Spots news

ယူနိုက်တက်ကစားသမားဖြစ်ပြီး လူချသင့်ရင် လူချလို့ ဖရက်ဒ်ကို ဟားဂရေ့စ် သတိပေး

Unicode Version

ယူနိုက်တက်နဲ့ အဲဗာတန်တို့ ပွဲစဉ်ဟာ အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်တို့ဟာ သရေတစ်မှတ်သာ ယူဆောင်နိုင်ခဲ့တဲ့အတွက် ဝေဖန်သံတွေ ဆူညံနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းမှာ မာရှယ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အဲဗာတန် ကစားသမား တောင်းဆန့်ရဲ့ချေပဂိုးကြောင့် အိမ်ကွင်းမှာ အမှတ်ဆုံးရှုံးခဲ့ရတာပါ။

အဆိုပါ ပေးဂိုးမှာတော့ ယူနိုက်တက်ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ကောင်တာ ပြန်ပေးခဲ့ရတာ ဖြစ်ပြီး အဲဗာတန် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒီမာရိုင်း ဂရေးဟာ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ကို အင်အားသုံး ကျော်ဖြတ်ခဲ့ပြီး ဒူကူရေးဆီ ပေးပို့ခဲ့တဲ့ အတွက် ဖရက်ဒ်ဟာ ပေးဂိုး ပေးဆောင်ရေးမှာ အဓိက မှားခဲ့သူ ဖြစ်ခဲ့ရပါတယ်။

အခုတော့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်က ပေးဂိုးမှာအမှားကြီး ကျူးလွန်ခဲ့တဲ့ ဖရက်ဒ်ကို ဝေဖန်ထိုးနှက်လိုက်ပြီး ဆာအဲလက်စ် ဖာဂူဆန် လက်အောက်မှာသာ ဒီလိုဆိုရင် ဖရက်ဒ်ဟာ တစ်လလောက် ပွဲကစားခွင့် ပျောက်ဆုံးသွားမှာ ဖြစ်ပြီး ဂိုးမပေးရရေး လူချသင့်ရင် လူချလိုက်ဖို့ သတိပေးခဲ့လိုက် ပါတယ်။

” အဲဗာတန် နဲ့ပွဲကို နိုင်သင့်တယ်။ ဒါပေမယ့် ငါတို့မှာ ရှိတဲ့ ကစားသမား အင်အားကိုက မယှဥ်နိုင်ဖြစ်နေ တာလား။ တော်မီနေးနဲ့ ဖရက်ဒ် တို့ရဲကွင်းလယ်အတွဲက ကုန်ဆုံးသွားပြီး ထိရောက်မှုမရှိဘူး။ ဘာမှလုပ်လို့ မရတော့ဘူး။ဘာတွေလျှောက်လုပ်နေမှန်းလဲမသိဘူး။ အဲဒီလိုဂိုးခွင့်ပြုလိုက်ရတာ ရှက်စရာ ကောင်းတယ်။ ”

မက်ဂွိုင်းယား မပါနိုင်တာက တပိုင်းပေါ့။ ဖရက်ဒ် က သူလုပ် ရမဲ့အလုပ်တာဝန်ကို မေ့နေတယ်ထင်တယ်။ ဆာအဲလက်စ်ဆိုရင် ၁ လလောက် ပြင်းပြင်းထန်ထန် ပွဲပေးမကစားဘဲ ထားခံရနိုင်တယ်။ ဘာလို့ဆိုတော့ သူလုပ်ရမယ့် အလုပ်က အရှင်းကြီး ပြစ်ဒဏ်ဘော ပေးလိုက်ပေါ့၊ လူချလိုက်ပေါ့ ယူနိုက်တက်ကစား သမားဖြစ်နေပြီးတော့ဗျာ ” ဟု ပြောဆိုခဲ့ပါတယ်။

Zawgyi Version

ယူနိုက္တက္နဲ႕ အဲဗာတန္တို႔ ပြဲစဥ္ဟာ အိမ္ကြင္း အိုးထရတ္ဖိုဒ့္မွာ ယူနိုက္တက္တို႔ဟာ သေရတစ္မွတ္သာ ယူေဆာင္နိုင္ခဲ့တဲ့အတြက္ ေဝဖန္သံေတြ ဆူညံေနခဲ့ပါတယ္။ ယူနိုက္တက္ဟာ ပထမပိုင္းမွာ မာရွယ္ရဲ႕ဂိုးနဲ႕ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အဲဗာတန္ ကစားသမား ေတာင္းဆန့္ရဲ႕ေခ်ပဂိုးေၾကာင့္ အိမ္ကြင္းမွာ အမွတ္ဆုံးရႈံးခဲ့ရတာပါ။

အဆိုပါ ေပးဂိုးမွာေတာ့ ယူနိုက္တက္ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေန ေကာင္တာ ျပန္ေပးခဲ့ရတာ ျဖစ္ၿပီး အဲဗာတန္ အသင္းရဲ႕ ေတာင္ပံ တိုက္စစ္ ကစားသမား ျဖစ္သူ ဒီမာရိုင္း ဂေရးဟာ ယူနိုက္တက္ကြင္းလယ္လူ ဖရက္ဒ္ကို အင္အားသုံး ေက်ာ္ျဖတ္ခဲ့ၿပီး ဒူကူေရးဆီ ေပးပို႔ခဲ့တဲ့ အတြက္ ဖရက္ဒ္ဟာ ေပးဂိုး ေပးေဆာင္ေရးမွာ အဓိက မွားခဲ့သူ ျဖစ္ခဲ့ရပါတယ္ ။

အခုေတာ့ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂေရ႕ဗ္က ေပးဂိုးမွာအမွားႀကီး က်ဴးလြန္ခဲ့တဲ့ ဖရက္ဒ္ကို ေဝဖန္ထိုးႏွက္လိုက္ၿပီး ဆာအဲလက္စ္ ဖာဂူဆန္ လက္ေအာက္မွာသာ ဒီလိုဆိုရင္ ဖရက္ဒ္ဟာ တစ္လေလာက္ ပြဲကစားခြင့္ ေပ်ာက္ဆုံးသြားမွာ ျဖစ္ၿပီး ဂိုးမေပးရေရး လူခ်သင့္ရင္ လူခ်လိဳက္ဖို႔ သတိေပးခဲ့လိုက္ ပါတယ္ ။

” အဲဗာတန္နဲ႕ပြဲကိုနိုင္သင့္တယ္။ ဒါေပမယ့္ ငါတို႔မွာ ရွိတဲ့ကစားသမားအင္အားကိုက မယွဥ္နိုင္ျဖစ္ေန တာလား။ ေတာ္မီေနးနဲ႕ ဖရက္ဒ္ တို႔ရဲကြင္းလယ္အတြဲက ကုန္ဆုံးသြားၿပီး ထိေရာက္မႈမရွိဘူး။ ဘာမွလုပ္လို႔မရေတာ့ဘူး။ဘာေတြေလွ်ာက္လုပ္ေနမွန္းလဲမသိဘူး။ အဲဒီလိုဂိုးခြင့္ျပဳလိုက္ရတာ ရွက္စရာေကာင္းတယ္။ ”

မက္ဂြိုင္းယား မပါနိုင္တာက တပိုင္းေပါ့။ ဖရက္ဒ္ ကသူလုပ္ ရမဲ့အလုပ္တာဝန္ကိုေမ့ေနတယ္ထင္တယ္။ ဆာအဲလက္စ္ဆိုရင္ ၁ လေလာက္ ျပင္းျပင္းထန္ထန္ ပြဲေပးမကစားဘဲ ထားခံရနိုင္တယ္။ ဘာလို႔ဆိုေတာ့ သူလုပ္ရမယ့္ အလုပ္က အရွင္းႀကီး ျပစ္ဒဏ္ေဘာ ေပးလိုက္ေပါ့၊ လူခ်လိဳက္ေပါ့ ယူနိုက္တက္ကစား သမားျဖစ္ေနၿပီးေတာ့ဗ်ာ ” ဟု ေျပာဆိုခဲ့ပါတယ္။