Spots news

စိတ်ကောက်တတ်တဲ့ ကစားသမားတွေအတွက် နေရာမရှိဘူးလို့ ပြောလိုက်တဲ့ ဆိုးလ်ရှား

Unicode Version

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းမှာ ပွဲထွက်ခွင့်မရတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်နဲ့ပတ်သက်လို့ အသင်းမှာ စိတ်ကောက်တတ်တဲ့သူတွေအတွက် နေရာမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

အဲဗာတန်နဲ့အိမ်ကွင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက အခုလိုမျိုး ပြတ်ပြတ်သားသား ပြောကြားလာခဲ့တာပါ။ ဗန်ဒီဘိခ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်ကိုရောက်လာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဆိုးလ်ရှားကတော့ ဗန်ဒီဘိခ်ကို အသင်းမှာပဲ ဆက်ထိန်းထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဗန်ဒီဘိခ်အတွက် လုံလောက်တဲ့အခွင့်အရေးမရခဲ့ဘဲ ဗီလာရီးရဲယ်နဲ့ပွဲမှာလည်း ဗန်ဒီဘိခ်က လူစားဝင်ခွင့်မရတာကြောင့် အရံခုံပေါ်မှာထိုင်ရင်း သူ့ပါးစပ်ထဲကပီကေကို ဒေါသတကြီး လွှင့်ပစ်ခဲ့သေးတာပါ။

ဗန်ဒီဘိခ်နဲ့ပတ်သက်လို့ ဆိုးလ်ရှားက “ကျွန်တော် အခု စီမံခန့်ခွဲနေရတာက နိုင်ငံတကာ လက်ရွေးစင်အဆင့် ကစားသမားတွေပါ။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး မတူကွဲပြားတာတွေကို လုပ်ပြ၊ ကစားပြချင်နေတဲ့ ကစားသမားတွေပါ။ သူတို့အားလုံးက ကွင်းထဲမှာဝင်ကစားခွင့်ရချင်ပါတယ်”

“ဒွန်နီ (ဗန်ဒီဘိခ်) က ဗီလာရီးရဲယ်နဲ့ပွဲမှာ ဝင်ကစားဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ သူ့လိုပဲ အခြားကစားသမားတွေလည်း ဝင်ကစားခွင့်ရသင့်ပါတယ်။ ဒီအသင်းမှာ ကျွန်တော့်လောက် လူစားဝင် ကစားသမားဖြစ်ခဲ့ဖူးတဲ့သူ မရှိလောက်ပါဘူး။ ဒီအတွက် ခင်ဗျားအနေနဲ့ အချိန်ပြည့်အဆင်သင့်ဖြစ်နေရမှာပါ”

“တစ်ခါတလေတော့ ကျွန်တော်လည်း လူစားဝင်ကစားသမားဖြစ်နေရတာ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါပေမယ့် ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပဲလေ။ အဲလက်စ်တဲလက်စ်က ဘယ်နောက်ခံလူပါ။ သူ့ကို လူစားလဲတဲ့အခါမှာ အသင့်တော်ဆုံးက ဖရက်ဒ်ပါပဲ။ (ဗီလာရီးရဲယ်နဲ့ပွဲက လူစားလဲမှုကို ရည်ညွှန်းသည်) ဗန်ဒီဘိခ်စိတ်ပျက်ရတာကို ကျွန်တော်နားလည်ပါတယ်”

“ကစားသမားတိုင်းက ပွဲကစားဖို့ စိတ်အားထက်သန်ကြပါတယ်။ ဒါပေမယ့် ဒီအတွက် ကိုယ့်ရဲ့စွမ်းအင်နဲ့ ဆုံးဖြတ်နိုင်စွမ်းရှိဖို့လိုတယ်။ ဒါကိုလည်း ကျွန်တော့်ဆီ ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ဗန်ဒီဘိခ်မှ မဟုတ်ဘူး။ ကစားသမားတိုင်းပဲ။ ကျွန်တော်တို့ အားလုံး အတူတူအောင်မြင်မှုရချင်တယ်ဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းအင်တွေ၊ ခွန်အားတွေ လိုအပ်ပါတယ်”

“ကျွန်တော်တို့အသင်းမှာ စိတ်ကောက်တတ်တဲ့ ကစားသမား ရှိလို့မရပါဘူး။ ဒါပေမယ့် ဗန်ဒီဘိခ်ကတော့ အသင်းကို အနှုတ်လက္ခဏာဆောင်စေတဲ့ ကစားသမားမျိုးလည်း တစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ဗန်ဒီဘိခ်ဟာ ဗီလာရီးရဲယ်နဲ့ပွဲမှာ လူစားဝင်ခွင့်မရတဲ့အပေါ် အကြီးအကျယ် စိတ်ပျက်ခဲ့ပြီး လာမယ့်ဇန်နဝါရီမှာတင် အသင်းကထွက်ခွာဖို့ ထပ်မံကြိုးစားလာမယ်လို့လည်း သိရှိရပါတယ်။

Zawgyi Version

ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းမွာ ပြဲထြက္ခြင့္မရတာေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္နဲ႕ပတ္သက္လို႔ အသင္းမွာ စိတ္ေကာက္တတ္တဲ့သူေတြအတြက္ ေနရာမရွိဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

အဲဗာတန္နဲ႕အိမ္ကြင္းပြဲအတြက္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဆိုးလ္ရွားက အခုလိုမ်ိဳး ျပတ္ျပတ္သားသား ေျပာၾကားလာခဲ့တာပါ။ ဗန္ဒီဘိခ္ဟာ ေအဂ်က္စ္ကေန ယူနိုက္တက္ကိုေရာက္လာၿပီးေနာက္ပိုင္း ပုံမွန္ပြဲထြက္ခြင့္မရတာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။

ဆိုးလ္ရွားကေတာ့ ဗန္ဒီဘိခ္ကို အသင္းမွာပဲ ဆက္ထိန္းထားခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ဗန္ဒီဘိခ္အတြက္ လုံေလာက္တဲ့အခြင့္အေရးမရခဲ့ဘဲ ဗီလာရီးရဲယ္နဲ႕ပြဲမွာလည္း ဗန္ဒီဘိခ္က လူစားဝင္ခြင့္မရတာေၾကာင့္ အရံခုံေပၚမွာထိုင္ရင္း သူ႕ပါးစပ္ထဲကပီေကကို ေဒါသတႀကီး လႊင့္ပစ္ခဲ့ေသးတာပါ။

ဗန္ဒီဘိခ္နဲ႕ပတ္သက္လို႔ ဆိုးလ္ရွားက “ကြၽန္ေတာ္ အခု စီမံခန့္ခြဲေနရတာက နိုင္ငံတကာ လက္ေ႐ြးစင္အဆင့္ ကစားသမားေတြပါ။ ၿပိဳင္ဆိုင္မႈျပင္းထန္ၿပီး မတူကြဲျပားတာေတြကို လုပ္ျပ၊ ကစားျပခ်င္ေနတဲ့ ကစားသမားေတြပါ။ သူတို႔အားလုံးက ကြင္းထဲမွာဝင္ကစားခြင့္ရခ်င္ပါတယ္”

“ဒြန္နီ (ဗန္ဒီဘိခ္) က ဗီလာရီးရဲယ္နဲ႕ပြဲမွာ ဝင္ကစားဖို႔ အဆင္သင့္ျဖစ္ခဲ့ပါတယ္။ သူ႕လိုပဲ အျခားကစားသမားေတြလည္း ဝင္ကစားခြင့္ရသင့္ပါတယ္။ ဒီအသင္းမွာ ကြၽန္ေတာ့္ေလာက္ လူစားဝင္ ကစားသမားျဖစ္ခဲ့ဖူးတဲ့သူ မရွိေလာက္ပါဘူး။ ဒီအတြက္ ခင္ဗ်ားအေနနဲ႕ အခ်ိန္ျပည့္အဆင္သင့္ျဖစ္ေနရမွာပါ”

“တစ္ခါတေလေတာ့ ကြၽန္ေတာ္လည္း လူစားဝင္ကစားသမားျဖစ္ေနရတာ ဘယ္ေပ်ာ္နိုင္ပါ့မလဲ။ ဒါေပမယ့္ ဒါက နည္းျပရဲ႕ဆုံးျဖတ္ခ်က္ပဲေလ။ အဲလက္စ္တဲလက္စ္က ဘယ္ေနာက္ခံလူပါ။ သူ႕ကို လူစားလဲတဲ့အခါမွာ အသင့္ေတာ္ဆုံးက ဖရက္ဒ္ပါပဲ။ (ဗီလာရီးရဲယ္နဲ႕ပြဲက လူစားလဲမႈကို ရည္ၫႊန္းသည္) ဗန္ဒီဘိခ္စိတ္ပ်က္ရတာကို ကြၽန္ေတာ္နားလည္ပါတယ္”

“ကစားသမားတိုင္းက ပြဲကစားဖို႔ စိတ္အားထက္သန္ၾကပါတယ္။ ဒါေပမယ့္ ဒီအတြက္ ကိုယ့္ရဲ႕စြမ္းအင္နဲ႕ ဆုံးျဖတ္နိုင္စြမ္းရွိဖို႔လိုတယ္။ ဒါကိုလည္း ကြၽန္ေတာ့္ဆီ ျပသနိုင္ဖို႔ လိုအပ္ပါတယ္။ ဗန္ဒီဘိခ္မွ မဟုတ္ဘူး။ ကစားသမားတိုင္းပဲ။ ကြၽန္ေတာ္တို႔ အားလုံး အတူတူေအာင္ျမင္မႈရခ်င္တယ္ဆိုရင္ အေပါင္းလကၡဏာေဆာင္တဲ့ စြမ္းအင္ေတြ၊ ခြန္အားေတြ လိုအပ္ပါတယ္”

“ကြၽန္ေတာ္တို႔အသင္းမွာ စိတ္ေကာက္တတ္တဲ့ ကစားသမား ရွိလို႔မရပါဘူး။ ဒါေပမယ့္ ဗန္ဒီဘိခ္ကေတာ့ အသင္းကို အႏႈတ္လကၡဏာေဆာင္ေစတဲ့ ကစားသမားမ်ိဳးလည္း တစ္ခါမွမျဖစ္ခဲ့ဖူးပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေနာက္ဆုံးရရွိထားတဲ့ သတင္းေတြအရ ဗန္ဒီဘိခ္ဟာ ဗီလာရီးရဲယ္နဲ႕ပြဲမွာ လူစားဝင္ခြင့္မရတဲ့အေပၚ အႀကီးအက်ယ္ စိတ္ပ်က္ခဲ့ၿပီး လာမယ့္ဇန္နဝါရီမွာတင္ အသင္းကထြက္ခြာဖို႔ ထပ္မံႀကိဳးစားလာမယ္လို႔လည္း သိရွိရပါတယ္။