Spots news

မိမိအသင်းမှာ ကမ္ဘာ့နံပါတစ်ဂိုးသမားရှိကြောင်း ဒီဂီယာကို ချီးကျူးလိုက်တဲ့ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ ဆိုးလ်ရှား ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ဗီလာရီးရဲလ်အသင်းရဲ့ အပိုင် ဂိုးသွင်းခွင့် များစွာကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂-၁ ဗီလာရီးရဲလ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အများအပြား ရခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ အသင်းကတော့ ဗီလာရီးရဲလ်အသင်းပဲ ဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းဟာ အဆိုပါပွဲစဉ်မှာ သေချာပေါက် ဂိုးရနိုင်တဲ့ အခွင့်အရေး လေးကြိမ် အထိ ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းဟာ အကောင်းဆုံး အနေအထားမှာ ရှိနေတာကြောင့် ဂိုးဧရိယာအတွင်း ကနေ ဂိုးပေါက် ကန်သွင်းမှု ၇ကြိမ် ပြုလုပ်ခဲ့ရာ သွင်းဂိုး ၁ဂိုးသာ ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ဝေဖန် သုံးသပ်သူတွေကပါ ဒီဂီယာဟာ အနိုင်ဂိုးရှင် ရိုနယ်ဒို နည်းတူ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နိုင်ပွဲ အတွက် အရေးပါတဲ့သူ ဖြစ်ကြောင်း ချီးကျူးနေကြပြီး ဆိုးလ်ရှားကလည်း ပွဲအပြီးမှာ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပါလို့ ချီးကျူးခဲ့ပါတယ်။

ဆိုးလ်ရှားက “အသင်းကောင်းတသင်းနဲ့ ကစားခဲ့ရတဲ့ အတော်လေး ခက်ခဲတဲ့ ပွဲစဉ် တပွဲပါ။ ပထမပိုင်းမှာ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု အများအပြား ရခဲ့ပေမယ့် သူတို့အသင်းရဲ့ တန်ပြန်တိုက်စစ်က အရမ်း ကောင်းခဲ့ပြီး ကြီးမားတဲ့ ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပါတယ်။

အဲ့ဒီအခြေအနေတွေက ဒီပွဲအတွက် အရမ်း အရေးပါတဲ့ အခိုက်အတန့်တွေပါ။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ရှိနေခဲ့ပါတယ်။ ဒေးဗစ်ရဲ့ လက်စွမ်းက အကောင်းဆုံး အနေအထားမှာ ရှိခဲ့ပြီး သူ့ရဲ့ လက်စွမ်းအတွက် အရမ်းကို ပျော်ရွှင်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွား ကေတာ့ ယေန႕မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မွာ ဗီလာရီးရဲလ္ကို ၂-၁ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရခဲ့ၿပီးေနာက္ ဗီလာရီးရဲလ္အသင္းရဲ႕ အပိုင္ ဂိုးသြင္းခြင့္ မ်ားစြာကို လက္စြမ္းျပ ကာကြယ္ခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ၂-၁ ဗီလာရီးရဲလ္ ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားအျပား ရခဲ့ေပမယ့္ ထိေရာက္တဲ့ ဂိုးေပါက္ ၿခိမ္းေျခာက္မႈ အမ်ားဆုံး ျပဳလုပ္နိုင္ခဲ့တဲ့ အသင္းကေတာ့ ဗီလာရီးရဲလ္အသင္းပဲ ျဖစ္ပါတယ္။

ဗီလာရီးရဲလ္အသင္းဟာ အဆိုပါပြဲစဥ္မွာ ေသခ်ာေပါက္ ဂိုးရနိုင္တဲ့ အခြင့္အေရး ေလးႀကိမ္ အထိ ရရွိခဲ့ေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂိုးသမား ဒီဂီယာရဲ႕ လက္စြမ္းဟာ အေကာင္းဆုံး အေနအထားမွာ ရွိေနတာေၾကာင့္ ဂိုးဧရိယာအတြင္း ကေန ဂိုးေပါက္ ကန္သြင္းမႈ ၇ႀကိမ္ ျပဳလုပ္ခဲ့ရာ သြင္းဂိုး ၁ဂိုးသာ ရရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ပရိသတ္ေတြနဲ႕ ေဘာလုံးေရးရာ ေဝဖန္ သုံးသပ္သူေတြကပါ ဒီဂီယာဟာ အနိုင္ဂိုးရွင္ ရိုနယ္ဒို နည္းတူ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နိုင္ပြဲ အတြက္ အေရးပါတဲ့သူ ျဖစ္ေၾကာင္း ခ်ီးက်ဴးေနၾကၿပီး ဆိုးလ္ရွားကလည္း ပြဲအၿပီးမွာ ဒီဂီယာဟာ ကမာၻ႔အေကာင္းဆုံး ဂိုးသမားပါလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဆိုးလ္ရွားက “အသင္းေကာင္းတသင္းနဲ႕ ကစားခဲ့ရတဲ့ အေတာ္ေလး ခက္ခဲတဲ့ ပြဲစဥ္ တပြဲပါ။ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔က ေဘာလုံးပိုင္ဆိုင္မႈ အမ်ားအျပား ရခဲ့ေပမယ့္ သူတို႔အသင္းရဲ႕ တန္ျပန္တိုက္စစ္က အရမ္း ေကာင္းခဲ့ၿပီး ႀကီးမားတဲ့ ဂိုးသြင္းခြင့္ေတြ ရရွိခဲ့ပါတယ္။

အဲ့ဒီအေျခအေနေတြက ဒီပြဲအတြက္ အရမ္း အေရးပါတဲ့ အခိုက္အတန႔္ေတြပါ။ ကံေကာင္းစြာနဲ႕ပဲ ကြၽန္ေတာ္တို႔ အသင္းမွာ ကမာၻ႔အေကာင္းဆုံး ဂိုးသမား ရွိေနခဲ့ပါတယ္။ ေဒးဗစ္ရဲ႕ လက္စြမ္းက အေကာင္းဆုံး အေနအထားမွာ ရွိခဲ့ၿပီး သူ႕ရဲ႕ လက္စြမ္းအတြက္ အရမ္းကို ေပ်ာ္႐ႊင္မိပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။