Spots news

မန်ယူရဲ့ ပစ်မှတ်ထားခြင်းခံနေရလို့ ကယ်ဗင်ဖိလစ်ကို စာချုပ်သစ်ကမ်းလှမ်းနေတဲ့ လိဒ်စ်

Unicode Version

လိဒ်စ်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ် ခံစစ်ကစားသမား ကယ်ဗင်ဖိလစ်ကို ဆက်ထိန်းထားနိုင်ရေးအတွက် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများ စတင်နေပြီဖြစ်‌ကြောင်း သိရပါတယ်။

ကယ်ဗင်ဖိလစ်ကို မန်ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားက အဓိကအပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သတင်းများအရ လိဒ်စ်ယူနိုက်တက်ဘက်က ကစားသမားကို ဆက်ထိန်းနိုင်ရေး ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဖိလစ်ဟာ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေး ပေမယ့် အဓိကကွင်းလယ်လူ အဖြစ်ခြေစွမ်းပြကစားနေသူ ဖြစ်လို့ အသင်းပိုင်ရှင်များက သက်တမ်းတိုးရန် ကြိုးစားလာခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားပါတယ်။

အသင်းဘုတ်အဖွဲ့ဝင်များက ဖိလစ်ကို ငွေကြေးတောင့်တင်းသော အသင်းများက ကမ်းလှမ်းလာပါက လက်လွတ်ရမည်ဆိုးသောကြောင့် စာချုပ်သစ် ကမ်းလှမ်းရန်လိုအပ်ကြောင်း ယူဆနေကြပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၁၂လအတွင်း ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် Daily Star သတင်းစာရဲ့ဖော်ပြချက်အရ ယခုအါ ဒီကလန်ရိုက်စ်ရဲ့ ကွင်းလယ်တွဲဖက်ကို ခေါ်ယူဖို့ ပစ်မှတ်ပြောင်းလိုက်ပြီလို့ သိရပါတယ်။

ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ က ဒီလိုပစ်မှတ်ပြောင်းလဲရခြင်းရဲ့ အဓိကအချက်ဖြစ်သလို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ဖီးလစ်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကလည်း ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ တွေဝေနေပြီး ယခုအခါ အဆိုပါကွင်းလယ်ခံစစ်နေရာကို ဖြည့်ဆည်းဖို့ တခြားဖြစ်နိုင်ခြေတွေကို ထည့်သွင်းစဉ်းစားနေကာ

ယခုအခါမှာတော့ လိဒ်စ်ယူနိုက်တက်ရဲ့ ကယ်ဗင်ဖီးလစ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လာတာကြောင့် လိဒ်စ်ဘက်ကလဲ ကြယ်ပွင့်ကစားသမားကို လက်မလွတ်ရရေးအတွက် စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

Zawgyi Version

လိဒ္စ္ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကြင္းလယ္ ခံစစ္ကစားသမား ကယ္ဗင္ဖိလစ္ကို ဆက္ထိန္းထားနိုင္ေရးအတြက္ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးမႈမ်ား စတင္ေနၿပီျဖစ္‌ေၾကာင္း သိရပါတယ္။

ကယ္ဗင္ဖိလစ္ကို မန္ယူနိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွားက အဓိကအေျပာင္းအေ႐ႊ႕ ပစ္မွတ္အျဖစ္ သတ္မွတ္ထားေၾကာင္း သတင္းမ်ားအရ လိဒ္စ္ယူနိုက္တက္ဘက္က ကစားသမားကို ဆက္ထိန္းနိုင္ေရး ႀကိဳးပမ္းလာတာ ျဖစ္ပါတယ္။

ဖိလစ္ဟာ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ က်န္ရွိေနေသး ေပမယ့္ အဓိကကြင္းလယ္လူ အျဖစ္ေျခစြမ္းျပကစားေနသူ ျဖစ္လို႔ အသင္းပိုင္ရွင္မ်ားက သက္တမ္းတိုးရန္ ႀကိဳးစားလာျခင္းျဖစ္ေၾကာင္း Daily Star က ေဖာ္ျပထားပါတယ္။

အသင္းဘုတ္အဖြဲ႕ဝင္မ်ားက ဖိလစ္ကို ေငြေၾကးေတာင့္တင္းေသာ အသင္းမ်ားက ကမ္းလွမ္းလာပါက လက္လြတ္ရမည္ဆိုးေသာေၾကာင့္ စာခ်ဳပ္သစ္ ကမ္းလွမ္းရန္လိုအပ္ေၾကာင္း ယူဆေနၾကပါတယ္။

ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ၁၂လအတြင္း ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္စ္ကို ေခၚယူဖို႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္ Daily Star သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ယခုအါ ဒီကလန္ရိုက္စ္ရဲ႕ ကြင္းလယ္တြဲဖက္ကို ေခၚယူဖို႔ ပစ္မွတ္ေျပာင္းလိုက္ၿပီလို႔ သိရပါတယ္။

ဒီကလန္ရိုက္စ္အတြက္ ဝက္စ္ဟမ္းအသင္း သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၉၀ က ဒီလိုပစ္မွတ္ေျပာင္းလဲရျခင္းရဲ႕ အဓိကအခ်က္ျဖစ္သလို ယူနိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ဖီးလစ္ရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းတာဝန္ရွိသူေတြကလည္း ဒီကလန္ရိုက္စ္ကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ ေတြေဝေနၿပီး ယခုအခါ အဆိုပါကြင္းလယ္ခံစစ္ေနရာကို ျဖည့္ဆည္းဖို႔ တျခားျဖစ္နိုင္ေျခေတြကို ထည့္သြင္းစဥ္းစားေနကာ

ယခုအခါမွာေတာ့ လိဒ္စ္ယူနိုက္တက္ရဲ႕ ကယ္ဗင္ဖီးလစ္ကို အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္လာတာေၾကာင့္ လိဒ္စ္ဘက္ကလဲ ၾကယ္ပြင့္ကစားသမားကို လက္မလြတ္ရေရးအတြက္ စာခ်ဳပ္သက္တမ္းတိုးဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။