Spots news

ပွဲကစားချိန်မရရှိ၍ ဇန်နဝါရီမှာ အသင်းပြောင်းရွေ့မယ့် ကွင်းလယ်လူဗန်ဒီဘိခ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နယ်သာလန်ကွင်းလယ် ကြယ်ပွင့် ဗန်ဒီဘိခ်ဟာ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလဲ ပွဲကစားခွင့်မရခဲ့ပဲ လူစားလဲ ပါဝင်ခွင့်ပင် မရရှိခဲ့တဲ့ အတွက် လာမယ့်ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက် ကနေ အငှား သို့ အပြီးသတ် အနေနဲ့ ထွက်ခွာဖို့ ထပ်မံကြိုးစားဖွယ်ရှိကြောင်း သိရပါတယ်။

ဥရောပရဲ့ တောက်ပလာမယ့် ကွင်းလယ်ကြယ်ပွင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကို ပြောင်းရွေ့လာခဲ့တာ ဒုတိယ ရာသီကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပုံမှန်ပွဲထွက်ခွင့် လုံးဝမရရှိသေးသလို ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲလ်နဲ့ ပွဲမှာလဲ ပွဲချိန် ၈၉ မိနစ်အရောက်

နည်းပြ ဆိုးလ်ရှားက သူမဟုတ်ဘဲ လင်ဂတ်နဲ့ ဖရက်ဒ်တို့ကို လူစားသွင်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာ အနည်းငယ် မကျေနပ်တဲ့ အရိပ်ယောင်များ ပြခဲ့ပြီး အရန်ခုံမှာရှိနေတဲ့ ဂိုးသမားဒင်းဟန်ဒါဆန်နဲ့ နောက်ခံလူ ဘိုင်လီတို့က သူ့ကို အားပေးနှစ်သိမ့်ခဲ့ရပါတယ်။

သူဟာ ပြီးခဲ့တဲ့နွေရာသီက အဲဗာတန်ကို အငှားနဲ့ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပြီး သူ့ကိုယ်စားလှယ်တွေနဲ့ အဲဗာတန်အသင်း တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပေမယ့် အသင်းဘက်က Deadline Day မှာ အပြောင်းအရွှေ့ကို တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဆိုးလ်ရှားက သူ့ကို ပွဲကစားချိန် ပိုရမယ်လို့ ကတိပေးထားပေမယ့် အခြေအနေတွေက တိုးတက်မလာသေးတာကြောင့်

ဗန်ဒီဘိခ်လည်း လာမယ့်ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာဖို့ ထပ်မံကြိုးစားဖွယ်ရှိနေပါတယ်။ သူဟာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ရတဲ့ ကာရာဘောင်ဖလားပွဲနဲ့ ယန်းဘွိုင်းစ်ကို အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲတွေမှာပဲ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရထားပြီး ပရီးမီးယားလိဂ်မှာဆိုရင် စုစုပေါင်း ၅မိနစ်ပဲ ကစားခွင့်ရထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ နယ္သာလန္ကြင္းလယ္ ၾကယ္ပြင့္ ဗန္ဒီဘိခ္ဟာ ဗီလာရီးရဲလ္နဲ႕ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလဲ ပြဲကစားခြင့္မရခဲ့ပဲ လူစားလဲ ပါဝင္ခြင့္ပင္ မရရွိခဲ့တဲ့ အတြက္ လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္ ကေန အငွား သို႔ အၿပီးသတ္ အေနနဲ႕ ထြက္ခြာဖို႔ ထပ္မံႀကိဳးစားဖြယ္ရွိေၾကာင္း သိရပါတယ္။

ဥေရာပရဲ႕ ေတာက္ပလာမယ့္ ကြင္းလယ္ၾကယ္ပြင္ အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတဲ့ ဗန္ဒီဘိခ္ဟာ ယူနိုက္တက္ကို ေျပာင္းေ႐ြ႕လာခဲ့တာ ဒုတိယ ရာသီကို ေရာက္ရွိလာၿပီ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ ပုံမွန္ပြဲထြက္ခြင့္ လုံးဝမရရွိေသးသလို ခ်န္ပီယံလိဂ္ ပြဲစဥ္ျဖစ္တဲ့ ဗီလာရီးရဲလ္နဲ႕ ပြဲမွာလဲ ပြဲခ်ိန္ ၈၉ မိနစ္အေရာက္

နည္းျပ ဆိုးလ္ရွားက သူမဟုတ္ဘဲ လင္ဂတ္နဲ႕ ဖရက္ဒ္တို႔ကို လူစားသြင္းဖို႔ ဆုံးျဖတ္လိုက္ခ်ိန္မွာ အနည္းငယ္ မေက်နပ္တဲ့ အရိပ္ေယာင္မ်ား ျပခဲ့ၿပီး အရန္ခုံမွာရွိေနတဲ့ ဂိုးသမားဒင္းဟန္ဒါဆန္နဲ႕ ေနာက္ခံလူ ဘိုင္လီတို႔က သူ႕ကို အားေပးႏွစ္သိမ့္ခဲ့ရပါတယ္။

သူဟာ ၿပီးခဲ့တဲ့ေႏြရာသီက အဲဗာတန္ကို အငွားနဲ႕ ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားခဲ့ၿပီး သူ႕ကိုယ္စားလွယ္ေတြနဲ႕ အဲဗာတန္အသင္း တာဝန္ရွိသူေတြ ေဆြးေႏြးခဲ့ၾကေပမယ့္ အသင္းဘက္က Deadline Day မွာ အေျပာင္းအေ႐ႊ႕ကို တားဆီးပိတ္ပင္ခဲ့ပါတယ္။ ဆိုးလ္ရွားက သူ႕ကို ပြဲကစားခ်ိန္ ပိုရမယ္လို႔ ကတိေပးထားေပမယ့္ အေျခအေနေတြက တိုးတက္မလာေသးတာေၾကာင့္

ဗန္ဒီဘိခ္လည္း လာမယ့္ဇန္နဝါရီလမွာ အသင္းကေန ထြက္ခြာဖို႔ ထပ္မံႀကိဳးစားဖြယ္ရွိေနပါတယ္။ သူဟာ ဝက္စ္ဟမ္းကို အေရးနိမ့္ခဲ့ရတဲ့ ကာရာေဘာင္ဖလားပြဲနဲ႕ ယန္းဘြိုင္းစ္ကို အေရးနိမ့္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲေတြမွာပဲ ဦးစားေပးကစားသမားအျဖစ္ ပါဝင္ခြင့္ရထားၿပီး ပရီးမီးယားလိဂ္မွာဆိုရင္ စုစုေပါင္း ၅မိနစ္ပဲ ကစားခြင့္ရထားပါတယ္။