို အနိုင္ယူၿပီး ယူရိုပါလိဂ္ဖိုင္နယ္က ရႈံးေႂကြးကို ျပန္ဆပ္နိုင္ခဲ့ပါတယ္။ ယေန႕ညပြဲမွာလည္း ကစားသမားေတြရဲ႕ ႐ုန္းအား၊ အနိုင္ယူလိုစိတ္ထက္သန္မႈတို႔နဲ႕အတူ ေရာ္နယ္ဒိုရဲ႕ ေနာက္ဆုံးမိနစ္အနိုင္ဂိုးနဲ႕ ဗီလာရီးရဲလ္ကို အနိုင္ယူၿပီး နည္းျပဆိုးလ္ရွားကို အသက္ရႈ ေခ်ာင္ေစခဲ့ပါတယ္။

ယူနိုက္တက္ဟာ ပြဲစထဲက ပြဲကို စိုးမိုးထိန္းခ်ဳပ္ကစားနိုင္ခဲ့ေပမယ့္ အခြင့္အေရးေတြကို လုံေလာက္စြာ ဖန္တီးနိုင္ခဲ့ျခင္းမရွိပဲ ဧည့္သည္ဗီလာရီးရဲလ္ကပဲ တန္ျပန္တိုက္စစ္ေတြကတဆင့္ အႏၲရာယ္မ်ားတဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြျပဳလုပ္နိုင္ခဲ့ၿပီး ဒီဂီယာတစ္ေယာက္ လက္စြမ္းေကာင္းကို ျပသၿပီး အႀကိမ္ႀကိမ္ ကာကြယ္ခဲ့တာေၾကာင့္ ယူနိုက္တက္တို႔ ဂိုးျပတ္ရႈံးပြဲ မေတြ႕ခဲ့ရတာပါ။

ဒုတိယပိုင္းစလို႔ သိပ္မၾကာခင္ ပြဲခ်ိန္ ၅၃ မိနစ္မွာ ယူနိုက္တက္ ခံစစ္ ညာျခမ္းဘက္က ေပါက္ရာကေနတဆင့္ ဗီလာရီးရဲလ္တိုက္စစ္မႉး အယ္လ္ကာဆာက ဦးေဆာင္ဂိုးသြင္းသြားတဲ့အတြက္ ယူနိုက္တက္တို႔ အနည္းငယ္ ျပာသြားခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ေနာက္ခံလူ တဲလက္စ္က ဘ႐ူနိုရဲ႕ ေပးပို႔မႈကေန အလန္းစား ကစ္ခ်က္နဲ႕ ေခ်ပဂိုး သြင္းယူခဲ့တာေၾကာင့္ သက္သာရာရခဲ့ပါတယ္။

ယူနိုက္တက္ဟာ တိုက္စစ္အားသန္ ကစားသမားေတြကို စုၿပဳံထည့္ၿပီး တိုက္စစ္ကို ပိုျမႇင့္ကစားေလ လုပ္ခဲ့တဲ့အတြက္ ဗီလာရီးရဲလ္ ခံစစ္ အလုပ္မ်ားေနခဲ့ၿပီး ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္မွာေတာ့ ဘယ္လိုမွ ဆက္လက္ေတာင့္ခံနိုင္ျခင္းမရွိေတာ့ပဲ ဖရတ္ရဲ႕ ျဖတ္တင္ေဘာကေန ေရာ္နယ္ဒိုရဲ႕ ျပန္ခ်ေပးမႈကို လင္ဂတ္နဲ႕ ျပန္လည္တြဲရင္း UCL ထာဝရဂိုးသြင္းအမ်ားဆုံး ဂႏၲဝင္ တိုက္စစ္မႉးႀကီး ျဖစ္တဲ့

ေရာ္နယ္ဒိုက အနိုင္ဂိုးကို အမွားအယြင္းမရွိ အဆုံးသတ္သြင္းယူေပးနိုင္ခဲ့တာ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ယေန႕ပြဲမွာ ေရာ္နယ္ဒို ရဲ႕ အသက္ကယ္သြင္းဂိုး၊ ဒီဂီယာရဲ႕ လက္စြမ္းျပမႈတို႔ေၾကာင့္ အနိုင္ရလဒ္ ရခဲ့တာလို႔ပဲ ဆိုရမွာ ျဖစ္ၿပီ ယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ စပိန္ဂႏၳဝင္ဂိုးသမား ကာဆီးလက္စ္ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ပြဲအမ်ားဆုံးကစား သမားအျဖစ္ မွတ္တမ္းသစ္ေရးထိုး နိုင္ခဲ့ပါတယ္။