Spots news

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်စွမ်းမရှိတော့ဘူးဆိုတဲ့ နည်းပြကိုးမန်း

Unicode Version

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း မရှိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ ၊ ဒိုင်နမိုကိဗ်အသင်းတို့နဲ့ အုပ်စုEထဲမှာ ကျရောက်နေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို မယှဉ်နိုင်ရင်တောင် အုပ်စု ဒုတိယနေရာနဲ့ နောက်တဆင့်ကို တက်လှမ်းလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

သို့ပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂ပွဲကစား ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ ရဂိုး မရှိသေးပဲ ပေးဂိုး ၆ဂိုးနဲ့အတူ အုပ်စုရဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ရှုံးနိမ့်ခဲ့တဲ့ ၂ပွဲစလုံးမှာ ဂိုးပေါက်တည့် ကန်ချက် တကြိမ်မှ ပြုလုပ်ထားနိုင်ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ အသင်းရဲ့ ပရိသတ်တွေက နည်းပြကိုးမန်းကို ထုတ်ပစ်ဖို့ တောင်းဆိုနေကြပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့တွေကလည်း ကိုးမန်းရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို ရှာဖွေနေပါတယ်။ ဘင်ဖီကာနဲ့ ပွဲအပြီးမှာတော့ ကိုးမန်းက သူဟာ အသင်းရဲ့ ပြဿနာ မဟုတ်ကြောင်းနဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးမန်းက “တကယ်လို့ အသင်းတွင်းက လူတွေကသာ (ဘုတ်အဖွဲ့) ဘာစီလိုနာအသင်းရဲ့ တကယ့် ပြဿနာကို မမြင်နိုင်ဘူး ဆိုရင် ကျွန်တော့်ကို ပြဿနာလို့ ထင်နေပါလိမ့်မယ်။ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ကျွန်တော်တို့တွေ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်စွမ်း မရှိပါဘူး” လို့ ဝန်ခံသွားခဲ့တာပါ။

Zawgyi Version

ဘာစီလိုနာအသင္းရဲ႕ နည္းျပျဖစ္သူ ကိုးမန္းကေတာ့ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ရဲ႕ ဒုတိယေျမာက္ပြဲစဥ္မွာ ေပၚတူဂီကလပ္ ဘင္ဖီကာအသင္းကို ၃-၀ ဆိုတဲ့ ရလဒ္နဲ႕ အေရးနိမ့္ခဲ့ၿပီးေနာက္ သူတို႔အသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူနိုင္စြမ္း မရွိေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္ ၊ ဘင္ဖီကာ ၊ ဒိုင္နမိုကိဗ္အသင္းတို႔နဲ႕ အုပ္စုEထဲမွာ က်ေရာက္ေနတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းကို မယွဥ္နိုင္ရင္ေတာင္ အုပ္စု ဒုတိယေနရာနဲ႕ ေနာက္တဆင့္ကို တက္လွမ္းလိမ့္မယ္လို႔ ထင္ေၾကးေပးခံထားရပါတယ္။

သို႔ေပမယ့္ လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၂ပြဲကစား ၂ပြဲရႈံး ဆိုတဲ့ ရလဒ္ကို ပိုင္ဆိုင္ထားကာ ရဂိုး မရွိေသးပဲ ေပးဂိုး ၆ဂိုးနဲ႕အတူ အုပ္စုရဲ႕ ေအာက္ဆုံးအဆင့္ကို ေရာက္ရွိေနပါတယ္။ ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ ရႈံးနိမ့္ခဲ့တဲ့ ၂ပြဲစလုံးမွာ ဂိုးေပါက္တည့္ ကန္ခ်က္ တႀကိမ္မွ ျပဳလုပ္ထားနိုင္ျခင္း မရွိပါဘူး။

ဒါေၾကာင့္ပဲ အသင္းရဲ႕ ပရိသတ္ေတြက နည္းျပကိုးမန္းကို ထုတ္ပစ္ဖို႔ ေတာင္းဆိုေနၾကၿပီး ဘာစီလိုနာအသင္းရဲ႕ ဘုတ္အဖြဲ႕ေတြကလည္း ကိုးမန္းရဲ႕ေနရာကို အစားဝင္နိုင္မယ့္ နည္းျပတဦးကို ရွာေဖြေနပါတယ္။ ဘင္ဖီကာနဲ႕ ပြဲအၿပီးမွာေတာ့ ကိုးမန္းက သူဟာ အသင္းရဲ႕ ျပႆနာ မဟုတ္ေၾကာင္းနဲ႕ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူနိုင္စြမ္း မရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ကိုးမန္းက “တကယ္လို႔ အသင္းတြင္းက လူေတြကသာ (ဘုတ္အဖြဲ႕) ဘာစီလိုနာအသင္းရဲ႕ တကယ့္ ျပႆနာကို မျမင္နိုင္ဘူး ဆိုရင္ ကြၽန္ေတာ့္ကို ျပႆနာလို႔ ထင္ေနပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ေတြ ဒီထက္ပိုၿပီး ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပနိုင္ပါေသးတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ကြၽန္ေတာ္တို႔ေတြ ခ်န္ပီယံလိဂ္ ဆုဖလားကို အရယူနိုင္စြမ္း မရွိပါဘူး” လို႔ ဝန္ခံသြားခဲ့တာပါ။