Spots news

ကလော့ပ်နဲ့လီဗာပူးကြောင့် ပိုကောင်းတဲ့နည်းပြဖြစ်လာတယ်ဆိုတဲ့ ဂွာဒီယိုလာ

Unicode Version

ဒီအပတ် Big Match ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးပွဲကြို အင်တာဗျူး မှာတော့ နှစ်သင်းမန်နေဂျာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တစ်သင်းနဲ့တစ်သင်း အပြန်အလှန် ချီးကျူးမှုတွေဖြင့်ပဲ မီဒီယာတွေ့ဆုံမှုကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ်မှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရတာဟာ သူ့အတွက် ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး နည်းပြကလော့ပ်နဲ့ လီဗာပူးအသင်းက ပြိုင်ဘက်ကောင်းများ ဖြစ်တဲ့အတွက် သူ့ကို နည်းပြအရည်အချင်းတွေ ပိုမိုတိုးတက် စေတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ကျနော့်အတွက်တော့ လီဗာပူးအသင်းဟာ
ဥရောပမှာအကောင်းဆုံးတစ်သင်းဖြစ်နေဆဲပါပဲ။ကလော့ပ်အသင်းက ကျနော့်ကိုပိုကောင်းတဲ့နည်းပြတဦးဖြစ်လာစေခဲ့တာပါ။သူက ကျနော့်ကိုနောက်တဆင့်တက်စေခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုတိုးတက်ဖို့နဲ့ အရင်ကထက်ပိုကောင်းတဲ့နည်းပြတဦး‌ဖြစ်လာစေခဲ့တယ်လို့ပြောလို့ရပါတယ်။အဲ့တာ‌တွေကြောင့်ပဲ အခုထိ ဒီရပ်ဝန်းထဲမှာ ကျနော်ရပ်တည်နေတာပါ ”

“ကျနော် ပရီးမီးယားလိဂ်ကိုခြေချတဲ့အချိန်ကတည်းက လီဗာပူးအသင်းကထိပ်ဆုံးမှာအမြဲရပ်တည်နေတာပါ။ပြီးခဲ့တဲ့လေးနှစ်အတွင်းလောက်ကဆိုရင် သူတို့အသင်းနဲ့ကျနော်တို့အသင်းအမြဲယှဉ်ပြိုင်နေခဲ့တာပါ။ကလပ်နှစ်သင်းကြား အကြီးမားဆုံးပြိုင်ဆိုင်မှုလို့တောင်ဆိုနိုင်ပါတယ်။ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေကအများကြီးပါ ”

“လီဗာပူးလိုအသင်းမျိုးနဲ့ပြိုင်ဘက်ဖြစ်ခွင့်ရတာဟာလည်း ကျနော်တို့အသင်းအတွက်ဂုဏ်ယူစရာပါပဲ။လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်ကဆိုရင် ကျနော်တို့သူတို့အသင်းကိုမယှဉ်နိုင်ခဲ့ပါဘူး။နှစ်ပေါင်းများစွာကြိုးစားလာပြီးနောက် ဂန္ထဝင်ကလပ်တွေရဲ့ပြိုင်ဘက်ဖြစ်လာခွင့်ရတာကြောင့်လည်း အတော်လေးကိုဂုဏ်ယူမိပါတယ်”

“အန်ဖီးလိုကွင်းမှာပရိတ်သတ်အပြည့်နဲ့ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်တဲ့အတွက် အတော်လေးကျေနပ်မိနေပါတယ်။စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားပွဲတပွဲကို ပရိတ်သတ်တွေကိုယ်တိုင်ကွင်းထဲလာရောက်အားပေးခွင့်ရတာက ဝမ်းသာစရာပါ။ ကျနော်တို့အကောင်းဆုံးကိုင်တွယ်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ် ” လို့ပြောဆိုသွားပါတယ်။

Zawgyi Version

ဒီအပတ္ Big Match ပြဲစဥ္တစ္ပြဲျဖစ္တဲ့ လီဗာပူးနဲ႕ မန္စီးတီးပြဲႀကိဳ အင္တာဗ်ဴး မွာေတာ့ ႏွစ္သင္းမန္ေနဂ်ာေတြဟာ တစ္ေယာက္နဲ႕ တစ္ေယာက္ တစ္သင္းနဲ႕တစ္သင္း အျပန္အလွန္ ခ်ီးက်ဴးမႈေတြျဖင့္ပဲ မီဒီယာေတြ႕ဆုံမႈကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း လုပ္သြားခဲ့ပါတယ္။

မန္စီးတီးအသင္းနည္းျပ ပက္ဂြာဒီယိုလာကေတာ့ ပရီးမီးယားလိဂ္မွာ နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းနဲ႕ ယွဥ္ၿပိဳင္ရတာဟာ သူ႕အတြက္ ျပင္းထန္တဲ့ ၿပိဳင္ပြဲတစ္ပြဲျဖစ္ၿပီး နည္းျပကေလာ့ပ္နဲ႕ လီဗာပူးအသင္းက ၿပိဳင္ဘက္ေကာင္းမ်ား ျဖစ္တဲ့အတြက္ သူ႕ကို နည္းျပအရည္အခ်င္းေတြ ပိုမိုတိုးတက္ ေစတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

“က်ေနာ့္အတြက္ေတာ့ လီဗာပူးအသင္းဟာ
ဥေရာပမွာအေကာင္းဆုံးတစ္သင္းျဖစ္ေနဆဲပါပဲ။ကေလာ့ပ္အသင္းက က်ေနာ့္ကိုပိုေကာင္းတဲ့နည္းျပတဦးျဖစ္လာေစခဲ့တာပါ။သူက က်ေနာ့္ကိုေနာက္တဆင့္တက္ေစခဲ့တယ္လို႔လည္းဆိုနိုင္ပါတယ္။ကိုယ့္ကိုယ္ကိုတိုးတက္ဖို႔နဲ႕ အရင္ကထက္ပိုေကာင္းတဲ့နည္းျပတဦး‌ျဖစ္လာေစခဲ့တယ္လို႔ေျပာလို႔ရပါတယ္။အဲ့တာ‌ေတြေၾကာင့္ပဲ အခုထိ ဒီရပ္ဝန္းထဲမွာ က်ေနာ္ရပ္တည္ေနတာပါ ”

“က်ေနာ္ ပရီးမီးယားလိဂ္ကိုေျခခ်တဲ့အခ်ိန္ကတည္းက လီဗာပူးအသင္းကထိပ္ဆုံးမွာအၿမဲရပ္တည္ေနတာပါ။ၿပီးခဲ့တဲ့ေလးႏွစ္အတြင္းေလာက္ကဆိုရင္ သူတို႔အသင္းနဲ႕က်ေနာ္တို႔အသင္းအၿမဲယွဥ္ၿပိဳင္ေနခဲ့တာပါ။ကလပ္ႏွစ္သင္းၾကား အႀကီးမားဆုံးၿပိဳင္ဆိုင္မႈလို႔ေတာင္ဆိုနိုင္ပါတယ္။ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္နိုင္တဲ့အသင္းေတြကအမ်ားႀကီးပါ ”

“လီဗာပူးလိုအသင္းမ်ိဳးနဲ႕ၿပိဳင္ဘက္ျဖစ္ခြင့္ရတာဟာလည္း က်ေနာ္တို႔အသင္းအတြက္ဂုဏ္ယူစရာပါပဲ။လြန္ခဲ့တဲ့ဆယ္ႏွစ္ဝန္းက်င္ေလာက္ကဆိုရင္ က်ေနာ္တို႔သူတို႔အသင္းကိုမယွဥ္နိုင္ခဲ့ပါဘူး။ႏွစ္ေပါင္းမ်ားစြာႀကိဳးစားလာၿပီးေနာက္ ဂႏၳဝင္ကလပ္ေတြရဲ႕ၿပိဳင္ဘက္ျဖစ္လာခြင့္ရတာေၾကာင့္လည္း အေတာ္ေလးကိုဂုဏ္ယူမိပါတယ္”

“အန္ဖီးလိုကြင္းမွာပရိတ္သတ္အျပည့္နဲ႕ျပန္လည္ရင္ဆိုင္ရေတာ့မွာျဖစ္တဲ့အတြက္ အေတာ္ေလးေက်နပ္မိေနပါတယ္။စိတ္လႈပ္ရွားစရာေကာင္းတဲ့ကစားပြဲတပြဲကို ပရိတ္သတ္ေတြကိုယ္တိုင္ကြင္းထဲလာေရာက္အားေပးခြင့္ရတာက ဝမ္းသာစရာပါ။ က်ေနာ္တို႔အေကာင္းဆုံးကိုင္တြယ္သြားနိုင္မယ္လို႔လည္း ယုံၾကည္မိပါတယ္ ” လို႔ေျပာဆိုသြားပါတယ္။