Spots news

ကာရစ်နဲ့ ကစားပုံတူညီတဲ့ ဗာရက်တီကို ခေါ်ယူဖို့ ယူနိုက်တက်ကို အကြံပေးလိုက်တဲ့ ယန်း

Unicode Version

လက်ရှိအချိန်မှာ အင်တာမီလန် အသင်းကနေ အက်စ်တွန်ဗီလာအသင်းကို ရောက်ရှိနေတဲ့ မန်ယူနိုက်တက်အသင်းရဲ့ တောင်ပံ ကစားသမားဟောင်းအက်ရှလေယန်း ကတော့ အသင်းဟောင်း ယူနိုက်တက် အနေနဲ့ အားနည်းနေတဲ့ ကွင်းလယ်နေရာ အတွက် ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဗာရက်တီကို ခေါ်ယူသင့်ကြောင်း အကြံပေး ပြောကြားခဲ့ပါတယ်။

အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဗာရက်တီဟာ ပြင်သစ် လီဂူးဝမ်းရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပြီး ပီအက်စ်ဂျီအသင်းနဲ့ အတူ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပြီး မန်စီးတီး အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူပါ။

ယူနိုက်တက်အသင်းဟာ အဓိက ကွင်းလယ်လူ မိုက်ကယ်ကာရစ် အနားယူသွားပြီးနောက် ကွင်းလယ်ဗဟိုနေရာ ဆေးမြီးတိုနည်းဖြင့် အင်အားဖြည့်နေရာကနေ လက်ရှိအချိန်မှာ ထိပ်တန်း ကွင်းလယ်လူ တဦးကို ရှာဖွေနေပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ လိဒ် ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ဆုဖလား အောင်မြင်မှုများစွာကို ရယူခဲ့တဲ့ ဝါရင့် တောင်ပံကစားသမား အက်ရှလေယန်း ကတော့ သူဟာ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်း တို့ရဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ ဗာရက်တီရဲ့ ခြေစွမ်းဟာ အသင်းဖော်ဟောင်း ကာရစ်ကို ပြန်လည် သတိရစေပြီး ယူနိုက်တက်ကို ဗာရက်တီကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

အက်ရှလေယန်းက “ ယူနိုက်တက်မှာ မိုက်ကယ်ကာရစ်လို ကစားနိုင်မယ့်သူမျိုး ပျောက်ဆုံးနေတာ ကြာပါပြီ။ ယူနိုက်တက်က ကာရစ်ရဲ့နေရာကို အစားဝင်နိုင်မယ့် ကစားသမားမျိုး အခုထိ မခေါ်နိုင်သေးပါဘူး။ ဖရက်ဒ်နဲ့ တော်မီနေးတို့က ကစားသမားကောင်းတွေ ဆိုတာ ကျွန်တော် သိပါတယ်။

ဒါပေမယ့် သူတို့က ကာရစ်လို မကစားနိုင်ကြပါဘူး။ ကျွန်တော် ပီအက်စ်ဂျီနဲ့ မန်စီးတီးပွဲကို ကြည့်မိခဲ့ပြီး ဗာရက်တီက ကာရစ်နဲ့ အနီးစပ်ဆုံး ဆင်တူတဲ့ ကစားသမား ဆိုတာ သိခဲ့ရပါတယ်။ ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ သူ့ကိုသာ ခေါ်နိုင်ခဲ့ရင် အကောင်းဆုံး ခေါ်ယူမှု တခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

Zawgyi Version

လက္ရွိအခ်ိန္မွာ အင္တာမီလန္ အသင္းကေန အက္စ္တြန္ဗီလာအသင္းကို ေရာက္ရွိေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဝါရင့္ေတာင္ပံ ကစားသမားေဟာင္းႀကီး အက္ရွေလယန္း ကေတာ့ အသင္းေဟာင္း ယူနိုက္တက္ အေနနဲ႕ သိသိသာသာ အားနည္းေနတဲ့ ကြင္းလယ္ေနရာ အတြက္ ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမား ဗာရက္တီကို ေခၚယူသင့္ေၾကာင္း အႀကံေပး ေျပာၾကားခဲ့ပါတယ္။

အီတလီ လက္ေ႐ြးစင္ ကြင္းလယ္လူ ဗာရက္တီဟာ ျပင္သစ္ လီဂူးဝမ္းရဲ႕ အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တဦး အျဖစ္ သတ္မွတ္ခံထားရၿပီး ပီအက္စ္ဂ်ီအသင္းနဲ႕ အတူ ၂၀၂၄ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနသူ ျဖစ္ၿပီး မန္စီးတီး အသင္းနဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ မန္စီးတီးနည္းျပ ဂြာဒီယိုလာရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့သူပါ။

ယူနိုက္တက္အသင္းဟာ အဓိက ကြင္းလယ္လူ မိုက္ကယ္ကာရစ္ အနားယူသြားၿပီးေနာက္ ကြင္းလယ္ဗဟိုေနရာ ေဆးၿမီးတိုနည္းျဖင့္ အင္အားျဖည့္ေနရာကေန လက္ရွိအခ်ိန္မွာ ထိပ္တန္း ကြင္းလယ္လူ တဦးကို ရွာေဖြေနၿပီး ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္ရိုက္စ္နဲ႕ လိဒ္ ကြင္းလယ္လူ ကယ္ဗင္ဖီးလစ္တို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းနဲ႕ ဆုဖလား ေအာင္ျမင္မႈမ်ားစြာကို ရယူခဲ့တဲ့ ဝါရင့္ ေတာင္ပံကစားသမား အက္ရွေလယန္း ကေတာ့ သူဟာ ပီအက္စ္ဂ်ီနဲ႕ မန္စီးတီးအသင္း တို႔ရဲ႕ ပြဲစဥ္မွာ ျပသခဲ့တဲ့ ဗာရက္တီရဲ႕ ေျခစြမ္းဟာ အသင္းေဖာ္ေဟာင္း ကာရစ္ကို ျပန္လည္ သတိရေစၿပီး ယူနိုက္တက္ကို ဗာရက္တီကို ေခၚယူဖို႔ တိုက္တြန္းခဲ့တာလည္း ျဖစ္ပါတယ္။

အက္ရွေလယန္းက “ ယူနိုက္တက္မွာ မိုက္ကယ္ကာရစ္လို ကစားနိုင္မယ့္သူမ်ိဳး ေပ်ာက္ဆုံးေနတာ ၾကာပါၿပီ။ ယူနိုက္တက္က ကာရစ္ရဲ႕ေနရာကို အစားဝင္နိုင္မယ့္ ကစားသမားမ်ိဳး အခုထိ မေခၚနိုင္ေသးပါဘူး။ ဖရက္ဒ္နဲ႕ ေတာ္မီေနးတို႔က ကစားသမားေကာင္းေတြ ဆိုတာ ကြၽန္ေတာ္ သိပါတယ္။

ဒါေပမယ့္ သူတို႔က ကာရစ္လို မကစားနိုင္ၾကပါဘူး။ ကြၽန္ေတာ္ ပီအက္စ္ဂ်ီနဲ႕ မန္စီးတီးပြဲကို ၾကည့္မိခဲ့ၿပီး ဗာရက္တီက ကာရစ္နဲ႕ အနီးစပ္ဆုံး ဆင္တူတဲ့ ကစားသမား ဆိုတာ သိခဲ့ရပါတယ္။ ကြၽန္ေတာ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္အေနနဲ႕ သူ႕ကိုသာ ေခၚနိုင္ခဲ့ရင္ အေကာင္းဆုံး ေခၚယူမႈ တခု ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ပါတယ္” ဆိုၿပီး ေျပာၾကားခဲ့တာပါ။