Spots news

မန်ယူတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်မယ့် ရီးရဲလ်မက်ဒရစ်

Unicode Version

စပိန်အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကာဗာနီကို ခေါ်ယူဖို့ ဇန်နဝါရီ အပြောင်းအရွေ့ကာလမှာ ထပ်မံ ကြိုးစားလာဖွယ်ရှိကြောင်း စပိန်အားကစား မီဒီယာများက ဖော်ပြသွားပါတယ်

ယူနိုက်တက်သို့ ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ကာဗာနီရဲ့ ပွဲထွက်ခွင့် လျော့နည်းလာသဖြင့် ကာဗာနီကိုခေါ်ယူရန် ရီးရဲလ်က ပစ်မှတ်ထားလာခြင်း ဖြစ်ပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၃၉ပွဲမှာ ၁၇ဂိုးသွင်းယူနိုင်ခဲ့ပြီး နွေရာသီက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့် ကာဗာနီဟာ ၂၀၂၂ အထိရှိမယ့် ၁နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသင်းမှာ လာကစားဖို့ ကာဗာနီကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး သူသာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားရင် ဇန်နဝါရီလမှာ ကမ်းလှမ်းဖို့ ကြိုးစားဖွယ်ရှိတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ဟာ ကာဗာနီရဲ့အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး သြဂုတ်လက သူ့ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ရီးရဲလ်ဟာ တိုက်စစ်အင်အား ဖြည့်တင်းဖို့ တခြားပစ်မှတ်တွေအဖြစ် ဗယ်လက်ကာနိုတိုက်စစ်မှူး ဖယ်လ်ကာအိုနဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့ကို ပစ်မှတ်ထားနေပေမယ့် သူတို့ကို ခေါ်ယူဖို့ ခက်ခဲနိုင်တာကြောင့် ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် မရနေတဲ့ ကာဗာနီကို ခေါ်ယူဖို့က ဖြစ်နိုင်ခြေပိုများနေပါတယ်။

Zawgyi Version

စပိန္အင္အားႀကီး ကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေခၚယူဖို႔ ႀကိဳးစားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉးကာဗာနီကို ေခၚယူဖို႔ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ကာလမွာ ထပ္မံ ႀကိဳးစားလာဖြယ္ရွိေၾကာင္း စပိန္အားကစား မီဒီယာမ်ားက ေဖာ္ျပသြားပါတယ္

ယူနိုက္တက္သို႔ ေရာ္နယ္ဒို ေရာက္ရွိလာၿပီးေနာက္ ကာဗာနီရဲ႕ ပြဲထြက္ခြင့္ ေလ်ာ့နည္းလာသျဖင့္ ကာဗာနီကိုေခၚယူရန္ ရီးရဲလ္က ပစ္မွတ္ထားလာျခင္း ျဖစ္ပါတယ္။ ကာဗာနီဟာ ၿပီးခဲ့တဲ့ရာသီက ယူနိုက္တက္အတြက္ ၃၉ပြဲမွာ ၁၇ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေႏြရာသီက အသင္းေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ ေပမယ့္ ကာဗာနီဟာ ၂၀၂၂ အထိရွိမယ့္ ၁ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အသင္းမွာ လာကစားဖို႔ ကာဗာနီကို ေခၚယူနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး သူသာ ယူနိုက္တက္ကေန ထြက္ခြာဖို႔ ႀကိဳးစားရင္ ဇန္နဝါရီလမွာ ကမ္းလွမ္းဖို႔ ႀကိဳးစားဖြယ္ရွိတယ္လို႔ သိရပါတယ္။ ရီးရဲလ္အသင္းဥကၠ႒ ပီရက္ဇ္ဟာ ကာဗာနီရဲ႕အမာခံ ပရိသတ္တစ္ဦးျဖစ္ၿပီး ၾသဂုတ္လက သူ႕ကို အငွားနဲ႕ေခၚယူဖို႔ ႀကိဳးစားခဲ့ပါတယ္။

ရီးရဲလ္ဟာ တိုက္စစ္အင္အား ျဖည့္တင္းဖို႔ တျခားပစ္မွတ္ေတြအျဖစ္ ဗယ္လက္ကာနိုတိုက္စစ္မႉး ဖယ္လ္ကာအိုနဲ႕ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းတို႔ကို ပစ္မွတ္ထားေနေပမယ့္ သူတို႔ကို ေခၚယူဖို႔ ခက္ခဲနိုင္တာေၾကာင့္ ယူနိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ မရေနတဲ့ ကာဗာနီကို ေခၚယူဖို႔က ျဖစ္နိုင္ေျခပိုမ်ားေနပါတယ္။