Spots news

မက်ဂွိုင်းယား ဒဏ်ရာရရှိနေချိန်မှာ အင်္ဂလန်အတွက် ရွေးချယ်ခံရတဲ့ တိုမိုရီ

Unicode Version

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြဆောက်ဂိတ်ဟာ အသင်းရဲ့ အားထားရတဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်း‌ဆောင် မက်ဂွိုင်းယား ဒဏ်ရာရနေတဲ့အတွက် အေစီမီလန်အသင်းရဲ့ လူငယ်နောက်ခံကစားသမား တိုမိုရီကို လက်ရွေးစင်အသင်း အတွက် အစားထိုးခေါ်ယူခဲ့ပါတယ်။

အေစီမီလန်ဟာ ချယ်လ်ဆီးအကယ်ဒမီထွက် တိုမိုရီကို ယခုနွေဈေးကွက်မှာ ယူရို ၂၉ သန်းထဲနဲ့ ဈေးသက်သက်သာသာ ခေါ်ယူနိုင်ခဲ့တာပါ။
တိုမိုရီဟာ လက်ရှိမှာ အေစီမီလန်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းတွေ ပြထားနိုင်ပြီး ပြီးခဲ့တဲ့ တီကိုနဲ့ ကန်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ တီကို တိုက်စစ်မှူး ဆွာရက်ဇ်ကို အကောင်းဆုံး ထိန်းချုပ်ကစားပြခဲ့ပါသေးတယ်။

ချယ်လ်ဆီးအသင်းအတွက် အထိနာတာကတော့ အရည်အသွေးရှိတဲ့ လူငယ် ကစားသမားတစ်ဦးကို လွယ်လွယ်ကူကူ လက်လွှတ်ခဲ့ရတဲ့အပြင် အေစီမီလန်အသင်းဆီကို ရောင်းချရာမှာ ပြန်လည်ခေါ်ယူခွင့် လည်း ထည့်သွင်းထားခဲ့ခြင်း မရှိခဲ့ပါဘူး။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ဗီလာအသင်းနဲ့ ပွဲတုန်းက ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပွဲစဥ်ကို လွဲချော်ခဲ့သလို နိုင်ငံလက်‌ရွေးစင် အသင်းရဲ့ လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဒဏ်ရာပြဿနာကြောင့် ပုံမှန်ပွဲထွက်ခွင့်မရသေးတဲ့ ယူနိုက်တက်  ဂိုးသမား ဟန်ဒါဆင် နဲ့ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ် တို့လည်း အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိသလို လူငယ်ကစားသမား ဂရင်းဝုဒ်ကိုလည်း နည်းပြ ဆောက်ဂိတ်က အရင်အခေါက်တွေ တုန်းကလိုပဲ ထပ်ပြီးချန်လှပ်ခဲ့ပါတယ်။

Zawgyi Version

အဂၤလန္ လက္ေ႐ြးစင္ အသင္း နည္းျပေဆာက္ဂိတ္ဟာ အသင္းရဲ႕ အားထားရတဲ့ အဓိက ေနာက္ခံလူ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းေခါင္း‌ေဆာင္ မက္ဂြိုင္းယား ဒဏ္ရာရေနတဲ့အတြက္ ေအစီမီလန္အသင္းရဲ႕ လူငယ္ေနာက္ခံကစားသမား တိုမိုရီကို လက္ေ႐ြးစင္အသင္း အတြက္ အစားထိုးေခၚယူခဲ့ပါတယ္။

ေအစီမီလန္ဟာ ခ်ယ္လ္ဆီးအကယ္ဒမီထြက္ တိုမိုရီကို ယခုေႏြေဈးကြက္မွာ ယူရို ၂၉ သန္းထဲနဲ႕ ေဈးသက္သက္သာသာ ေခၚယူနိုင္ခဲ့တာပါ။
တိုမိုရီဟာ လက္ရွိမွာ ေအစီမီလန္အသင္းနဲ႕အတူ အေကာင္းဆုံးေျခစြမ္းေတြ ျပထားနိုင္ၿပီး ၿပီးခဲ့တဲ့ တီကိုနဲ႕ ကန္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ တီကို တိုက္စစ္မႉး ဆြာရက္ဇ္ကို အေကာင္းဆုံး ထိန္းခ်ဳပ္ကစားျပခဲ့ပါေသးတယ္။

ခ်ယ္လ္ဆီးအသင္းအတြက္ အထိနာတာကေတာ့ အရည္အေသြးရွိတဲ့ လူငယ္ ကစားသမားတစ္ဦးကို လြယ္လြယ္ကူကူ လက္လႊတ္ခဲ့ရတဲ့အျပင္ ေအစီမီလန္အသင္းဆီကို ေရာင္းခ်ရာမွာ ျပန္လည္ေခၚယူခြင့္ လည္း ထည့္သြင္းထားခဲ့ျခင္း မရွိခဲ့ပါဘူး။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားကေတာ့ ဗီလာအသင္းနဲ႕ ပြဲတုန္းက ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရၿပီး ယူနိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ကို လြဲေခ်ာ္ခဲ့သလို နိုင္ငံလက္‌ေ႐ြးစင္ အသင္းရဲ႕ လူစာရင္းကေနလည္း ခ်န္လွပ္ခံခဲ့ရပါတယ္။

ဒါ့အျပင္ ဒဏ္ရာျပႆနာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္မရေသးတဲ့ ယူနိုက္တက္  ဂိုးသမား ဟန္ဒါဆင္ နဲ႕ တိုက္စစ္မႈး ရက္ရွ္ဖို႔ဒ္ တို႔လည္း အသင္းရဲ႕ လူစာရင္းမွာ ပါဝင္လာခဲ့ျခင္းမရွိသလို လူငယ္ကစားသမား ဂရင္းဝုဒ္ကိုလည္း နည္းျပ ေဆာက္ဂိတ္က အရင္အေခါက္ေတြ တုန္းကလိုပဲ ထပ္ၿပီးခ်န္လွပ္ခဲ့ပါတယ္။