Spots news

ဒူးအရွတ်ဆိုးရွားစွာ စုတ်ပြဲခြင်းကြောင့် ၃ လခန့် အနားယူရမယ့် ချာကာ

Unicode Version

မြို့ခံပြိုင်ဘက် စပါးအသင်းကို အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဥ်မှာ ရရှိခဲ့တဲ့ ကွင်းလယ်ကစားသမား ချာကာ ဒူးဒဏ်ရာမှာ ပြင်းထန်ပြီး ၃ လခန့် အနားယူရမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းက စက်တင်ဘာ ၂၉ ရက်‌မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာဟာ စက်တင်ဘာ ၂၆ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ် ၃-၁ စပါးပွဲစဥ်မှာ စပါးကွင်းလယ်လူ လူးကပ်စ်မော်ရာနှင့် ထိခိုက်မိပြီး ညာဘက်ဒူးမှာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းသာ ချာကာရဲ့ ဒဏ်ရာကို Scan ဖတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒဏ်ရာမှာ ထင်မှတ်ထားတာထက် ပိုမိုပြင်းထန်တဲ့ အတွက် ၃ လခန့် အနားယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ”တနင်္ဂနွေနေ့က စပါးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဒဏ်ရာရခဲ့တဲ့ ချာကာရဲ့ ညာဘက်ဒူးဒဏ်ရာကို Scan ဖတ်စစ်ဆေးခဲ့ရာ ဒူးအရွတ် ဆိုးရွားစွာထိခိုက်ခဲ့ကြောင်း၊ ဒဏ်ရာနှင့်ပတ်သက်ပြီး အင်္ဂါနေ့တွင် အထူးကုများနှင့်တိုင်ပင်ခဲ့ရာ ချာကာရဲ့

ဒဏ်ရာမှာ ခွဲစိတ်ကုသရန် မလိုအပ်ကြောင်း၊ ချာကာအနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် ပြုလုပ်နေပြီး ၃ လခန့် အနားယူရမည်ဖြစ်ကြောင်း” ဖော်ပြပါရှိပါတယ်။

ချာကာဟာ မန်စီးတီးအသင်းကို ၀-၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အနီကတ် ပြခံရပြီးနောက် စပါးအသင်းနှင့်ပွဲမှာ ပြန်လည်ပါဝင် ကစားခဲ့ရာ ယခုကဲ့သို့ ဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version

ၿမိဳ႕ခံၿပိဳင္ဘက္ စပါးအသင္းကို အနိုင္ရခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီ ပြဲစဥ္မွာ ရရွိခဲ့တဲ့ ကြင္းလယ္ကစားသမား ခ်ာကာ ဒူးဒဏ္ရာမွာ ျပင္းထန္ၿပီး ၃ လခန႔္ အနားယူရမည္ျဖစ္ေၾကာင္း အာဆင္နယ္အသင္းက စက္တင္ဘာ ၂၉ ရက္‌မွ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ဆြစ္ဇာလန္ကြင္းလယ္လူ ခ်ာကာဟာ စက္တင္ဘာ ၂၆ ရက္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ အာဆင္နယ္ ၃-၁ စပါးပြဲစဥ္မွာ စပါးကြင္းလယ္လူ လူးကပ္စ္ေမာ္ရာႏွင့္ ထိခိုက္မိၿပီး ညာဘက္ဒူးမွာ ဒဏ္ရာရရွိခဲ့ျခင္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းသာ ခ်ာကာရဲ႕ ဒဏ္ရာကို Scan ဖတ္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ဒဏ္ရာမွာ ထင္မွတ္ထားတာထက္ ပိုမိုျပင္းထန္တဲ့ အတြက္ ၃ လခန႔္ အနားယူရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ျခင္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ ”တနဂၤေႏြေန႕က စပါးအသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ဒဏ္ရာရခဲ့တဲ့ ခ်ာကာရဲ႕ ညာဘက္ဒူးဒဏ္ရာကို Scan ဖတ္စစ္ေဆးခဲ့ရာ ဒူးအ႐ြတ္ ဆိုး႐ြားစြာထိခိုက္ခဲ့ေၾကာင္း၊ ဒဏ္ရာႏွင့္ပတ္သက္ၿပီး အဂၤါေန႕တြင္ အထူးကုမ်ားႏွင့္တိုင္ပင္ခဲ့ရာ ခ်ာကာရဲ႕

ဒဏ္ရာမွာ ခြဲစိတ္ကုသရန္ မလိုအပ္ေၾကာင္း၊ ခ်ာကာအေနျဖင့္ ျပန္လည္ထူေထာင္ေရးအတြက္ ျပဳလုပ္ေနၿပီး ၃ လခန႔္ အနားယူရမည္ျဖစ္ေၾကာင္း” ေဖာ္ျပပါရွိပါတယ္။ ခ်ာကာဟာ မန္စီးတီးအသင္းကို ၀-၅ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အနီကတ္ ျပခံရၿပီးေနာက္ စပါးအသင္းႏွင့္ပြဲမွာ ျပန္လည္ပါဝင္ ကစားခဲ့ရာ ယခုကဲ့သို႔ ဒဏ္ရာရခဲ့ျခင္းျဖစ္ပါတယ္။