Spots news

MNM တိုက်စစ်အတွဲ ပိုကောင်းလာမယ်လို့ ပြိုင်ဘက်တွေကို မက်ဆီ သတိပေး

Unicode Version

ချန်ပီယံလိဂ် ပွဲစဥ်မှာ မန်စီးတီးကို ၂ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးမက်ဆီက နေမာ၊ အမ်ဘာပီနဲ့ မိမိတို့ ၃ ဦးပေါင်းစပ်ထားတဲ့ MNM တိုက်စစ်က တပွဲထက်တပွဲ ပိုကောင်းလာမယ်လို့ ပြောပါတယ်။

မန်စီးတီးနဲ့ပွဲကသွင်းဂိုးဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့လာတဲ့ မက်ဆီအတွက် အသင်းသစ်နဲ့အတူ ပထမဆုံးသွင်းယူနိုင်တဲ့ သွင်းဂိုးလည်း ဖြစ်လာပါတယ်။ ဒါဟာ ပထမ ၃ ပွဲမှာ ဂိုးမသွင်နိုင်လို့ ဝေဖန်ခံခဲ့ရတဲ့ အာဂျင်တိုင်းကပ္ပတိန်အတွက် ဖိအားလျော့ပါးစေတဲ့ သွင်းဂိုးလို့လည်း ဆိုနိုင်ပါတယ်။

၃၄ နှစ်အရွယ် မက်ဆီဟာ ပွဲချိန် ၇၄ မိနစ်မှာ အမ်ဘာပီနဲ့ ဝမ်းတူးရိုက်ပြီး ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့လှလှပပကန်သွင်းယူခဲ့တာပါ။ အုပ်စုပွဲစဉ် ၁ မှာ ဘရုဂျက်နဲ့ သရေကျထားတဲ့အတွက် မန်စီးတီးနိုင်ပွဲက အင်မတန်အရေးပါပြီး မိမိအတွက်လည်း ပြည့်စုံလှပတဲ့ ချန်ပီယံလိဂ်ညတညဖြစ်ခဲ့ကြောင်းလည်း မက်ဆီက ပြောပါတယ်။

“ ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ပြည့်စုံတဲ့ ညတညဖြစ်ခဲ့ပါတယ်။ ဘရုဂျက်နဲ့ သရေကျတဲ့ပွဲနောက်ပိုင်း ဒီပွဲက ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့နိုင်ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းနိုင်တဲ့အတွက်လည်း ကျွန်တော်ပျော်ရွှင်မိပါတယ်။ ကျွန်တော်လည်း တဖြည်းဖြည်းချင်း အသင်းနဲ့ အထိုင်ကျလာပါတယ်။

အရေးကြီးတာက အနိုင်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးယောက်ရဲ့ဆက်ဆံရေးက တပွဲချင်းစီအလိုက် ပိုကောင်းလာပါတယ်။ နားလည်မှုပိုကောင်းလာသလို ကစားတဲ့အဆင့်ကလည်း မြင့်တက်လာတယ်။ ဆက်ပြီးတော့လည်း ပိုကောင်းလာဦးမှာပါ ” လို့ မက်ဆီက ပြင်သစ်ရုပ်သံ Canal+ နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

Zawgyi Version

ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ မန္စီးတီးကို ၂ ဂိုးျပတ္အနိုင္ရတဲ့ပြဲမွာ ပီအက္စ္ဂ်ီအတြက္ ဒုတိယအနိုင္ဂိုး သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉးမက္ဆီက ေနမာ၊ အမ္ဘာပီနဲ႕ မိမိတို႔ ၃ ဦးေပါင္းစပ္ထားတဲ့ MNM တိုက္စစ္က တပြဲထက္တပြဲ ပိုေကာင္းလာမယ္လို႔ ေျပာပါတယ္။

မန္စီးတီးနဲ႕ပြဲကသြင္းဂိုးဟာ ဘာစီလိုနာကေန ေျပာင္းေ႐ႊ႕လာတဲ့ မက္ဆီအတြက္ အသင္းသစ္နဲ႕အတူ ပထမဆုံးသြင္းယူနိုင္တဲ့ သြင္းဂိုးလည္း ျဖစ္လာပါတယ္။ ဒါဟာ ပထမ ၃ ပြဲမွာ ဂိုးမသြင္နိုင္လို႔ ေဝဖန္ခံခဲ့ရတဲ့ အာဂ်င္တိုင္းကပၸတိန္အတြက္ ဖိအားေလ်ာ့ပါးေစတဲ့ သြင္းဂိုးလို႔လည္း ဆိုနိုင္ပါတယ္။

၃၄ ႏွစ္အ႐ြယ္ မက္ဆီဟာ ပြဲခ်ိန္ ၇၄ မိနစ္မွာ အမ္ဘာပီနဲ႕ ဝမ္းတူးရိုက္ၿပီး ဂိုးဧရိယာထိပ္ကေန ဘယ္ေျခနဲ႕လွလွပပကန္သြင္းယူခဲ့တာပါ။ အုပ္စုပြဲစဥ္ ၁ မွာ ဘ႐ုဂ်က္နဲ႕ သေရက်ထားတဲ့အတြက္ မန္စီးတီးနိုင္ပြဲက အင္မတန္အေရးပါၿပီး မိမိအတြက္လည္း ျပည့္စုံလွပတဲ့ ခ်န္ပီယံလိဂ္ညတညျဖစ္ခဲ့ေၾကာင္းလည္း မက္ဆီက ေျပာပါတယ္။

“ ၿပိဳင္ဘက္ေကာင္းနဲ႕ ရင္ဆိုင္ကစားခဲ့ရၿပီး ျပည့္စုံတဲ့ ညတညျဖစ္ခဲ့ပါတယ္။ ဘ႐ုဂ်က္နဲ႕ သေရက်တဲ့ပြဲေနာက္ပိုင္း ဒီပြဲက ကြၽန္ေတာ္တို႔အသင္းအတြက္ အေရးပါတဲ့နိုင္ပြဲတပြဲ ျဖစ္ခဲ့ပါတယ္။ ဂိုးသြင္းနိုင္တဲ့အတြက္လည္း ကြၽန္ေတာ္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္လည္း တျဖည္းျဖည္းခ်င္း အသင္းနဲ႕ အထိုင္က်လာပါတယ္။

အေရးႀကီးတာက အနိုင္ကို ဆက္လက္ထိန္းသိမ္းနိုင္ဖို႔ပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ သုံးေယာက္ရဲ႕ဆက္ဆံေရးက တပြဲခ်င္းစီအလိုက္ ပိုေကာင္းလာပါတယ္။ နားလည္မႈပိုေကာင္းလာသလို ကစားတဲ့အဆင့္ကလည္း ျမင့္တက္လာတယ္။ ဆက္ၿပီးေတာ့လည္း ပိုေကာင္းလာဦးမွာပါ ” လို႔ မက္ဆီက ျပင္သစ္႐ုပ္သံ Canal+ နဲ႕ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။