Spots news

မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကိုပါ လွဲချော်ရတြောမယ့် လီဗာပူးနောက်ခံလူ အာနိုးလ်

Unicode Version

လီဗာပူးအသင်းရဲ့ နောက်ခံလူ အာနိုးလ်ဟာ ဒဏ်ရာကြောင့် မန်စီးတီးနဲ့ တနင်္ဂနွေနေ့ ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ လီဗာပူးနောက်ခံလူဟာ တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပေါင်ခြံဒဏ်ရာ ရခဲ့တာဖြစ်ပြီး ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ နည်းပြ ကလော့ပ်က လာမယ့် မန်စီးတီးနဲ့ ပွဲစဉ်ကိုပါ အင်္ဂလန်သား လွဲချော်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

ကလော့ပ်က “သတင်းအသစ် မရသေးတာက သူတို့ ကောင်းကောင်း ပြန်သက်သာနေတာကို ပြောတာဖြစ်ပေမဲ့ သူတို့ စီးတီးနဲ့ ပွဲမှာတော့ အချိန်မီ ပြန်ကောင်းလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကောင်းလာဖို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ အသင်းရှိတာကြောင့် ဖြေရှင်းနည်းတွေ ရှိသေးပြီး အဲ့ဒါကို အသုံးချရပါမယ်။ နိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ သူတို့ ပြန်လာမယ်ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အာနိုးလ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အာနိုးလ်က “ကံမကောင်းစွာပဲ သူ ဒဏ်ရာရနေပါတယ်။ မနေ့က လေ့ကျင့်ခန်း အစီအစဉ်မှာ သူ ပါခဲ့ပြီး သိပ်ပြင်းထန်ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီနောက် စစ်ဆေးတော့ ဒဏ်ရာ ပြင်းထန်တယ်ဆိုတာ သိခဲ့ပါတယ်။ သူ ဒီနေ့ မပါပါဘူး။ အဲ့ဒါသေချာပါတယ်။ သူ ကျွန်တော်တို့နဲ့ လိုက်ပါလာမှာ မဟုတ်ပါဘူး။ အဲ့ဒါက မန်စီးတီးနဲ့ ပွဲအတွက် သိပ်မကောင်းပါဘူး။

ဒါကကြွက်သားကိစ္စပါ။ အဲ့ဒါက ပြင်းထန်ပြီး သူ ဘရန့်ဖို့ဒ်နဲ့ပွဲ ကစားလိုက်လို့ ပင်ပန်းသွားပါတယ်။ ဒါပေမဲ့ အဲ့ဒါထက် ပိုဆိုးနေပြီး ကျွန်တော်တို့ ဒါကို ရင်ဆိုင်ရပါမယ်”လို့ ပြောခဲ့ပါတယ်။ ကလော့ပ်ဟာ ပေါ်တိုနဲ့ပွဲမှာ ဝါရင့်ကစားသမား မီလ်နာကို ညာနောက်ခံလူအဖြစ် ထားကစားခဲ့ပြီး နီကို ဝီလျကိုလည်း ရွေးချယ်စရာ ရှိနေပါတယ်။

Zawgyi Version

လီဗာပူးအသင္းရဲ႕ ေနာက္ခံလူ အာနိုးလ္ဟာ ဒဏ္ရာေၾကာင့္ မန္စီးတီးနဲ႕ တနဂၤေႏြေန႕ ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ လီဗာပူးေနာက္ခံလူဟာ တနလၤာေန႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ေပါင္ၿခံဒဏ္ရာ ရခဲ့တာျဖစ္ၿပီး ေပၚတိုနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ နည္းျပ ကေလာ့ပ္က လာမယ့္ မန္စီးတီးနဲ႕ ပြဲစဥ္ကိုပါ အဂၤလန္သား လြဲေခ်ာ္ေတာ့မယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ကေလာ့ပ္က “သတင္းအသစ္ မရေသးတာက သူတို႔ ေကာင္းေကာင္း ျပန္သက္သာေနတာကို ေျပာတာျဖစ္ေပမဲ့ သူတို႔ စီးတီးနဲ႕ ပြဲမွာေတာ့ အခ်ိန္မီ ျပန္ေကာင္းလာမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ နိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ ျပန္ေကာင္းလာဖို႔ ခန႔္မွန္းထားပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔မွာ ေတာင့္တင္းတဲ့ အသင္းရွိတာေၾကာင့္ ေျဖရွင္းနည္းေတြ ရွိေသးၿပီး အဲ့ဒါကို အသုံးခ်ရပါမယ္။ နိုင္ငံတကာပြဲစဥ္ေတြၿပီးရင္ေတာ့ သူတို႔ ျပန္လာမယ္ထင္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

အာနိုးလ္ရဲ႕ ဒဏ္ရာအေျခအေနနဲ႕ ပတ္သက္ၿပီး အာနိုးလ္က “ကံမေကာင္းစြာပဲ သူ ဒဏ္ရာရေနပါတယ္။ မေန႕က ေလ့က်င့္ခန္း အစီအစဥ္မွာ သူ ပါခဲ့ၿပီး သိပ္ျပင္းထန္ျခင္း မရွိခဲ့ပါဘူး။ အဲ့ဒီေနာက္ စစ္ေဆးေတာ့ ဒဏ္ရာ ျပင္းထန္တယ္ဆိုတာ သိခဲ့ပါတယ္။ သူ ဒီေန႕ မပါပါဘူး။ အဲ့ဒါေသခ်ာပါတယ္။ သူ ကြၽန္ေတာ္တို႔နဲ႕ လိုက္ပါလာမွာ မဟုတ္ပါဘူး။ အဲ့ဒါက မန္စီးတီးနဲ႕ ပြဲအတြက္ သိပ္မေကာင္းပါဘူး။

ဒါကႂကြက္သားကိစၥပါ။ အဲ့ဒါက ျပင္းထန္ၿပီး သူ ဘရန႔္ဖို႔ဒ္နဲ႕ပြဲ ကစားလိုက္လို႔ ပင္ပန္းသြားပါတယ္။ ဒါေပမဲ့ အဲ့ဒါထက္ ပိုဆိုးေနၿပီး ကြၽန္ေတာ္တို႔ ဒါကို ရင္ဆိုင္ရပါမယ္”လို႔ ေျပာခဲ့ပါတယ္။ ကေလာ့ပ္ဟာ ေပၚတိုနဲ႕ပြဲမွာ ဝါရင့္ကစားသမား မီလ္နာကို ညာေနာက္ခံလူအျဖစ္ ထားကစားခဲ့ၿပီး နီကို ဝီလ်ကိဳလည္း ေ႐ြးခ်ယ္စရာ ရွိေနပါတယ္။