Spots news

အသင်းအတွက် အစွမ်းကုန်ရုန်းပေးချင်လို့ ပြန်လာတာပါဆိုတဲ့ အနိုင်ဂိုးရှင် ရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက‌တော့ အသင်းဟောင်း ယူနိုက်တက်ကို တကျော့ ပြန်လာခဲ့ခြင်းဟာ အသင်းရဲ့ ပွဲကြီးတွေမှာ အနိုင်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးဖို့ ဖြစ်တယ်လို့ ဗီလာရီးရဲလ်နဲ့ ပွဲမှာ အနိုင်ဂိုးသွင်းခဲ့ပြီးနောက် ပြောကြားခဲ့ပါတယ်။

ရော််နယ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့ပြီးနောက် အသင်းကို အကြိမ်ကြိမ် ကယ်တင်နေတာ ဖြစ်ပြီ မနေ့ညက ချန်ပီယံလိဂ် ပွဲစဉ် ပွဲချိန် ၉၅မိနစ်မှာ ၁-၁ ရလဒ်ကနေ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ကို အနိုင်ရစေခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးကြောင့် ယူနိုက်တက်အသင်းဟာ အဖွင့်ပွဲစဉ် ၂ပွဲမှာ ၁မှတ်သာ စုဆောင်းနိုင်မယ့် အဖြစ်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုက “ပွဲကြီးတွေမှာ အသင်းအတွက် အစွမ်းကုန် ကစားဖို့ ကျွန်တော် ပြန်လာတာပါ။ ဒီအသင်းကို ကျွန်တော် အရမ်းလွမ်းနေပါတယ်လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ရော်နယ်ဒိုက “ကျွန်တော် ဒီအသင်းနဲ့ ဖလား၃လုံး လိုချင်ပါသေးတယ်။ ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ ဒီဆုဖလားတွေကို လိုချင်တာပါ”လို့ ပြောခဲ့ပါတယ်။

၃၆နှစ်သားက ယန်းဘွိုင်းစ်နဲ့ အဖွင့်ပွဲ ရှုံးပွဲအပြီး ဗီလာရီးရဲလ်ကိုလည်း ခက်ခက်ခဲခဲ ကစားခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်တို့ ဒီနေ့ ၃မှတ်သာ မရခဲ့ဘူးဆိုရင် နောက်တစ်ဆင့် တက်ဖို့အတွက် ခက်ခဲသွားမှာပါ။ ဒါပေမဲ့ အခုတော့ ဘာမဆို ဖြစ်နိုင်ပြီး ကျွန်တော်တို့ နောက်တစ်ဆင့် တက်မယ်လို့ ယုံကြည်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

အနိုင်ဂိုးရှင် ရော်နယ်ဒိုဟာ ကာဆီးလက်စ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပွဲအများဆုံးကစား သမားအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့သလို အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ ဂိုးသွင်းယူခဲ့တဲ့ ဒုတိယမြောက်အသက် အကြီးဆုံးကစားသမားအဖြစ် ၃၆နှစ်နှင့်၂၃၆ရက် ဖြင့် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပထမဦးဆုံးကစားသမားမှာ ၁၉၉၃ ခုနှစ်က Bryan Robson ဖြစ်ပြီး ဂိုးသွင်းယူခဲ့စဥ် အသက်မှာ ၃၆နှစ်နှင့်၂၈၂ရက် ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေပၚတူဂီ လက္ေ႐ြးစင္ တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုက‌ေတာ့ အသင္းေဟာင္း ယူနိုက္တက္ကို တေက်ာ့ ျပန္လာခဲ့ျခင္းဟာ အသင္းရဲ႕ ပြဲႀကီးေတြမွာ အနိုင္ယူနိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားေပးဖို႔ ျဖစ္တယ္လို႔ ဗီလာရီးရဲလ္နဲ႕ ပြဲမွာ အနိုင္ဂိုးသြင္းခဲ့ၿပီးေနာက္ ေျပာၾကားခဲ့ပါတယ္။

ေရာ္္နယ္ဒိုဟာ အိုးထရက္ဖို႔ဒ္ကို ျပန္ေရာက္လာခဲ့ၿပီးေနာက္ အသင္းကို အႀကိမ္ႀကိမ္ ကယ္တင္ေနတာ ျဖစ္ၿပီ မေန႕ညက ခ်န္ပီယံလိဂ္ ပြဲစဥ္ ပြဲခ်ိန္ ၉၅မိနစ္မွာ ၁-၁ ရလဒ္ကေန အနိုင္ဂိုး သြင္းယူေပးခဲ့ၿပီး ယူနိုက္တက္ကို အနိုင္ရေစခဲ့ပါတယ္။ အဆိုပါ သြင္းဂိုးေၾကာင့္ ယူနိုက္တက္အသင္းဟာ အဖြင့္ပြဲစဥ္ ၂ပြဲမွာ ၁မွတ္သာ စုေဆာင္းနိုင္မယ့္ အျဖစ္ကေန ေရွာင္လႊဲနိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုက “ပြဲႀကီးေတြမွာ အသင္းအတြက္ အစြမ္းကုန္ ကစားဖို႔ ကြၽန္ေတာ္ ျပန္လာတာပါ။ ဒီအသင္းကို ကြၽန္ေတာ္ အရမ္းလြမ္းေနပါတယ္လို႔ ေျပာခဲ့ပါတယ္။ ဆက္လက္ၿပီး ေရာ္နယ္ဒိုက “ကြၽန္ေတာ္ ဒီအသင္းနဲ႕ ဖလား၃လုံး လိုခ်င္ပါေသးတယ္။ ကြၽန္ေတာ့္အတြက္ေရာ အသင္းအတြက္ပါ ဒီဆုဖလားေတြကို လိုခ်င္တာပါ”လို႔ ေျပာခဲ့ပါတယ္။

၃၆ႏွစ္သားက ယန္းဘြိုင္းစ္နဲ႕ အဖြင့္ပြဲ ရႈံးပြဲအၿပီး ဗီလာရီးရဲလ္ကိုလည္း ခက္ခက္ခဲခဲ ကစားခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔ ဒီေန႕ ၃မွတ္သာ မရခဲ့ဘူးဆိုရင္ ေနာက္တစ္ဆင့္ တက္ဖို႔အတြက္ ခက္ခဲသြားမွာပါ။ ဒါေပမဲ့ အခုေတာ့ ဘာမဆို ျဖစ္နိုင္ၿပီး ကြၽန္ေတာ္တို႔ ေနာက္တစ္ဆင့္ တက္မယ္လို႔ ယုံၾကည္ပါတယ္”ဆိုၿပီး ေျပာခဲ့ပါတယ္။

အနိုင္ဂိုးရွင္ ေရာ္နယ္ဒိုဟာ ကာဆီးလက္စ္ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ပြဲအမ်ားဆုံးကစား သမားအျဖစ္ မွတ္တမ္းသစ္ေရးထိုး နိုင္ခဲ့သလို အိုးလ္ထရက္ဖို႔ဒ္ ကြင္းမွာ ဂိုးသြင္းယူခဲ့တဲ့ ဒုတိယေျမာက္အသက္ အႀကီးဆုံးကစားသမားအျဖစ္ ၃၆ႏွစ္ႏွင့္၂၃၆ရက္ ျဖင့္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ပထမဦးဆုံးကစားသမားမွာ ၁၉၉၃ ခုႏွစ္က Bryan Robson ျဖစ္ၿပီး ဂိုးသြင္းယူခဲ့စဥ္ အသက္မွာ ၃၆ႏွစ္ႏွင့္၂၈၂ရက္ ျဖစ္ပါတယ္။