Spots news

အသင်းလိုက်ကစားပုံပြောင်းလဲပေးဖို့ နည်းပြ ဆိုးလ်ရှားကို ရော်နယ်ဒိုတောင်းဆို

Unicode Version

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းရဲ့ကစားပုံအပေါ် အပြောင်းအလဲလုပ်ပေးဖို့ နည်းပြဆိုးလ်ရှားထံ ပြောကြားထားတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း သူပါဝင်ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၅ ဂိုးသွင်းယူထားနိုင်ပေမယ့် အသင်းလိုက်ကစားပုံသာ အခုထက် ပိုမိုကောင်းမွန်လာမယ်ဆိုရင် သူ့အတွက် ဂိုးတွေပိုရနိုင်မယ်လို့ ရော်နယ်ဒိုက ယူဆထားတာပါ။

ESPN ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုက ယူနိုက်တက်နောက်ခံလူတွေ ဘောလုံးကို ရှေ့မြန်မြန်ပေးပို့ဖို့ လိုလားနေပြီး အသင်းလိုက်ကစားပုံကိုလည်း အခုထက်ပိုမိုမြန်ဆန်လာဖို့ ဆန္ဒရှိနေတာကြောင့် ဒီအတွက် ဆိုးလ်ရှားကို ပြောကြားထားပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပြီး ရမှတ် ၅ မှတ် ဆုံးရှုံးထားရတာပါ။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာလည်း ရော်နယ်ဒိုက သူ့ဆီ ဘောလုံးကောင်းကောင်းမရောက်လာတဲ့အပေါ် စိတ်ပျက်နေတယ်လို့ အဲ့ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်က ပြောကြားခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်းလက်ရှိအချိန်မှာတော့ ရော်နယ်ဒိုက နည်းပြဆိုးလ်ရှားကို အသင်းလိုက်ကစားပုံ အပြောင်းအလဲလုပ်ဖို့အတွက်ပါ တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်လာတာပါ။

ယူနိုက်တက်ဟာ ဒီရာသီမှာ ရလဒ်အရမ်းဆိုးရွားနေခြင်းမရှိသေးသည့်တိုင် ခံစစ်ကိုပိတ်ဆို့ကစားတဲ့အသင်းတွေနဲ့ တွေ့ရင် ဂိုးရဖို့၊ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်ရလေ့ရှိပါတယ်။ ဗီလာရီးရဲယ်နဲ့ပွဲမှာလည်း ပြိုင်ဘက်က ခံစစ်ကိုအခိုင်အမာပြင်ဆင်ပြီး ယူနိုက်တက်ကို ရင်ဆိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ

အခက်တွေ့ခဲ့ရသလို ဂိုးသမား ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် စောစောစီးစီး ဂိုးပြတ်ရှုံးနိမ့်နေနိုင်ပါတယ်။ ယူနိုက်တက်အနေနဲ့ ယနေ့ ညနေမှာ အဲဗာတန်ကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအဖြစ် ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ရှုံးပွဲကနေ အမြန်ဆုံးပြန်လည် ရုန်းထွက်နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသင္းရဲ႕ကစားပုံအေပၚ အေျပာင္းအလဲလုပ္ေပးဖို႔ နည္းျပဆိုးလ္ရွားထံ ေျပာၾကားထားတယ္လို႔ သိရွိရပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိလာၿပီးေနာက္ပိုင္း သူပါဝင္ကစားထားတဲ့ ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ၅ ဂိုးသြင္းယူထားနိုင္ေပမယ့္ အသင္းလိုက္ကစားပုံသာ အခုထက္ ပိုမိုေကာင္းမြန္လာမယ္ဆိုရင္ သူ႕အတြက္ ဂိုးေတြပိုရနိုင္မယ္လို႔ ေရာ္နယ္ဒိုက ယူဆထားတာပါ။

ESPN ရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုက ယူနိုက္တက္ေနာက္ခံလူေတြ ေဘာလုံးကို ေရွ႕ျမန္ျမန္ေပးပို႔ဖို႔ လိုလားေနၿပီး အသင္းလိုက္ကစားပုံကိုလည္း အခုထက္ပိုမိုျမန္ဆန္လာဖို႔ ဆႏၵရွိေနတာေၾကာင့္ ဒီအတြက္ ဆိုးလ္ရွားကို ေျပာၾကားထားပါတယ္။ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ တစ္ပြဲသေရ၊ တစ္ပြဲရႈံးခဲ့ၿပီး ရမွတ္ ၅ မွတ္ ဆုံးရႈံးထားရတာပါ။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႕ညက ကစားခဲ့တဲ့ ဗီလာရီးရဲယ္နဲ႕ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲမွာလည္း ေရာ္နယ္ဒိုက သူ႕ဆီ ေဘာလုံးေကာင္းေကာင္းမေရာက္လာတဲ့အေပၚ စိတ္ပ်က္ေနတယ္လို႔ အဲ့ဒီပြဲမွာ ပါဝင္ကစားခဲ့တဲ့ ဘယ္ေနာက္ခံလူ အဲလက္စ္တဲလက္စ္က ေျပာၾကားခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္လည္းလက္ရွိအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုက နည္းျပဆိုးလ္ရွားကို အသင္းလိုက္ကစားပုံ အေျပာင္းအလဲလုပ္ဖို႔အတြက္ပါ ေတာင္းဆိုထားတယ္လို႔ သတင္းေတြထြက္ေပၚလာတာပါ။

ယူနိုက္တက္ဟာ ဒီရာသီမွာ ရလဒ္အရမ္းဆိုး႐ြားေနျခင္းမရွိေသးသည့္တိုင္ ခံစစ္ကိုပိတ္ဆို႔ကစားတဲ့အသင္းေတြနဲ႕ ေတြ႕ရင္ ဂိုးရဖို႔၊ အခြင့္အေရးေတြဖန္တီးနိုင္ဖို႔ ႐ုန္းကန္ရေလ့ရွိပါတယ္။ ဗီလာရီးရဲယ္နဲ႕ပြဲမွာလည္း ၿပိဳင္ဘက္က ခံစစ္ကိုအခိုင္အမာျပင္ဆင္ၿပီး ယူနိုက္တက္ကို ရင္ဆိုင္ခဲ့တာေၾကာင့္ ယူနိုက္တက္တို႔ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ

အခက္ေတြ႕ခဲ့ရသလို ဂိုးသမား ဒီဂီယာသာ လက္စြမ္းမျပခဲ့ရင္ ေစာေစာစီးစီး ဂိုးျပတ္ရႈံးနိမ့္ေနနိုင္ပါတယ္။ ယူနိုက္တက္အေနနဲ႕ ယေန႕ ညေနမွာ အဲဗာတန္ကို ပရီးမီးယားလိဂ္အိမ္ကြင္းပြဲအျဖစ္ ဆက္လက္ ရင္ဆိုင္ရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က ဗီလာကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ရႈံးပြဲကေန အျမန္ဆုံးျပန္လည္ ႐ုန္းထြက္နိုင္ဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။