Spots news

လာမယ့် မန်ယူရဲ့ ပင်နယ်တီ‌တွေကို ဘယ်သူကန်သွင်းမလဲဆိုတာ ပြောပြလိုက်တဲ့ ဘရူနို

Unicode Version

အက်စတွန်ဗီလာနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပေမယ့်လည်း အသင်းရဲ့ ပင်နယ်တီကန်သွင်းမယ့်တာဝန်ကို သူပဲ ဆက်ယူထားမှာဖြစ်တယ်လို့ ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က ပြောဆိုလိုက်ပါတယ်။

ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ယူနိုက်တက်ဟာ ဗီလာနဲ့ အမှတ်ပေးပွဲကစားခဲ့ရပြီး ဖာနန်ဒက်စ်က ပင်နယ်တီကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းပေါ်ကျော်တက်ခဲ့ပြီး လွဲချော်ခဲ့ရပါတယ်။

ဒါဟာ စပို့တင်းကွင်းလယ်လူဟောင်းအတွက်လည်း ကစားသမားဘဝမှာ ပင်နယ်တီကန်သွင်းခဲ့သမျှ ပထမဆုံးအကြိမ် ဂိုးပေါက်မတည့်ခဲ့မှုလည်းဖြစ်လာခဲ့ပါတယ်။ ဒီလွဲချော်မှုအတွက် ပွဲအပြီးမှာ ဘရူနိုက တောင်းပန်စကားဆိုခဲ့ပြီး

 

အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့လွဲချော်မှုအပြီး ယူနိုက်တက်ရဲ့ ပင်နယ်တီကန်သွင်းခွင့်တာဝန်ကို ရော်နယ်ဒိုရယူသင့်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဗီလာရီးရဲလ်နဲ့ပွဲအပြီး BT Sports နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က “ဒီနေ့ပွဲအတွက်လည်း ပင်နယ်တီတာဝန်ကို ကျွန်တော်ရယူထားတာပါ၊ ဒါပေမယ့် ပင်နယ်တီတော့မရခဲ့ပါဘူး၊ ပွဲမတိုင်ခင်မှာ ပင်နယ်တီကန်သွင်းဖို့ ဘယ်သူတာဝန်ယူရမလဲဆိုတာကို

နည်းပြက ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဆိုးလ်ရှားဘက်က အသင်းရဲ့ ပင်နယ်တီကန်သွင်းရှင်အဖြစ် ဖာနန်ဒက်စ်အပေါ် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးထားဆဲဖြစ်တယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဖာနန်ဒက်စ်ဟာ ကစားသမားဘဝမှာ ပင်နယ်တီ ၄၆ ကြိမ် ကန်သွင်းယူခဲ့ပြီး ၄ ကြိမ်သာ လွဲချော်ထားခဲ့လို့ ၉၁% အထိ ဂိုးရရှိခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ၁၆၇ ကြိမ် ကန်သွင်းယူခဲ့ပြီး ၁၃၉ ဂိုးအထိ ရရှိခဲ့ကာ အောင်မြင်မှုနှုန်းကတော့ ၈၃% ရှိနေပါတယ်။

အချက်အလက်အရဆိုရင်တော့ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကန်သွင်းမှုစွမ်းရည်က ပိုမိုကောင်းမွန်နေတာဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ ကန်သွင်းမှုအကြိမ်အရေအတွက်ပိုမိုများပြားနေတာကိုလည်း စဉ်းစားရဖို့ရှိနေပါတယ်။

Zawgyi Version

အက္စတြန္ဗီလာနဲ႕ပြဲမွာ ပင္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္လည္း အသင္းရဲ႕ ပင္နယ္တီကန္သြင္းမယ့္တာဝန္ကို သူပဲ ဆက္ယူထားမွာျဖစ္တယ္လို႔ ယူနိုက္တက္ကြင္းလယ္လူဖာနန္ဒက္စ္က ေျပာဆိုလိုက္ပါတယ္။

ဗီလာရီးရဲလ္နဲ႕ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ ယူနိုက္တက္ဟာ ဗီလာနဲ႕ အမွတ္ေပးပြဲကစားခဲ့ရၿပီး ဖာနန္ဒက္စ္က ပင္နယ္တီကန္သြင္းခဲ့ရာမွာ ဂိုးဘားတန္းေပၚေက်ာ္တက္ခဲ့ၿပီး လြဲေခ်ာ္ခဲ့ရပါတယ္။

ဒါဟာ စပို႔တင္းကြင္းလယ္လူေဟာင္းအတြက္လည္း ကစားသမားဘဝမွာ ပင္နယ္တီကန္သြင္းခဲ့သမွ် ပထမဆုံးအႀကိမ္ ဂိုးေပါက္မတည့္ခဲ့မႈလည္းျဖစ္လာခဲ့ပါတယ္။ ဒီလြဲေခ်ာ္မႈအတြက္ ပြဲအၿပီးမွာ ဘ႐ူနိုက ေတာင္းပန္စကားဆိုခဲ့ၿပီး

အေကာင္းဆုံးပုံစံနဲ႕ ျပန္လာခဲ့မယ္လို႔ ပရိသတ္ေတြကို ကတိေပးခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕လြဲေခ်ာ္မႈအၿပီး ယူနိုက္တက္ရဲ႕ ပင္နယ္တီကန္သြင္းခြင့္တာဝန္ကို ေရာ္နယ္ဒိုရယူသင့္တယ္ဆိုတဲ့ မွတ္ခ်က္ေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။

ဒါေပမယ့္ ဗီလာရီးရဲလ္နဲ႕ပြဲအၿပီး BT Sports နဲ႕ အင္တာဗ်ဴးမွာ ဖာနန္ဒက္စ္က “ဒီေန႕ပြဲအတြက္လည္း ပင္နယ္တီတာဝန္ကို ကြၽန္ေတာ္ရယူထားတာပါ၊ ဒါေပမယ့္ ပင္နယ္တီေတာ့မရခဲ့ပါဘူး၊ ပြဲမတိုင္ခင္မွာ ပင္နယ္တီကန္သြင္းဖို႔ ဘယ္သူတာဝန္ယူရမလဲဆိုတာကို

နည္းျပက ဆုံးျဖတ္ခဲ့တာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါဟာ ဆိုးလ္ရွားဘက္က အသင္းရဲ႕ ပင္နယ္တီကန္သြင္းရွင္အျဖစ္ ဖာနန္ဒက္စ္အေပၚ ယုံယုံၾကည္ၾကည္နဲ႕ တာဝန္ေပးထားဆဲျဖစ္တယ္ဆိုတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဖာနန္ဒက္စ္ဟာ ကစားသမားဘဝမွာ ပင္နယ္တီ ၄၆ ႀကိမ္ ကန္သြင္းယူခဲ့ၿပီး ၄ ႀကိမ္သာ လြဲေခ်ာ္ထားခဲ့လို႔ ၉၁% အထိ ဂိုးရရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ ၁၆၇ ႀကိမ္ ကန္သြင္းယူခဲ့ၿပီး ၁၃၉ ဂိုးအထိ ရရွိခဲ့ကာ ေအာင္ျမင္မႈႏႈန္းကေတာ့ ၈၃% ရွိေနပါတယ္။

အခ်က္အလက္အရဆိုရင္ေတာ့ ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကန္သြင္းမႈစြမ္းရည္က ပိုမိုေကာင္းမြန္ေနတာျဖစ္ေပမယ့္ ေရာ္နယ္ဒိုကေတာ့ ကန္သြင္းမႈအႀကိမ္အေရအတြက္ပိုမိုမ်ားျပားေနတာကိုလည္း စဥ္းစားရဖို႔ရွိေနပါတယ္။