Unicode Version
အက်သလက်တီကိုမက်ဒရစ်က ဘာစီလိုနာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာတော့ ဆွာရက်ဇ်ဟာ အသင်းဟောင်းကို အနိုင်ဂိုးတစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းဟောင်းနဲ့ ပြန်တွေ့ချိန်မှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးဖြစ်ပြီး ဒီဂိုးအတွက်တော့ ဆွာရက်ဇ်က အောင်ပွဲခံခြင်းမရှိဘဲ အသင်းဟောင်းအပေါ် လေးစားမှုပြသခဲ့ပါတယ်။
ဂိုးရအပြီးမှာ ဆွာရက်ဇ်က ပရိသတ်တွေဘက်လှည့်ကာ လက်အုပ်ချီပြခဲ့ပြီး သူ့ရဲ့ဂိုးအတွက် တောင်းပန်ဖို့ အမူအယာနဲ့ပြသသွားခဲ့တာဖြစ်ပါတယ်။ အသင်းဖော်တွေကတော့ အောင်ပွဲခံနေခဲ့ပေမယ့် ဆွာရက်ဇ်က ပရိသတ်တွေကို တောင်းပန်မှုသာပြုလုပ်ပြခဲ့ပြီး ဒီပွဲမတိုင်ခင် သူ ကြိုတင်ပြောဆိုထားသလို အောင်ပွဲခံမှာမဟုတ်ဘူးဆိုတဲ့အတိုင်း လုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ ဘာစီလိုနာကနေ နာကျင်စွာနဲ့ ထွက်ခွာခဲ့ရသူဖြစ်ပါတယ်။ အခုအချိန်ထိ ဒီအပေါ်မှာ ဆွာရက်ဇ်က ခံစားနေရဆဲဖြစ်ပြီး အသင်းကနေမထွက်ချင်ဘဲ ထွက်ခဲ့ရတယ်လို့လည်း ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးသွင်းအပြီး သူ့ရဲ့အမူအယာကတော့ အသင်းဟောင်းနဲ့ပရိသတ်အပေါ် လေးစားမှုအပြည့်ရှိနေတယ်ဆိုတာကို ဖော်ပြနိုင်ခဲ့ပြီး ပရိသတ်တွေအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။
ဆွာရက်ဇ်အတွက်တော့ ဒီဂိုးက ဒီရာသီရဲ့ ၄ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ သူ ရင်ဆိုင်ခဲ့ဖူးတဲ့ လာလီဂါကလပ်အားလုံးကို ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပြီး အသင်းဟောင်းဘာစီလိုနာကတော့ ၃၁ သင်းမြောက်ဖြစ်လာခဲ့ပါတယ်။
ဂိုးသွင်းအပြီး အောင်ပွဲမခံခဲ့ပေမယ့် ဆွာရက်ဇ်ဟာ ဖုန်းဆက်သွယ်ဟန်အမူအယာလုပ်ပြခဲ့ပြီး ဘာကာနည်းပြရော်နယ်ကိုးမန်းကို လှောင်ပြောင်ခဲ့ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပြီး ဆွာရက်ဇ်ကတော့ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ကာ သူ့နံပါတ်ကိုသိသူတွေအတွက်ရည်ရွယ်တာလို့ ဖြေရှင်းခဲ့ပါတယ်။
၂၀၂၀ စက်တင်ဘာလတုန်းက ကိုးမန်းဟာ ဆွာရက်ဇ်ဆီဖုန်းခေါ်ဆိုပြီး သူ့ရဲ့စီမံကိန်းတွေမှာ မပါဝင်တဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ ဆွာရက်ဇ်က ဘာစီလိုနာကို ဂီုးသွင်းပြီး ဖုန်းဆက်ဟန်ပြသကာ ပြန်တုံ့ပြန်ခဲ့တာဖြစ်မယ်လို့ အားလုံးကယူဆနေကြပါတယ်။
Zawgyi Version
အက္သလက္တီကိုမက္ဒရစ္က ဘာစီလိုနာကို ၂-၀ နဲ႕ အနိုင္ရရွိခဲ့တဲ့ မေန႕ညက ပြဲစဥ္မွာေတာ့ ဆြာရက္ဇ္ဟာ အသင္းေဟာင္းကို အနိုင္ဂိုးတစ္ဂိုးျပန္လည္သြင္းယူနိုင္ခဲ့ပါတယ္။ အသင္းေဟာင္းနဲ႕ ျပန္ေတြ႕ခ်ိန္မွာ ပထမဆုံးသြင္းယူနိုင္ခဲ့တဲ့ဂိုးျဖစ္ၿပီး ဒီဂိုးအတြက္ေတာ့ ဆြာရက္ဇ္က ေအာင္ပြဲခံျခင္းမရွိဘဲ အသင္းေဟာင္းအေပၚ ေလးစားမႈျပသခဲ့ပါတယ္။
ဂိုးရအၿပီးမွာ ဆြာရက္ဇ္က ပရိသတ္ေတြဘက္လွည့္ကာ လက္အုပ္ခ်ီျပခဲ့ၿပီး သူ႕ရဲ႕ဂိုးအတြက္ ေတာင္းပန္ဖို႔ အမူအယာနဲ႕ျပသသြားခဲ့တာျဖစ္ပါတယ္။ အသင္းေဖာ္ေတြကေတာ့ ေအာင္ပြဲခံေနခဲ့ေပမယ့္ ဆြာရက္ဇ္က ပရိသတ္ေတြကို ေတာင္းပန္မႈသာျပဳလုပ္ျပခဲ့ၿပီး ဒီပြဲမတိုင္ခင္ သူ ႀကိဳတင္ေျပာဆိုထားသလို ေအာင္ပြဲခံမွာမဟုတ္ဘူးဆိုတဲ့အတိုင္း လုပ္ျပခဲ့တာလည္းျဖစ္ပါတယ္။
ဥ႐ုေဂြးတိုက္စစ္မႉးဟာ ဘာစီလိုနာကေန နာက်င္စြာနဲ႕ ထြက္ခြာခဲ့ရသူျဖစ္ပါတယ္။ အခုအခ်ိန္ထိ ဒီအေပၚမွာ ဆြာရက္ဇ္က ခံစားေနရဆဲျဖစ္ၿပီး အသင္းကေနမထြက္ခ်င္ဘဲ ထြက္ခဲ့ရတယ္လို႔လည္း ဝန္ခံေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဂိုးသြင္းအၿပီး သူ႕ရဲ႕အမူအယာကေတာ့ အသင္းေဟာင္းနဲ႕ပရိသတ္အေပၚ ေလးစားမႈအျပည့္ရွိေနတယ္ဆိုတာကို ေဖာ္ျပနိုင္ခဲ့ၿပီး ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။
ဆြာရက္ဇ္အတြက္ေတာ့ ဒီဂိုးက ဒီရာသီရဲ႕ ၄ ဂိုးေျမာက္သြင္းဂိုးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ၇ ႏွစ္အတြင္းမွာ သူ ရင္ဆိုင္ခဲ့ဖူးတဲ့ လာလီဂါကလပ္အားလုံးကို ဂိုးသြင္းနိုင္တဲ့ မွတ္တမ္းကိုလည္း ပိုင္ဆိုင္ခဲ့ၿပီး အသင္းေဟာင္းဘာစီလိုနာကေတာ့ ၃၁ သင္းေျမာက္ျဖစ္လာခဲ့ပါတယ္။
ဂိုးသြင္းအၿပီး ေအာင္ပြဲမခံခဲ့ေပမယ့္ ဆြာရက္ဇ္ဟာ ဖုန္းဆက္သြယ္ဟန္အမူအယာလုပ္ျပခဲ့ၿပီး ဘာကာနည္းျပေရာ္နယ္ကိုးမန္းကို ေလွာင္ေျပာင္ခဲ့ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေနၿပီး ဆြာရက္ဇ္ကေတာ့ မဟုတ္ဘူးလို႔ ျငင္းဆိုခဲ့ကာ သူ႕နံပါတ္ကိုသိသူေတြအတြက္ရည္႐ြယ္တာလို႔ ေျဖရွင္းခဲ့ပါတယ္။
၂၀၂၀ စက္တင္ဘာလတုန္းက ကိုးမန္းဟာ ဆြာရက္ဇ္ဆီဖုန္းေခၚဆိုၿပီး သူ႕ရဲ႕စီမံကိန္းေတြမွာ မပါဝင္တဲ့အေၾကာင္းကို ေျပာဆိုခဲ့ပါတယ္။ တစ္ႏွစ္အၾကာမွာေတာ့ ဆြာရက္ဇ္က ဘာစီလိုနာကို ဂီုးသြင္းၿပီး ဖုန္းဆက္ဟန္ျပသကာ ျပန္တုံ႕ျပန္ခဲ့တာျဖစ္မယ္လို႔ အားလုံးကယူဆေနၾကပါတယ္။