ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ဟာ ဒီမနက်က ကစားခဲ့တဲ့ ဘီလ်ဘာအို အသင်းနဲ့ လာလီဂါ ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် စံချိန်သစ်တစ်ခုရရှိသွားခဲ့ပါတယ်။ဘီလ်ဘာအို နဲ့ ဘာစီလိုနာ အသင်းတို့ ပွဲမှာ ကတ်တလန် ကလပ်အသင်းက (၃)ဂိုး-(၂)ဂိုးနဲ့ နိုင်ပွဲရရှ်ိသွားခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာ အင်ယာကီဝီလျံရဲ့သွင်းဂိုးနဲ့ ဘီလ်ဘာအို အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ပီဒရီ၊ မက်ဆီ ရဲ့သွင်းဂိုး(၂)ဂိုး နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနား ကစားသမား မက်ဆီ ဟာ ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် ဘီလ်ဘာအို အသင်းရဲ့အိမ်ကွင်း အသစ် San Mames မှာ (၂)ဂိုးသွင်းတဲ့ ပထမဆုံး ဘာစီလိုနာ အသင်း ကစားသမားဖြစ်လာခဲ့ပါတယ်။
အရင်က San Mames အဟောင်းမှာ (၂)ဂိုးသွင်းယူခဲ့တဲ့ ဘာစီလိုနာ အသင်း ကစားသမား ကတော့ (၂၀၀၂) ဧပြီလက အာဂျင်တီးနား ကစားသမား ဂျာဗီးယား ဆာဗီယိုလာ ဖြစ်တယ်လို့ optaJose က ဖော်ပြခဲ့ပါတယ်။
မက်ဆီ အတွက်တော့ ဘီလ်ဘာအို အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူခဲ့တာဟာ (၂၀၂၁) အတွက် သူ့ရဲ့အဖွင့်ဂိုးတွေပဲဖြစ်ခဲ့ပါတယ်။မက်ဆီ ဟာ ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် အခုရာသီ လာလီဂါ ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမား ထိပ်ဆုံးစာရင်းထဲကို ရောက်ရှိလာခဲ့ပါတယ်။
မက်ဆီ ဟာ လာလီဂါ သွင်းဂိုး (၉)ဂိုးနဲ့ အတူ ဆွာရက်စ်၊ မက်ဆီ၊ မိုရီနို ၊အက်စ်ပတ်စ် တို့ နဲ့ ဂိုးသွင်းအများဆုံးအဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက အသလက်တီကို အသင်းနဲ့ (၇)မှတ်အကွာ တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။ဘာစီလိုနာ အသင်း ဟာ ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း (၃)ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်း ဟာ အခုတစ်ပတ်ထဲမှာ လာလီဂါ ပွဲစဉ်အဖြစ် ဂရန်နာဒါ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ခရက်ဒစ်:shwe soccer
Zawgyi
ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီ ဟာ ဒီမနက္က ကစားခဲ့တဲ့ ဘီလ္ဘာအို အသင္းနဲ႕ လာလီဂါ ပြဲစဥ္မွာ ဂိုးသြင္းယူၿပီးေနာက္ စံခ်ိန္သစ္တစ္ခုရရွိသြားခဲ့ပါတယ္။ဘီလ္ဘာအို နဲ႕ ဘာစီလိုနာ အသင္းတို႔ ပြဲမွာ ကတ္တလန္ ကလပ္အသင္းက (၃)ဂိုး-(၂)ဂိုးနဲ႕ နိုင္ပြဲရရွ္ိသြားခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာ အသင္းဟာ ဒီပြဲမွာ အင္ယာကီဝီလ်ံရဲ႕သြင္းဂိုးနဲ႕ ဘီလ္ဘာအို အသင္းကို ဦးေဆာင္ဂိုးေပးခဲ့ရေပမယ့္ ပီဒရီ၊ မက္ဆီ ရဲ႕သြင္းဂိုး(၂)ဂိုး နဲ႕ အနိုင္ရခဲ့တာျဖစ္ပါတယ္။
အာဂ်င္တီးနား ကစားသမား မက္ဆီ ဟာ ဒီပြဲမွာ (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ ဘီလ္ဘာအို အသင္းရဲ႕အိမ္ကြင္း အသစ္ San Mames မွာ (၂)ဂိုးသြင္းတဲ့ ပထမဆုံး ဘာစီလိုနာ အသင္း ကစားသမားျဖစ္လာခဲ့ပါတယ္။
အရင္က San Mames အေဟာင္းမွာ (၂)ဂိုးသြင္းယူခဲ့တဲ့ ဘာစီလိုနာ အသင္း ကစားသမား ကေတာ့ (၂၀၀၂) ဧၿပီလက အာဂ်င္တီးနား ကစားသမား ဂ်ာဗီးယား ဆာဗီယိုလာ ျဖစ္တယ္လို႔ optaJose က ေဖာ္ျပခဲ့ပါတယ္။
မက္ဆီ အတြက္ေတာ့ ဘီလ္ဘာအို အသင္းနဲ႕ ပြဲမွာ ဂိုးသြင္းယူခဲ့တာဟာ (၂၀၂၁) အတြက္ သူ႕ရဲ႕အဖြင့္ဂိုးေတြပဲျဖစ္ခဲ့ပါတယ္။မက္ဆီ ဟာ ဒီပြဲမွာ (၂)ဂိုးသြင္းယူခဲ့ၿပီးေနာက္ အခုရာသီ လာလီဂါ ၿပိဳင္ပြဲရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမား ထိပ္ဆုံးစာရင္းထဲကို ေရာက္ရွိလာခဲ့ပါတယ္။
မက္ဆီ ဟာ လာလီဂါ သြင္းဂိုး (၉)ဂိုးနဲ႕ အတူ ဆြာရက္စ္၊ မက္ဆီ၊ မိုရီနို ၊အက္စ္ပတ္စ္ တို႔ နဲ႕ ဂိုးသြင္းအမ်ားဆုံးအျဖစ္ ပူးတြဲရပ္တည္ေနတာျဖစ္ပါတယ္။
ဘာစီလိုနာ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ထိပ္ဆုံးေနရာက အသလက္တီကို အသင္းနဲ႕ (၇)မွတ္အကြာ တတိယေနရာကို ေရာက္ရွိလာခဲ့ပါတယ္။ဘာစီလိုနာ အသင္း ဟာ ဒီပြဲအပါအဝင္ ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္း (၃)ပြဲဆက္အနိုင္ရခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္း ဟာ အခုတစ္ပတ္ထဲမွာ လာလီဂါ ပြဲစဥ္အျဖစ္ ဂရန္နာဒါ အသင္းနဲ႕ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။