Spots news

အသင်းသားတွေအကုန်လုံး ကို့ယ်အမှားကို သုံးသပ်ကြဖို့ ဖာနန်ဒက်စ် သတိပေး

Unicode Version

ဒီတစ်ပတ် ပရီးမီးယားလိဂ် အစောဆုံးပွဲမှာတော့ ယူနိုက်တက်ဟာ အဲဗာတန်ကိုမာရှယ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တောင်ဆန်ရဲ့ချေပဂိုးကြောင့် ၁-၁ ရလဒ်နဲ့ကျေနပ်ခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်နှစ်ပွဲဆက်နိုင်ပွဲပျောက်မှုလည်း ဖြစ်လာခဲ့ကာ နှစ်ပွဲလုံးဟာ အိမ်ကွင်းမှာ အမှတ်လျော့ခဲ့ရတာလည်း ဖြစ်ပါတယ်။

အိမ်ကွင်းမှာ နှစ်ပွဲဆက် အမှတ်လျော့ခဲ့တဲ့အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အတော်‌လေး စိတ်ပျက်ခဲ့ပြီး အသင်းအနေနဲ့ လိုအပ်ချက်အကုန်လုံးကို ဖြည့်စွက်ပြီး အမှားတွေကို ပြင်ဆင်ချိန်ရောက်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ဘရူနိုဟာ ယူနိုက်တက်အတွက် ပရီမီးယားလိဂ် ၅၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးပေးမှု နှစ်ခုပေါင်း ၅၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ညကပွဲစဉ်မှာလဲ ပထမပိုင်း ၄၃ မိနစ်က မာရှယ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

” ဒီပွဲကို ကျွန်တော်တို့ အနိုင်ရသင့်ပါတယ်။ ကျွန်တော်တို့တွေ အခွင့်အရေးတွေကို ဒီထက်ပိုပြီး ဖန်တီးနိုင်သင့်တယ်။ ပြီးတော့ ဒီလိုမျိုး ဂိုးတွေကိုလည်း ခွင့်ပြုလိုက်လို့မရပါဘူး။ ဒါဟာ ပထမဆုံးအကြိမ်လည်းမဟုတ်တော့ဘူး၊ ကျွန်တော်တို့တွေ ကိုယ့်အမှားတွေကို ပြန်လည်သုံးသပ်ဖို့လိုလာပြီး

ဒီအမှားတွေကို ဘယ်လိုပြင်ဆင်နိုင်မလဲ ကြည့်ကြတာပေါ့။ အခုအချိန်မှာ အမှတ်ပေးဇယားရ ပ်တည်မှုကို မကြည့်နေသေးပေမဲ့ ကျွန်တော်တို့ အခုထက်ပိုပြီး အမှတ်ရသင့်ပါတယ်။ အိမ်ကွင်းမှာ အမှတ်တွေဆုံးရှုံးနေပြီး ကျွန်တော်တို့ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး။

အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၂ပွဲ လုံးမှာ လုံးဝ မကောင်းခဲ့ပါဘူး။ တကယ်လို့ ရာသီကုန်မှာ ဆုတံဆိပ်လိုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီထက်အများကြီးပိုကောင်းအောင် ပြင်ဆင်ဖို့လိုနေပါပြီ “ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version





