Spots news

ချန်ပီယံလိဂ်မှာ မန်စီးတီးဘက်ကို ဂိုးသွင်းယူမှုအများဆုံးကစားသမားဖြစ်လာတဲ့ မက်ဆီ

Unicode Version

လီယွန်နယ်မက်ဆီဟာ ယမန်နေ့ညက ယှဥ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဥ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို လှပစွာ သွင်းယူခဲ့ပါတယ်။ ဒါဟာ လီယွန်နယ်မက်ဆီအနေနဲ့ မန်စီးတီးကို ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာ ၇ ဂိုးမြောက်လည်း ဖြစ်ပြီး ဆရာဟောင်း ပက်ဂွာဒီယိုလာ ကိုင်တွယ်တဲ့အသင်းကိုလဲ ၇ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်နေစဥ်က ၂ ဂိုး သွင်းယူခဲ့ပြီး မန်စီးတီးကို ကိုင်တွယ်ချိန်မှာ ၅ ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးကို သွင်းဂိုး ၅ ဂိုးနဲ့အထက် သွင်းယူထားနိုင်တဲ့ ကစားသမား ၄ ဦးသာ ရှိပြီး ဂျေမီဗာဒီ ၉ ဂိုး

ဆွန်ဟောင်မင် ၇ ဂိုး မိုဟာမက်ဆာလက် ၆ ဂိုးနဲ့ လီယွန်နယ်မက်ဆီ ၇ ဂိုးတို့ ဖြစ်ပါတယ်။ ဒီလေးဦးမှာ လီယွန်နယ် မက်ဆီတစ်ဦးတည်းသာ မန်စီးတီးကို လိဂ်မတူညီဘဲ ၅ ဂိုးအထက် သွင်းယူထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လီယွန်နယ်မက်ဆီဟာ သူရဲ့ကစားသမားဘဝအတွင်း အင်္ဂလန်ရဲ့ ထိပ်တန်းကလပ်အသင်းတွေနဲ့ ၃၅ ကြိမ်အထိ ရင်ဆိုင်တွေ့ဆုံခဲ့ရာမှာ သွင်းဂိုးစုစုုပေါင်း ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ၆ ဂိုးအထိကို ဂိုးဖန်တီးမှုအဖြစ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

မက်ဆီနဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ကလပ်အသင်းများနဲ့ တွေ့ဆုံမှုမှတ်တမ်း တွေကတော့ မန်စီးတီး ၇ ပွဲ ၇ ဂိုး ၊မန်ချက်စတာ ယူနိုက်တက် ၆ ပွဲ ၄ ဂိုး၊ ချယ်လ်ဆီး ၁၀ ပွဲ ၃ ဂိုး၊ လီဗာပူးလ် ၄ ပွဲ ၂ ဂိုး၊ စပါး ၂ ပွဲ ၂ ဂိုး၊ အာဆင်နယ် ၆ ပွဲ ၉ ဂိုးတို့ ဖြစ်ကြပါတယ်။

Zawgyi Version

လီယြန္နယ္မက္ဆီဟာ ယမန္ေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ မန္စီးတီးနဲ႕ ပြဲစဥ္မွာ အသင္းအတြက္ သြင္းဂိုးတစ္ဂိုးကို လွပစြာ သြင္းယူခဲ့ပါတယ္။ ဒါဟာ လီယြန္နယ္မက္ဆီအေနနဲ႕ မန္စီးတီးကို ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းယူနိုင္ခဲ့တာ ၇ ဂိုးေျမာက္လည္း ျဖစ္ၿပီး ဆရာေဟာင္း ပက္ဂြာဒီယိုလာ ကိုင္တြယ္တဲ့အသင္းကိုလဲ ၇ ဂိုးေျမာက္ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဂြာဒီယိုလာ ဘိုင္ယန္ျမဴးနစ္ကို ကိုင္တြယ္ေနစဥ္က ၂ ဂိုး သြင္းယူခဲ့ၿပီး မန္စီးတီးကို ကိုင္တြယ္ခ်ိန္မွာ ၅ ဂိုးသြင္းယူထားနိုင္ခဲ့တာ ျဖစ္ပါတယ္။ မန္စီးတီးကို သြင္းဂိုး ၅ ဂိုးနဲ႕အထက္ သြင္းယူထားနိုင္တဲ့ ကစားသမား ၄ ဦးသာ ရွိၿပီး ေဂ်မီဗာဒီ ၉ ဂိုး

ဆြန္ေဟာင္မင္ ၇ ဂိုး မိုဟာမက္ဆာလက္ ၆ ဂိုးနဲ႕ လီယြန္နယ္မက္ဆီ ၇ ဂိုးတို႔ ျဖစ္ပါတယ္။ ဒီေလးဦးမွာ လီယြန္နယ္ မက္ဆီတစ္ဦးတည္းသာ မန္စီးတီးကို လိဂ္မတူညီဘဲ ၅ ဂိုးအထက္ သြင္းယူထားနိုင္တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ လီယြန္နယ္မက္ဆီဟာ သူရဲ႕ကစားသမားဘဝအတြင္း အဂၤလန္ရဲ႕ ထိပ္တန္းကလပ္အသင္းေတြနဲ႕ ၃၅ ႀကိမ္အထိ ရင္ဆိုင္ေတြ႕ဆုံခဲ့ရာမွာ သြင္းဂိုးစုစုုေပါင္း ၂၇ ဂိုးအထိ သြင္းယူနိုင္ခဲ့သလို ၆ ဂိုးအထိကို ဂိုးဖန္တီးမႈအျဖစ္ ျပဳလုပ္ေပးနိုင္ခဲ့ပါတယ္။

မက္ဆီနဲ႕ ပရီးမီးယားလိဂ္ရဲ႕ နာမည္ေက်ာ္ကလပ္အသင္းမ်ားနဲ႕ ေတြ႕ဆုံမႈမွတ္တမ္း ေတြကေတာ့ မန္စီးတီး ၇ ပြဲ ၇ ဂိုး ၊မန္ခ်က္စတာ ယူနိုက္တက္ ၆ ပြဲ ၄ ဂိုး၊ ခ်ယ္လ္ဆီး ၁၀ ပြဲ ၃ ဂိုး၊ လီဗာပူးလ္ ၄ ပြဲ ၂ ဂိုး၊ စပါး ၂ ပြဲ ၂ ဂိုး၊ အာဆင္နယ္ ၆ ပြဲ ၉ ဂိုးတို႔ ျဖစ္ၾကပါတယ္။