Unicode Version
ယူနိုက်တက်နဲ့အဲဗာတန်တို့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ အသင်းရဲ့ရလဒ်ပိုင်းနဲ့ ခြေစွမ်းအပေါ် ရော်နယ်ဒို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ယူနိုက်တက်ဟာ ပထမပိုင်းမှာ မာရှယ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အဲဗာတန် ကစားသမား တောင်းဆန့်ရဲ့ချေပဂိုးကြောင့် အိမ်ကွင်းမှာ အမှတ်ဆုံးရှုံးခဲ့ရတာပါ။
ဒီပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ကစားသမား စာရင်းမှာ မပါဝင်ခဲ့ဘဲ ဒုတိယပိုင်းမှသာ လူစားဝင်ကစားခဲ့တာပါ။ ရော်နယ်ဒို လူစားဝင်လာပြီး မကြာခင်မှာပဲ ယူနိုက်တက်တို့ ချေပဂိုးပေးခဲ့ရသလို ပွဲကစားချိန် နောက်ပိုင်းမိနစ်တွေမှာလည်း ယူနိုက်တက်တို့ အနိုင်ဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
အဲ့ဒါကြောင့် ပွဲအပြီးမှာတော့ ရော်နယ်ဒို စိတ်ပျက်လက်ပျက်နဲ့ ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုက ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ခေါင်းတယမ်းယမ်းနဲ့ ဒေါသထွက်ရင်း ကွင်းထဲက ထွက်ခွာသွားခဲ့တာပါ။ ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ပတ်သက်လို့လည်း ဖာဒီနန်က နားလည်ပေးနိုင်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါသေးတယ်။
ဖာဒီနန်က “ရော်နယ်ဒိုက ဒီပွဲရလဒ်ကို စိတ်ပျက်ခဲ့မှာပါ။ သူက ၅ ဂိုးသွင်းထားပြီး ဒီပွဲမှာလည်း ဒီအနေအထားကို ဆက်ထိန်းချင်၊ အသင်းကိုလည်း နိုင်ပွဲရစေချင်ပါလိမ့်မယ်။ သူ စိတ်ပျက်ရတာကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်”
“အသင်းရဲ့ ကစားသမားအင်အားက ယူနိုက်တက်အတွက် ဒီပွဲကိုနိုင်ဖို့ လုံလောက်ပါတယ်။ အဲဗာတန်မှာ ဦးစားပေး တိုက်စစ်မှူးတွေ မပါခဲ့ပါဘူး။ ၉ ပွဲဆက်တိုက် ဂိုးတွေပေးရတာ ယူနိုက်တက်အတွက် ဆိုးရွားတဲ့မှတ်တမ်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
Zawgyi Version
ယူနိုက္တက္နဲ႕အဲဗာတန္တို႔ တစ္ဖက္တစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာ အသင္းရဲ႕ရလဒ္ပိုင္းနဲ႕ ေျခစြမ္းအေပၚ ေရာ္နယ္ဒို စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့တယ္လို႔ သိရွိရပါတယ္။ယူနိုက္တက္ဟာ ပထမပိုင္းမွာ မာရှယ် ဂိုးနဲ႕ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အဲဗာတန္ ကစားသမား ေတာင္းဆန့္ရဲ႕ေခ်ပဂိုးေၾကာင့္ အိမ္ကြင္းမွာ အမွတ္ဆုံးရႈံးခဲ့ရတာပါ။
ဒီပြဲမွာ ေရာ္နယ္ဒိုက ပြဲထြက္ကစားသမား စာရင္းမွာ မပါဝင္ခဲ့ဘဲ ဒုတိယပိုင္းမွသာ လူစားဝင္ကစားခဲ့တာပါ။ ေရာ္နယ္ဒို လူစားဝင္လာၿပီး မၾကာခင္မွာပဲ ယူနိုက္တက္တို႔ ေခ်ပဂိုးေပးခဲ့ရသလို ပြဲကစားခ်ိန္ ေနာက္ပိုင္းမိနစ္ေတြမွာလည္း ယူနိုက္တက္တို႔ အနိုင္ဂိုးရရွိဖို႔ ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။
အဲ့ဒါေၾကာင့္ ပြဲအၿပီးမွာေတာ့ ေရာ္နယ္ဒို စိတ္ပ်က္လက္ပ်က္နဲ႕ ေပါက္ကြဲခဲ့တာျဖစ္ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုက ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာ ေခါင္းတယမ္းယမ္းနဲ႕ ေဒါသထြက္ရင္း ကြင္းထဲက ထြက္ခြာသြားခဲ့တာပါ။ ေရာ္နယ္ဒိုရဲ႕ အျပဳအမူနဲ႕ပတ္သက္လို႔လည္း ဖာဒီနန္က နားလည္ေပးနိုင္တယ္လို႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါေသးတယ္။
ဖာဒီနန္က “ေရာ္နယ္ဒိုက ဒီပြဲရလဒ္ကို စိတ္ပ်က္ခဲ့မွာပါ။ သူက ၅ ဂိုးသြင္းထားၿပီး ဒီပြဲမွာလည္း ဒီအေနအထားကို ဆက္ထိန္းခ်င္၊ အသင္းကိုလည္း နိုင္ပြဲရေစခ်င္ပါလိမ့္မယ္။ သူ စိတ္ပ်က္ရတာကို ကြၽန္ေတာ္နားလည္ေပးနိုင္ပါတယ္”
“အသင္းရဲ႕ ကစားသမားအင္အားက ယူနိုက္တက္အတြက္ ဒီပြဲကိုနိုင္ဖို႔ လုံေလာက္ပါတယ္။ အဲဗာတန္မွာ ဦးစားေပး တိုက္စစ္မႉးေတြ မပါခဲ့ပါဘူး။ ၉ ပြဲဆက္တိုက္ ဂိုးေတြေပးရတာ ယူနိုက္တက္အတြက္ ဆိုး႐ြားတဲ့မွတ္တမ္းပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။