Spots news

ဖာဒီနန်ရဲ့ အကြံပေးချက်တွေနဲ့ ရော်နယ်ဒိုကို ထိန်းမယ်ဆိုတဲ့ အဲ‌ဗာတန်နောက်ခံလူ

Unicode Version

ဒီနေ့ညနေမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့ အဲဗာတန်ကစားသမား ဂေါ့ဖရေးက ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုကို ဘာမှလုပ်မရအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်းတစ်ဦးရဲ့ သူ့အပေါ်လွှမ်းမိုးမှုတွေကြောင့် ဖြစ်မယ်လို့လည်း ဂေါ့ဖရေးက ပြောဆိုကာ လာမယ့်ပွဲအတွက် ပွဲကြိုစကားသံတွေကို ဖွင့်ဟခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ၅ ပွဲကစားအပြီးမှာ ၅ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ အခွင့်အရေးရတိုင်းမှာ ဂိုးအဖြစ်ပြောင်းလဲပေးနေတာဖြစ်ပြီး အဲဗာတန်နောက်ခံလူဂေါ့ဖရေးကတော့ ပေါ်တူဂီသားကို ထိန်းချုပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ် နောက်ခံလူက သူဟာ ရီယိုဖာဒီနန်ဆီက အကြံပြုစကားတွေရရှိခဲ့ပြီး နည်းပြဘင်နီတက်ဇ်ဆီက သင်ယူမှုတွေလည်းပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

“ဖာဒီနန်က ဗဟိုခံစစ်မှူးတစ်ဦး အနေနဲ့ သူ့လောက်ကောင်းတဲ့သူ မရှိတော့ပါဘူး၊ သူနဲ့ကျွန်တော်အမြဲတမ်းအဆက်အသွယ်ရှိပါတယ်၊ ကျွန်တော်ကစားပုံတွေကို သူ ကြည့်လေ့ရှိတယ်လို့လည်း ပြောပြီး သူနဲ့ဆက်ဆံခွင့်ရလို့ တကယ်ကံကောင်းပါတယ်” လို့ ဂေါ့ဖရေးက ဆိုပါတယ်။ ဂေါ့ဖရေးဟာ ဒီရာသီအစောပိုင်းပွဲတွေကို ကိုဗစ်ကူးစက်ခံရလို့ လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမယ့်အပေါ်မှာ စိုးရိမ်မှုမရှိဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။

“သူက ပွဲရဲ့ နာမည်ကြိးကစားသမားပါ၊ ကျွန်တော်ကလေးဘဝကတည်းက သူကစားတာကို ကြည့်လာခဲ့တာဖြစ်ပါတယ်၊ တကယ်လို့ သူ့ကိုရပ်တန့်နိုင်မယ်ဆိုရင် ဒီပွဲက ကျွန်တော်တို့အတွက်ဖြစ်လာမှာပါ၊ ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ်လိုချင်တာကို ရအောင်လုပ်ရဦးမှာပါ၊ ကစားသမားကောင်း၊ အသင်းကောင်းနဲ့ ယှဉ်ပြိုင်ရတာမျိုးက ကောင်းမွန်ပါတယ်၊

ရော်နယ်ဒို ဒီကိုပြန်ရောက်လာတာ အရမ်းကောင်းပါတယ်၊ အသင်းဖော်တွေအကုန်လုံးလည်း သူနဲ့ရင်ဆိုင်ချင်နေပါတယ်။ သူ့ကိုထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်၊ တနေ့တာရဲ့အဆုံးမှာ လုပ်ရမယ့်အလုပ်တစ်ခုက အဲဒါပါပဲ၊ သူ့ကိုငြိမ်သက်သွားအောင်လုပ်ပြီး ကျွန်တော်တို့ ၃ မှတ်ရယူသွားပါမယ်’ လို့ ဂေါ့ဖရေးက ပြောဆိုခဲ့ပါတယ်။

Zawgyi Version

ဒီေန႕ညေနမွာ မန္ခ်က္စတာယူနိုက္တက္နဲ႕ ကစားရမယ့္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ထားၿပီးျဖစ္တယ္လို႔ အဲဗာတန္ကစားသမား ေဂါ့ဖေရးက ေျပာဆိုလိုက္ပါတယ္။ ေရာ္နယ္ဒိုကို ဘာမွလုပ္မရေအာင္ စြမ္းေဆာင္နိုင္ခဲ့မယ္ဆိုရင္လည္း ဒါဟာ ယူနိုက္တက္ဂႏၳဝင္ေနာက္ခံလူေဟာင္းတစ္ဦးရဲ႕ သူ႕အေပၚလႊမ္းမိုးမႈေတြေၾကာင့္ ျဖစ္မယ္လို႔လည္း ေဂါ့ဖေရးက ေျပာဆိုခဲ့ကာ လာမယ့္ပြဲအတြက္ ပြဲႀကိဳစကားသံေတြကို ဖြင့္ဟခဲ့ပါတယ္။

ေရာ္နယ္ဒိုကေတာ့ ယူနိုက္တက္အတြက္ ၅ ပြဲကစားအၿပီးမွာ ၅ ဂိုးအထိ သြင္းယူေပးထားသူျဖစ္ပါတယ္။ အခြင့္အေရးရတိုင္းမွာ ဂိုးအျဖစ္ေျပာင္းလဲေပးေနတာျဖစ္ၿပီး အဲဗာတန္ေနာက္ခံလူေဂါ့ဖေရးကေတာ့ ေပၚတူဂီသားကို ထိန္းခ်ဳပ္ဖို႔ ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံလူက သူဟာ ရီယိုဖာဒီနန္ဆီက အႀကံျပဳစကားေတြရရွိခဲ့ၿပီး နည္းျပဘင္နီတက္ဇ္ဆီက သင္ယူမႈေတြလည္းျပဳလုပ္ထားတယ္လို႔ ဆိုပါတယ္။

“ဖာဒီနန္က ဗဟိုခံစစ္မႉးတစ္ဦး အေနနဲ႕ သူ႕ေလာက္ေကာင္းတဲ့သူ မရွိေတာ့ပါဘူး၊ သူနဲ႕ကြၽန္ေတာ္အၿမဲတမ္းအဆက္အသြယ္ရွိပါတယ္၊ ကြၽန္ေတာ္ကစားပုံေတြကို သူ ၾကည့္ေလ့ရွိတယ္လို႔လည္း ေျပာၿပီး သူနဲ႕ဆက္ဆံခြင့္ရလို႔ တကယ္ကံေကာင္းပါတယ္” လို႔ ေဂါ့ဖေရးက ဆိုပါတယ္။ ေဂါ့ဖေရးဟာ ဒီရာသီအေစာပိုင္းပြဲေတြကို ကိုဗစ္ကူးစက္ခံရလို႔ လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုနဲ႕ ရင္ဆိုင္ရမယ့္အေပၚမွာ စိုးရိမ္မႈမရွိဘူးလို႔လည္း ဖြင့္ဟခဲ့ပါတယ္။

“သူက ပြဲရဲ႕ နာမည္ႀကိးကစားသမားပါ၊ ကြၽန္ေတာ္ကေလးဘဝကတည္းက သူကစားတာကို ၾကည့္လာခဲ့တာျဖစ္ပါတယ္၊ တကယ္လို႔ သူ႕ကိုရပ္တန႔္နိုင္မယ္ဆိုရင္ ဒီပြဲက ကြၽန္ေတာ္တို႔အတြက္ျဖစ္လာမွာပါ၊ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ ကိုယ္လိုခ်င္တာကို ရေအာင္လုပ္ရဦးမွာပါ၊ ကစားသမားေကာင္း၊ အသင္းေကာင္းနဲ႕ ယွဥ္ၿပိဳင္ရတာမ်ိဳးက ေကာင္းမြန္ပါတယ္၊

ေရာ္နယ္ဒို ဒီကိုျပန္ေရာက္လာတာ အရမ္းေကာင္းပါတယ္၊ အသင္းေဖာ္ေတြအကုန္လုံးလည္း သူနဲ႕ရင္ဆိုင္ခ်င္ေနပါတယ္။ သူ႕ကိုထိန္းခ်ဳပ္နိုင္မယ္လို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္၊ တေန႕တာရဲ႕အဆုံးမွာ လုပ္ရမယ့္အလုပ္တစ္ခုက အဲဒါပါပဲ၊ သူ႕ကိုၿငိမ္သက္သြားေအာင္လုပ္ၿပီး ကြၽန္ေတာ္တို႔ ၃ မွတ္ရယူသြားပါမယ္’ လို႔ ေဂါ့ဖေရးက ေျပာဆိုခဲ့ပါတယ္။