Spots news

ချဲလ်ဆီးရဲ့သက်တော်ရှည်ကစားသမား ပီယာဇွန် အပြီးသတ်ထွက်ခွာတော့မည်

လူးကပ်စ်ပီယာဇွန်ဟာရီယိုအေဗီတွင်အငှားချဖြင့်သွားကစားမှုကိုအဆုံးသတ်လိုက်ပြီးနောက်ကိုးနှစ်ကြာ ကစားလာခဲ့တဲ့ချဲလ်ဆီးမှအပြီးသတ်ထွက်ခွာတော့မှာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ပီယာဇွန်ကိုခေါ်ယူရန်ကလပ်သုံးခုတို့ကချဲလ်ဆီးနှင့်ဆွေးနွေးနေပြီးကလပ်သုံးခုအမည်ကိုတော့ မသိရသေးပါဘူး။ချဲလ်ဆီးဟာယခုရာသီအကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့်ပီယာဇွန်ကိုဇန်နဝါရီမှာဘဲ အပြီး သတ်ရောင်းချသွားတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာခြောက်လစာချုပ်သာကျန်တော့တဲ့ပီယာဇွန်ကိုအပြီးသတ်ရောင်းချပြီးငွေရှာဖွေဖို့ကြိုးပမ်းသွားမှာ လည်းဖြစ်ပါတယ်။သူဟာလက်ရှိ ချဲလ်ဆီးအသင်းလက်အောက်မှကစားသမားများထဲမှာချဲလ်ဆီးကစားသမားဘဝသက်တမ်းအရှည်ကြာဆုံးကစားသမားများထဲမှတစ်ဦးလည်းဖြစ်ပါတယ်။

ကာကာလက်သစ်အဖြစ်ခိုင်းနှိုင်းခြင်းခံခဲ့ရဖူးတဲ့ပီယာဇွန်ဟာ၂၀၁၂ခုနှစ်တွင်ဆာအိုပေါ်လိုမှပေါင်၅သန်းဖြင့် ချဲလ်ဆီးသို့ရောက်လာသူဖြစ်ပြီးချဲလ်ဆီးရဲ့အလားအလာအကောင်းဆုံးလူငယ်ပါရမီရှင်များထဲမှတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ပီယာဇွန်လဟာချဲလ်ဆီးမှာရှိတဲ့ကိုးနှစ်တာကာလအတွင်းမှာသုံးပွဲတည်းသာကစားခွင့်ရခဲ့ပြီးမာလာဂါ၊ဗီတက်စ်စီ၊ဖရန့်ဖတ်၊ရီးဒင်း၊ဖူလ်ဟမ်၊ချီယေဗို၊ရီယိုအေဗီစတဲ့အသင်းများသို့အငှားဖြင့်သွားကစားခဲ့ရပါတယ်။

သူဟာဘရာဇီးယူ-၁၅၊ ယူ-၁၇၊ ယူ-၂၀နှင့်ယူ-၂၃အသင်းတို့တွင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

Zawgyi

လူးကပ္စ္ပီယာဇြန္ဟာရီယိုေအဗီတြင္အငွားခ်ျဖင့္သြားကစားမႈကိုအဆုံးသတ္လိုက္ၿပီးေနာက္ကိုးႏွစ္ၾကာ ကစားလာခဲ့တဲ့ခ်ဲလ္ဆီးမွအၿပီးသတ္ထြက္ခြာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ပီယာဇြန္ကိုေခၚယူရန္ကလပ္သုံးခုတို႔ကခ်ဲလ္ဆီးႏွင့္ေဆြးေႏြးေနၿပီးကလပ္သုံးခုအမည္ကိုေတာ့ မသိရေသးပါဘူး။ခ်ဲလ္ဆီးဟာယခုရာသီအကုန္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ပီယာဇြန္ကိုဇန္နဝါရီမွာဘဲ အၿပီး သတ္ေရာင္းခ်သြားေတာ့မွာျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာေျခာက္လစာခ်ဳပ္သာက်န္ေတာ့တဲ့ပီယာဇြန္ကိုအၿပီးသတ္ေရာင္းခ်ၿပီးေငြရွာေဖြဖို႔ႀကိဳးပမ္းသြားမွာ လည္းျဖစ္ပါတယ္။သူဟာလက္ရွိ ခ်ဲလ္ဆီးအသင္းလက္ေအာက္မွကစားသမားမ်ားထဲမွာခ်ဲလ္ဆီးကစားသမားဘဝသက္တမ္းအရွည္ၾကာဆုံးကစားသမားမ်ားထဲမွတစ္ဦးလည္းျဖစ္ပါတယ္။ကာကာလက္သစ္အျဖစ္ခိုင္းႏွိုင္းျခင္းခံခဲ့ရဖူးတဲ့ပီယာဇြန္ဟာ၂၀၁၂ခုႏွစ္တြင္ဆာအိုေပၚလိုမွေပါင္၅သန္းျဖင့္ ခ်ဲလ္ဆီးသို႔ေရာက္လာသူျဖစ္ၿပီးခ်ဲလ္ဆီးရဲ႕အလားအလာအေကာင္းဆုံးလူငယ္ပါရမီရွင္မ်ားထဲမွတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ပီယာဇြန္လဟာခ်ဲလ္ဆီးမွာရွိတဲ့ကိုးႏွစ္တာကာလအတြင္းမွာသုံးပြဲတည္းသာကစားခြင့္ရခဲ့ၿပီးမာလာဂါ၊ဗီတက္စ္စီ၊ဖရန႔္ဖတ္၊ရီးဒင္း၊ဖူလ္ဟမ္၊ခ်ီေယဗို၊ရီယိုေအဗီစတဲ့အသင္းမ်ားသို႔အငွားျဖင့္သြားကစားခဲ့ရပါတယ္။သူဟာဘရာဇီးယူ-၁၅၊ ယူ-၁၇၊ ယူ-၂၀ႏွင့္ယူ-၂၃အသင္းတို႔တြင္ကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။