Spots news

တိုက်စစ်မှူး အန်နက်စီရီကို ခေါ်ယူဖို့ လာကာဇက်ကို အလိုက်ပေးကမ်းလှမ်းမယ့် အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ်ကလပ် အင်အာကြီး ကလပ် အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ကာလတွင် ဆီဗီလာ တိုက်စစ်မှူး အန်နက်ဆီရီကို ခေါ်ယူရန်အတွက် ပြင်ဆင်နေပြီး အပြောင်းအရွေ့အတွက် အသင်းတိုက်စစ်မှူး လာကာဇက်ကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရပါတယ်

အသက် ၂၄ နှစ်အရွယ်သာ ရှိ‌သေးတဲ့ မော်ရိုကိုလက်ရွေးစင် တိုက်စစ်မှူး အန်နက်ဆီရီဟယ ဆီဗီလာအသင်းအတွက် ၂ ရာသီကျော်ကာလ အတွင်း ပြိုင်ပွဲစုံ ၈၅ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၃၃ ဂိုးအထိ သွင်းယူပေးထား နိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် အန်နက်ဆီရီကို သဘောကျနေပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးမှာ ပေါင် ၃၈.၅ သန်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

ထို့ကြောင့် အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အန်နက်ဆီရီကို ခေါ်ယူရန်အတွက် အသင်းမှ ထွက်ခွာဖို့ အလိုရှိနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ လာကာဇက်ကို အပြောင်းအရွေ့ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း စပိန်သတင်းစာ La Razon က ဖော်ပြထားပါတယ်။

ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ အာဆင်နယ်အသင်းနှင့် ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ထို့ကြောင့် အာဆင်နယ်အသင်းဟာ အန်နက်ဆီရီကို ခေါ်ယူရာမှာ လာကာဇက်ကို အသုံးချသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

လာကာဇက်ဟာ ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃ ပွဲသာ ကစားထားရသော်လည်း ၂ ဂိုး သွင်းယူပေးထားပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူဖို့ စပိန်လာလီဂါထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းအပြင် စီးရီးအေထိပ်သီး ဂျူဗင်တပ် အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ အင္အာႀကီး ကလပ္ အာဆင္နယ္အသင္းဟာ လာမယ့္ ဇန္နဝါရီ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလတြင္ ဆီဗီလာ တိုက္စစ္မႉး အန္နက္ဆီရီကို ေခၚယူရန္အတြက္ ျပင္ဆင္ေနၿပီး အေျပာင္းအေ႐ြ႕အတြက္ အသင္းတိုက္စစ္မႉး လာကာဇက္ကို အလိုက္ေပးကမ္းလွမ္းရန္ စီစဥ္ေနေၾကာင္း သိရွိရသည္။

အသက္ ၂၄ ႏွစ္အ႐ြယ္သာ ရွိ‌ေသးတဲ့ ေမာ္ရိုကိုလက္ေ႐ြးစင္ တိုက္စစ္မႉး အန္နက္ဆီရီဟယ ဆီဗီလာအသင္းအတြက္ ၂ ရာသီေက်ာ္ကာလ အတြင္း ၿပိဳင္ပြဲစုံ ၈၅ ပြဲအထိ ပါဝင္ကစားခဲ့ကာ ၃၃ ဂိုးအထိ သြင္းယူေပးထား နိုင္ခဲ့ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာက အသင္းတိုက္စစ္ပိုင္းကို အားျဖည့္ရန္အတြက္ အန္နက္ဆီရီကို သေဘာက်ေနၿပီး သူ႕ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးမွာ ေပါင္ ၃၈.၅ သန္းျဖစ္ေၾကာင္း ၿဗိတိန္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ထို႔ေၾကာင့္ အာဆင္နယ္အသင္းဟာ တိုက္စစ္မႉး အန္နက္ဆီရီကို ေခၚယူရန္အတြက္ အသင္းမွ ထြက္ခြာဖို႔ အလိုရွိေနတဲ့ တိုက္စစ္မႉးတစ္ဦးျဖစ္သူ လာကာဇက္ကို အေျပာင္းအေ႐ြ႕ရဲ႕ တစ္စိတ္တစ္ပိုင္း အေနနဲ႕ အလိုက္ေပးကမ္းလွမ္းရန္ စီစဥ္ေနေၾကာင္း စပိန္သတင္းစာ La Razon က ေဖာ္ျပထားပါတယ္။

ျပင္သစ္တိုက္စစ္မႉး လာကာဇက္ဟာ အာဆင္နယ္အသင္းႏွင့္ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး အာဆင္နယ္အသင္းအေနျဖင့္ လာမည့္ေႏြရာသီတြင္ ၎ကို ေျပာင္းေ႐ႊ႕ေၾကးအလြတ္ျဖင့္ လက္လႊတ္ရဖြယ္ရွိေနပါတယ္။ ထို႔ေၾကာင့္ အာဆင္နယ္အသင္းဟာ အန္နက္ဆီရီကို ေခၚယူရာမွာ လာကာဇက္ကို အသုံးခ်သြားရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

လာကာဇက္ဟာ ယခုရာသီတြင္ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃ ပြဲသာ ကစားထားရေသာ္လည္း ၂ ဂိုး သြင္းယူေပးထားပါတယ္။ အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္တိုက္စစ္မႉး လာကာဇက္ကို ေခၚယူဖို႔ စပိန္လာလီဂါထိပ္သီး အက္သလက္တီကို မက္ဒရစ္ အသင္းအျပင္ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္ အသင္းကပါ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။