Spots news

ဇန်နဝါရီ အာဆင်နယ်မှ ထွက်ခွာမည့် ကစားသမားများ

Unicode Version

အသင်း ရဲ့နေရာ တချို့မှာ ကစားသမား များစွာ နေရာ ထပ်နေပြီး အသင်းရဲ့ လစာငွေ ပေးချေရမှူ ကို လျော့ချဖို့ အာဆင်နယ် အသင်းဟာ အခု ဇန်နဝါရီ အပြောင်း အရွှေ့မှာပဲ အသင်းရဲ့ကစားသမား တချို့ကို အလွတ် ပြောင်းရွေ့ ကြေး ဖြင့် ထွက်ခွာ ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။အဆိုပါ သတင်းကို အာဆင်နယ် နည်းပြ အာတီတာကလည်း အတည်ပြု ထားပြီး လူငယ်ကစားသမား များကို နေရာပေးမှာ ဖြစ်ကြောင်း ပြောဆို ထားပါတယ်။

အိုဇေး ကတော့ တူရကီ အခြေစိုက် ဖီနာဖာချီ  အသင်းကို သုံးနှစ်ခွဲ စာချုပ်ဖြင့် ပြောင်းရွေ့တော့ မည် ဖြစ်ကြောင်း သတင်းများ ထွက်ရှိထားပြီး ဖြစ်ပါတယ်။ အိုဇေးဟာ ၂၀၂၀ မတ်လ ကတည်းက ပွဲထွက်ခွင့် မရရှိ တော့တာ ဖြစ်ပြီး အာဆင်နယ် အနေနဲ့ ‌အိုဇေးကို တစ်ပတ် လုပ်ခ ပေါင် သုံးသိန်း ခွဲ အထိ ပေးချေ နေရ ပါတယ်။

အိုဇေး နဲ့ အတူ နောက်ခံ ကစားသမား ဖြစ်တဲ့ ဆိုကရာတီးစ် ကလည်း ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ နီးစပ် နေပြီး ဆွေးနွေးမှု တွေက တိုးတက်နေတယ် လို့ သိရပါတယ်။

ဒါ့အပြင် ဒီနှစ်မှ အသင်းကို ရောက်လာ ပေမယ့် အာဆင်နယ် အသင်းမှာ ပွဲကစားခွင့် မရသေးတဲ့  ဆလီဘာ ဟာ အခု အပြောင်းအရွှေ့မှာ အငှားထွက် ကစားဖွယ် ရှိနေတယ် လို့ သိရပါတယ် ။ သူနဲ့ အတူ ဝီလ်ဆင် ၊ နယ်ဆင် တို့လည်း အငှားထွက် ကစားဖွယ် ရှိနေ ပါတယ်။

ဒါ့အပြင် အာဆင်နယ် အသင်းရဲ့နောက်ခံကစားသမား မူစတာဖီ ကလည်း ဘာကာကို ပြောင်းရွှေ့ဖို့  နီးစပ် နေ သလို အက်သလက်မှာ အငှား ကစား နေတဲ့ တော်ရဲရား ကလည်း စီးရီးအေဆီ ပြန်သွားဖို့ ကြိုးစား နေပါတယ်။ ဒါကြောင့်ပဲ အခု အပြောင်းအရွှေ့ မှာ အာဆင်နယ် အသင်းဆီကနေ ကစားသမား တော်တော်များများ ထွက်ခွါဖွယ် ရှိနေ တာပါ။

အခြား တစ်ဖက်မှာ တော့ အာဆင်နယ် အသင်းဟာ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးကို ခေါ်ယူ ချင်နေပြီး ဈေးကွက် ထဲမှာ ချိတ်ဆက် နေပါတယ်။ ဒါကြောင့် အခု အပြောင်း အရွှေ့ကတော့ အာဆင်နယ်ရဲ့အလုပ်များတဲ့ ဈေးကွက်လို့ ဆိုရ မှာပဲ ဖြစ်ပါတယ်။

Zawgyi Version

အသင္း ရဲ႕ေနရာ တခ်ိဳ႕မွာ ကစားသမားမ်ားစြာ ေနရာ ထပ္ေနၿပီး အသင္းရဲ႕ လစာေငြ ေပးေခ်ရမႉ ကို ေလ်ာ့ခ်ဖိဳ႕ အာဆင္နယ္ အသင္းဟာ အခု ဇန္နဝါရီ အေျပာင္း အေ႐ႊ႕မွာပဲ အသင္းရဲ႕ကစားသမား တခ်ိဳ႕ကို အလြတ္ ေျပာင္းေ႐ြ႕ ေၾကး ျဖင့္ ထြက္ခြာခြင့္ ျပဳေတာ့မွာ ျဖစ္ပါတယ္။အဆိုပါ သတင္းကို အာဆင္နယ္ နည္းျပ အာတီတာကလည္း အတည္ျပဳ ထားၿပီး လူငယ္ကစားသမား မ်ားကို ေနရာေပးမွာ ျဖစ္ေၾကာင္း ေျပာဆို ထားပါတယ္။

အိုေဇး ကေတာ့ တူရကီ အေျခစိုက္ ဖီနာဖာခ်ီ အသင္းကို သုံးႏွစ္ခြဲ စာခ်ဳပ္ျဖင့္ ေျပာင္းေ႐ြ႕ေတာ့ မည္ ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ရွိထားၿပီး ျဖစ္ပါတယ္။ အိုေဇးဟာ ၂၀၂၀ မတ္လ ကတည္းက ပြဲထြက္ခြင့္ မရရွိ ေတာ့တာ ျဖစ္ၿပီး အာဆင္နယ္ အေနနဲ႕ ‌အိုေဇးကို တစ္ပတ္ လုပ္ခ ေပါင္ သုံးသိန္း ခြဲ အထိ ေပးေခ် ေနရ ပါတယ္။

အိုေဇး နဲ႕ အတူ ေနာက္ခံ ကစားသမား ျဖစ္တဲ့ ဆိုကရာတီးစ္ ကလည္း ဖီနာဘာခ်ီကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ ေနၿပီး ေဆြးေႏြးမႈေတြက တိုးတက္ေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဒီႏွစ္မွ အသင္းကို ေရာက္လာ ေပမယ့္ အာဆင္နယ္ အသင္းမွာ ပြဲကစားခြင့္ မရေသးတဲ့ ဆလီဘာ ဟာ အခု အေျပာင္းအေ႐ႊ႕မွာ အငွားထြက္ ကစားဖြယ္ ရွိေနတယ္ လို႔ သိရပါတယ္ ။ သူနဲ႕ အတူ ဝီလ္ဆင္ ၊ နယ္ဆင္ တို႔လည္း အငွားထြက္ ကစားဖြယ္ ရွိေန ပါတယ္။

ဒါ့အျပင္ အာဆင္နယ္ အသင္းရဲ႕ေနာက္ခံကစားသမား မူစတာဖီ ကလည္း ဘာကာကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေန သလို အက္သလက္မွာ အငွား ကစားေနတဲ့ ေတာ္ရဲရား ကလည္း စီးရီးေအဆီ ျပန္သြားဖို႔ ႀကိဳးစား ေနပါတယ္။ ဒါေၾကာင့္ပဲ အခု အေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္ အသင္းဆီကေန ကစားသမား ေတာ္ေတာ္မ်ားမ်ား ထြက္ခြါဖြယ္ ရွိေနတာပါ။

အျခား တစ္ဖက္မွာ ေတာ့ အာဆင္နယ္ အသင္းဟာ ကြင္းလယ္ တိုက္စစ္ ကစားသမား တစ္ဦးကို ေခၚယူ ခ်င္ေနၿပီး ေဈးကြက္ ထဲမွာ ခ်ိတ္ဆက္ ေနပါတယ္။ ဒါေၾကာင့္ အခု အေျပာင္း အေ႐ႊ႕ကေတာ့ အာဆင္နယ္ရဲ႕အလုပ္မ်ားတဲ့ ေဈးကြက္လို႔ ဆိုရ မွာပဲျဖစ္ပါတယ္။