Spots news

မန်ယူမှာ ခြေစွမ်းပြနေဆဲ ကာဗာနီကို ပရာသီဝက်အငှားနဲ့ ခေါ်ဖို့ ကမ်းလှမ်းမယ့် ရီးရဲလ်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အက်ဆီဆင်ကာဗာနီကို ရာသီဝက် အငှားစာချုပ်နဲ့ ခေါ်ယူကမ်းလှမ်းသွားချင်နေတယ်လို့ သိရှိရပြီး ကာဗာနီကိုယ်တိုင်ကလည်း အသင်းမှာ နေရာပျောက်ဆုံးနေတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၃၉ ပွဲမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး နွေရာသီက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့် ကာဗာနီဟာ ၂၀၂၂ အထိရှိမယ့် ၁နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်

သို့ပေမယ့် လက်ရှိဘောလုံးရာသီမှာ ယူနိုက်တက်ဘက်က အသင်းရဲ့ ကစားသမားသမားဟောင်းရော်နယ်ဒိုကို အထောင်တိုက်စစ်နေရာ အတွက် အသင်းဆီ ပြန်လည်ခေါ်ယူထားသလို အသင်းရဲ့ တိုက်စစ်မှာလည်း ရော်နယ်ဒိုကိုသာ နေရာပေးနေတာကြောင့် ကာဗာနီအနေနဲ့ သူရဲ့ကျောနံပါတ် ၇ ကို လက်လွှဲပေးခဲ့ပြီး သူရဲ့ပွဲထွက်ကစားခွင့်တွေပါ ဆုံးရှုံးလာခဲ့ရတာ ဖြစ်ပါတယ်။

ကာဗာနီဟာ ယခုနှစ်ဘောလုံးရာသီမှာ လူစားဝင် ကစားသမားအဖြစ်နဲ့ မိနစ်ပေါင်း ၆၂ မိနစ်ပဲ ကစားထားရသေးတာ ဖြစ်ပြီး ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကာဗာနီကို လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့် ဆောင်းရာသီ အပြောင်းအရွေ့မှာ ရာသီဝက် အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတာ ဖြစ်တယ်လို့ စပိန်မီဒီယာ များက ဖော်ပြလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ကာဗာနီကို နွေစျေးကွက်ကတည်းက ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီစျေးကွက်မှာ နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီအပြင် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းကိုပါ ပစ်မှတ်ထားနေပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ေစ်းကြက္အတြင္း မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး အက္ဆီဆင္ကာဗာနီကို ရာသီဝက္ အငွားစာခ်ဳပ္နဲ႕ ေခၚယူကမ္းလွမ္းသြားခ်င္ေနတယ္လို႔ သိရွိရၿပီး ကာဗာနီကိုယ္တိုင္ကလည္း အသင္းမွာ ေနရာေပ်ာက္ဆုံးေနတဲ့အတြက္ အသင္းေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူးေနတယ္လို႔ သိရပါတယ္။

ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းကေန ယူနိုက္တက္အသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းမွာ ေျခစြမ္းျပနိုင္ခဲ့ၿပီး တိုက္စစ္ကို အေကာင္းဆုံး ဦးေဆာင္နိုင္ခဲ့သလို ၿပီးခဲ့တဲ့ရာသီက ယူနိုက္တက္အတြက္ ၃၉ ပြဲမွာ ၁၇ ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေႏြရာသီက အသင္းေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ ေပမယ့္ ကာဗာနီဟာ ၂၀၂၂ အထိရွိမယ့္ ၁ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

သို႔ေပမယ့္ လက္ရွိေဘာလုံးရာသီမွာ ယူနိုက္တက္ဘက္က အသင္းရဲ႕ ကစားသမားသမားေဟာင္းေရာ္နယ္ဒိုကို အေထာင္တိုက္စစ္ေနရာ အတြက္ အသင္းဆီ ျပန္လည္ေခၚယူထားသလို အသင္းရဲ႕ တိုက္စစ္မွာလည္း ေရာ္နယ္ဒိုကိုသာ ေနရာေပးေနတာေၾကာင့္ ကာဗာနီအေနနဲ႕ သူရဲ႕ေက်ာနံပါတ္ ၇ ကို လက္လႊဲေပးခဲ့ၿပီး သူရဲ႕ပြဲထြက္ကစားခြင့္ေတြပါ ဆုံးရႈံးလာခဲ့ရတာ ျဖစ္ပါတယ္။

ကာဗာနီဟာ ယခုႏွစ္ေဘာလုံးရာသီမွာ လူစားဝင္ ကစားသမားအျဖစ္နဲ႕ မိနစ္ေပါင္း ၆၂ မိနစ္ပဲ ကစားထားရေသးတာ ျဖစ္ၿပီး ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ ကာဗာနီကို လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္အသင္းက လာမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ြ႕မွာ ရာသီဝက္ အငွားစာခ်ဳပ္နဲ႕ ေခၚယူသြားခ်င္ေနတာ ျဖစ္တယ္လို႔ စပိန္မီဒီယာ မ်ားက ေဖာ္ျပလာခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ကာဗာနီကို ေႏြေစ်းကြက္ကတည္းက ေခၚယူခ်င္ခဲ့တာ ျဖစ္ၿပီး လာမယ့္ ဇန္နဝါရီေစ်းကြက္မွာ ေနာက္တစ္ႀကိမ္ ထပ္မံကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ရီးရဲလ္ဟာ ယူနိုက္တက္ တိုက္စစ္မႉး ကာဗာနီအျပင္ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉး အူဘာမီယန္းကိုပါ ပစ္မွတ္ထားေနပါတယ္။