Spots news

ဝိန်းရွန်းနီကို အတုယူပြီးကစားဖို့ မက်ဆီကို တိုက်တွန်းလိုက်တဲ့ ဖာဒီနန်

Unicode Version

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန် က PSG ကိုပြောင်းရွှေ့လာတဲ့ လီယွန်နယ်မက်ဆီ အနေနဲ့ ဘာပေနဲ့ အတွဲမိမိ ကစားနိုင်ဖို့အတွက် ဝိန်းရွန်းနီလို ကျင့်ကြံသင့်ကြောင်း တိုက်တွန်းပြောဆို သွားခဲ့ပါတယ်။ မက်ဆီဟာ ဒီနှစ် နွေရာသီမှာ ဘာစီလိုနာကနေ ပြင်သစ် ထိပ်သီး PSG ကို ပြောင်းရွှေ့လာခဲ့ပြီး နေမာ ၊ ဘာပေ တို့နဲ့အတူ တွဲဖက်ကစားနေပြီ ဖြစ်ပါတယ်။

မက်ဆီ ဟာ အသင်းသစ်မှာ အသင်းဖော်သစ်တွေ နဲ့ အသားမကျသေးဘဲ အထူးသဖြင့် ဘာပေနဲ့ အတွဲမိမိမကစား နိုင်သေးတာကြောင့် ဝေဖန်မှု အချို့ထွက်ပေါ် ခဲ့ပါတယ်။ဖာဒီနန်ကတော့ မန်ချက်စတာယူနိုက်တက် မှာတုန်းက ဝိန်းရွန်းနီ ကစားခဲ့တဲ့ ပုံစံမျိုးကို မက်ဆီအနေနဲ့ ကျင့်သုံး ကစားသင့်ကြောင်း ပြောဆိုအကြံပြု သွားခဲ့ပါတယ်။

ရွန်းနီဟာ ခရစ္စတီယာနိုရော်နယ်ဒို နဲ့ တွဲဖက် ကစားခဲ့စဉ် အချိန်တုန်းက သူ့ရဲ့အကောင်းဆုံး အချိန်တွေ ၊ အကောင်းဆုံးစွမ်းရည်တွေ ကို အသင်း အနိုင်ရဖို့ အတွက် စွန့်လွှတ်ပြီး ရော်နယ်ဒို ဂိုးများများသွင်းနိုင်ဖို့ အတွက် ကြိုးစားပေးခဲ့ ဖူးပါတယ်။“မက်ဆီ အနေနဲ့ ဝိန်းရွန်းနီ လို ကစားဖို့ အချိန်တန်ပြီ ထင်ပါတယ်” လို့ ဖာဒီနန်က ပြောဆိုသွားခဲ့ ပါတယ် ။

“ဝိန်း ဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက်ပါ ။ ဒါပေမယ့် သူကအသင်းကောင်းဖို့ အတွက်ကိုပဲ ဦးစားပေးပါတယ်။ ယူနိုက်တက်မှာတုန်းက ဝိန်းဟာ ရော်နယ်ဒို အထဲ ဝင်လာတိုင်း ဘယ်တောင်ပံ ကို ထွက်ပြီး ကစားပေးခဲ့တာပါ။ချန်ပီယံလိဂ် ဖိုင်နယ် မှာ တုန်းကဆိုရင် သူက ဘယ်နောက်ခံလူ အထိတောင် ဆင်းကူပြီး ကစားပေးခဲ့ရတာပါ ။ အသင်းတသင်းမှာ ဒီလို စတေးခံ နိုင်တဲ့ ကစားသမားတွေ ရှိတယ်ဆိုရင် အောင်မြင်ဖို့ အလားအလာများလေပါပဲ”

“PSG က ၃ ယောက်ဟာ အရမ်းကိုကောင်းတဲ့ ကမ္ဘာ့ အဆင့်တိုက်စစ်သမားတွေပါ ။ ဒါပေမယ့် ခံစစ်ကို ဆင်းကူဖို့လိုတဲ့ အချိန်တွေ ရှိလာမှာပါပဲ။ အဲ့ဒိအချိန် မှာ ဘယ်သူက စွန့်လွှတ်စတေးခံပြီး နောက်ပြန် ဆင်းပေးမလဲ ၊ ဘယ်သူက ကျန်တဲ့သူတွေအတွက် ပံ့ပိုးပေးမလဲ ဆိုတာက သူတို့ ဘယ်လောက် အောင်မြင်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုအဖြေပေးသွားမှာပါ” လို့ ဖာဒီနန်က ပြောဆို သွားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္ ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္ က PSG ကိုေျပာင္းေ႐ႊ႕လာတဲ့ လီယြန္နယ္မက္ဆီ အေနနဲ႕ ဘာေပနဲ႕ အတြဲမိမိ ကစားနိုင္ဖို႔အတြက္ ဝိန္း႐ြန္းနီလို က်င့္ႀကံသင့္ေၾကာင္း တိုက္တြန္းေျပာဆို သြားခဲ့ပါတယ္။ မက္ဆီဟာ ဒီႏွစ္ ေႏြရာသီမွာ ဘာစီလိုနာကေန ျပင္သစ္ ထိပ္သီး PSG ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ေနမာ ၊ ဘာေပ တို႔နဲ႕အတူ တြဲဖက္ကစားေနၿပီ ျဖစ္ပါတယ္။

မက္ဆီ ဟာ အသင္းသစ္မွာ အသင္းေဖာ္သစ္ေတြ နဲ႕ အသားမက်ေသးဘဲ အထူးသျဖင့္ ဘာေပနဲ႕ အတြဲမိမိမကစား နိုင္ေသးတာေၾကာင့္ ေဝဖန္မႈ အခ်ိဳ႕ထြက္ေပၚ ခဲ့ပါတယ္။ဖာဒီနန္ကေတာ့ မန္ခ်က္စတာယူနိုက္တက္ မွာတုန္းက ဝိန္း႐ြန္းနီ ကစားခဲ့တဲ့ ပုံစံမ်ိဳးကို မက္ဆီအေနနဲ႕ က်င့္သုံး ကစားသင့္ေၾကာင္း ေျပာဆိုအႀကံျပဳ သြားခဲ့ပါတယ္။

႐ြန္းနီဟာ ခရစၥတီယာနိုေရာ္နယ္ဒို နဲ႕ တြဲဖက္ ကစားခဲ့စဥ္ အခ်ိန္တုန္းက သူ႕ရဲ႕အေကာင္းဆုံး အခ်ိန္ေတြ ၊ အေကာင္းဆုံးစြမ္းရည္ေတြ ကို အသင္း အနိုင္ရဖို႔ အတြက္ စြန႔္လႊတ္ၿပီး ေရာ္နယ္ဒို ဂိုးမ်ားမ်ားသြင္းနိုင္ဖို႔ အတြက္ ႀကိဳးစားေပးခဲ့ ဖူးပါတယ္။“မက္ဆီ အေနနဲ႕ ဝိန္း႐ြန္းနီ လို ကစားဖို႔ အခ်ိန္တန္ၿပီ ထင္ပါတယ္” လို႔ ဖာဒီနန္က ေျပာဆိုသြားခဲ့ ပါတယ္ ။

“ဝိန္း ဟာ ကမာၻ႔အဆင့္ တိုက္စစ္မႉး တေယာက္ပါ ။ ဒါေပမယ့္ သူကအသင္းေကာင္းဖို႔ အတြက္ကိုပဲ ဦးစားေပးပါတယ္။ ယူနိုက္တက္မွာတုန္းက ဝိန္းဟာ ေရာ္နယ္ဒို အထဲ ဝင္လာတိုင္း ဘယ္ေတာင္ပံ ကို ထြက္ၿပီး ကစားေပးခဲ့တာပါ။ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ တုန္းကဆိုရင္ သူက ဘယ္ေနာက္ခံလူ အထိေတာင္ ဆင္းကူၿပီး ကစားေပးခဲ့ရတာပါ ။ အသင္းတသင္းမွာ ဒီလို စေတးခံ နိုင္တဲ့ ကစားသမားေတြ ရွိတယ္ဆိုရင္ ေအာင္ျမင္ဖို႔ အလားအလာမ်ားေလပါပဲ”

“PSG က ၃ ေယာက္ဟာ အရမ္းကိုေကာင္းတဲ့ ကမာၻ႔ အဆင့္တိုက္စစ္သမားေတြပါ ။ ဒါေပမယ့္ ခံစစ္ကို ဆင္းကူဖို႔လိုတဲ့ အခ်ိန္ေတြ ရွိလာမွာပါပဲ။ အဲ့ဒိအခ်ိန္ မွာ ဘယ္သူက စြန႔္လႊတ္စေတးခံၿပီး ေနာက္ျပန္ ဆင္းေပးမလဲ ၊ ဘယ္သူက က်န္တဲ့သူေတြအတြက္ ပံ့ပိုးေပးမလဲ ဆိုတာက သူတို႔ ဘယ္ေလာက္ ေအာင္ျမင္နိုင္မလဲ ဆိုတဲ့ ေမးခြန္းကိုအေျဖေပးသြားမွာပါ” လို႔ ဖာဒီနန္က ေျပာဆို သြားခဲ့ပါတယ္။