Spots news

ဆိုးရွားတဲ့ ဆိုးလ်ရှားကြောင့် “စနေမန်ချက် စီးပွားပျက်” ခဲ့ရတဲ့ မန်ယူနိုက်တက်

Unicode Version

ဒီတစ်ပတ် ပရီးမီးယားလိဂ် အစောဆုံးပွဲမှာတော့ ယူနိုက်တက်ဟာ အဲဗာတန်ကိုမာရှယ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တောင်ဆန်ရဲ့ချေပဂိုးကြောင့် ၁-၁ ရလဒ်နဲ့ကျေနပ်ခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်နှစ်ပွဲဆက်နိုင်ပွဲပျောက်မှုလည်း ဖြစ်လာခဲ့ကာ နှစ်ပွဲလုံးဟာ အိမ်ကွင်းမှာ အမှတ်လျော့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် လူစာရင်းကို ပိုင်ဆိုင်ထားပြီး ရော်နယ်ဒိုကို အနားပေးကာ ကာဗာနီနဲ့ ပွဲထွက်ခဲ့တဲ့ ယူနိုက်တက်ကတော့ အဓိကတိုက်စစ်ကစားသမားတွေ ဒဏ်ရာကြောင့် မပါနိုင်တဲ့ အဲဗာတန်ကို အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားခဲ့ရပေမယ့် ဆိုးရှား ဦးဆောင်တဲ့ အဖွဲ့ဟာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိပဲ သရေတစ်မှတ်တောင် ကံကောင်းလို့ ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ တပိုင်းလုံး ခြေမပေါ်ခဲ့တဲ့ မာရှယ်ရဲ့ ကြုံးကန်တဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့ပါတယ်။ မာရှယ်ဟာ ပရီးမီးယားလိဂ်မှာ ဖေဖော်ဝါရီဘကတည်းကပျောက်ဆုံးနေတဲ့ ဂိုးပေါက်ကိုပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဗာတန် အသင်းကို မာရှယ်က ဂိုးအများဆုံးသွင်းထားနိုင်ပြီး ၅ဂိုး ရှိနေပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဟာ အနိုင်ကို ပိုမိုသေချာစေမယ့် သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ဖို့ ပျက်ကွက်ခဲ့ပြီး ကစားပုံဟာ ဖြစ်သလို ကန်နေခဲ့တဲ့အတွက် ပွဲကစားချိန် ၆၅ မိနစ်မှာ ဖရက်ရဲ့ အမှားကနေ အဲဗာတန်ရဲ့ ကောင်တာကစားပုံကနေတဆင့် တောင်ဆန်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

တောင်ဆန်ဟာ နှစ်ရာသီဆက် အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ပဲလေ့စ်မှာကစားခဲ့တဲ့ ၅၈ ပွဲမှာ ၂ ဂိုးရခဲ့ပေမယ့် အဲဗာတန် နဲ့ ၇ ပွဲမှာတော့ ၃ ဂိုးအထိရထားခဲ့ပြီ ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ပေါ့ဘာကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ အမှတ်လျော့ခဲ့ပြန်ပါတယ်။

ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက်မှာ ကိုယ့်ထက် အင်အားအပြတ်နည်းတဲ့ ဗီလာ၊ အဲဗာတန်တို့နဲ့ပွဲမှာ အမှတ်တွေလျော့ခဲ့တာ စိတ်ပျက်စရာဖြစ်ပြ အဲဗာတန်ရဲ့ ဂိုးဟာ လူကျွံနေလို့ အနိုင်ဂိုးမပေးရတာ ကံကောင်းပါတယ်။ ယူနိုက်တက်ရဲ့လက်ရှိအနေအထားက နည်းပြရဲ့ အရည်အချင်း မပြည့်ဝမှု အသင်းလိုက် ကစားကွက် ညံ့ဖျင်းမှုကြောင့် ဘယ်ဆုဖလားကိုမှ မှန်းလို့မရပါဘူး။

Zawgyi Version

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ အေစာဆုံးပြဲမွာေတာ့ ယူနိုက္တက္ဟာ အဲဗာတန္ကိုမာရွယ္ရဲ႕ဂိုးနဲ႕ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ေတာင္ဆန္ရဲ႕ေခ်ပဂိုးေၾကာင့္ ၁-၁ ရလဒ္နဲ႕ေက်နပ္ခဲ့ရပါတယ္။ ဒါဟာ ယူနိုက္တက္အတြက္ ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္နိုင္ပြဲေပ်ာက္မႈလည္း ျဖစ္လာခဲ့ကာ ႏွစ္ပြဲလုံးဟာ အိမ္ကြင္းမွာ အမွတ္ေလ်ာ့ခဲ့ရတာလည္း ျဖစ္ပါတယ္။

ကမာၻ႔အဆင့္ လူစာရင္းကို ပိုင္ဆိုင္ထားၿပီး ေရာ္နယ္ဒိုကို အနားေပးကာ ကာဗာနီနဲ႕ ပြဲထြက္ခဲ့တဲ့ ယူနိုက္တက္ကေတာ့ အဓိကတိုက္စစ္ကစားသမားေတြ ဒဏ္ရာေၾကာင့္ မပါနိုင္တဲ့ အဲဗာတန္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ရင္ဆိုင္ကစားခဲ့ရေပမယ့္ ဆိုးရွား ဦးေဆာင္တဲ့ အဖြဲ႕ဟာ အနိုင္ရရွိေအာင္ စြမ္းေဆာင္နိုင္ျခင္းမရွိပဲ သေရတစ္မွတ္ေတာင္ ကံေကာင္းလို႔ ရခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ တပိုင္းလုံး ေျခမေပၚခဲ့တဲ့ မာရွယ္ရဲ႕ ႀကဳံးကန္တဲ့ သြင္းဂိုးနဲ႕ ဦးေဆာင္ထားခဲ့ပါတယ္။ မာရွယ္ဟာ ပရီးမီးယားလိဂ္မွာ ေဖေဖာ္ဝါရီဘကတည္းကေပ်ာက္ဆုံးေနတဲ့ ဂိုးေပါက္ကိုျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အဲဗာတန္ အသင္းကို မာရွယ္က ဂိုးအမ်ားဆုံးသြင္းထားနိုင္ၿပီး ၅ဂိုး ရွိေနပါတယ္။

ဒုတိယပိုင္းမွာေတာ့ ယူနိုက္တက္ဟာ အနိုင္ကို ပိုမိုေသခ်ာေစမယ့္ သြင္းဂိုးေတြ ထပ္မံသြင္းယူနိုင္ဖို႔ ပ်က္ကြက္ခဲ့ၿပီး ကစားပုံဟာ ျဖစ္သလို ကန္ေနခဲ့တဲ့အတြက္ ပြဲကစားခ်ိန္ ၆၅ မိနစ္မွာ ဖရက္ရဲ႕ အမွားကေန အဲဗာတန္ရဲ႕ ေကာင္တာကစားပုံကေနတဆင့္ ေတာင္ဆန္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳလိုက္ရတာေၾကာင့္ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။

ေတာင္ဆန္ဟာ ႏွစ္ရာသီဆက္ အိုးထရက္ဖို႔ဒ္မွာ ဂိုးသြင္းနိုင္ခဲ့တာျဖစ္ၿပီး သူ႕အေနနဲ႕ ပဲေလ့စ္မွာကစားခဲ့တဲ့ ၅၈ ပြဲမွာ ၂ ဂိုးရခဲ့ေပမယ့္ အဲဗာတန္ နဲ႕ ၇ ပြဲမွာေတာ့ ၃ ဂိုးအထိရထားခဲ့ၿပီ ျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ ေပါ့ဘာကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ တစ္ဖက္တစ္ဂိုးစီနဲ႕ သေရက်ခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္ဟာ အိမ္ကြင္းမွာ အမွတ္ေလ်ာ့ခဲ့ျပန္ပါတယ္။

ပရီးမီးယားလိဂ္ အိမ္ကြင္း ၂ ပြဲဆက္မွာ ကိုယ့္ထက္ အင္အားအျပတ္နည္းတဲ့ ဗီလာ၊ အဲဗာတန္တို႔နဲ႕ပြဲမွာ အမွတ္ေတြေလ်ာ့ခဲ့တာ စိတ္ပ်က္စရာျဖစ္ျပ အဲဗာတန္ရဲ႕ ဂိုးဟာ လူကြၽံေနလို႔ အနိုင္ဂိုးမေပးရတာ ကံေကာင္းပါတယ္။ ယူနိုက္တက္ရဲ႕လက္ရွိအေနအထားက နည္းျပရဲ႕ အရည္အခ်င္း မျပည့္ဝမႈ အသင္းလိုက္ ကစားကြက္ ညံ့ဖ်င္းမႈေၾကာင့္ ဘယ္ဆုဖလားကိုမွ မွန္းလို႔မရပါဘူး။