Unicode Version
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အဲဗာတန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှုး မာရှယ်ဟာ အသေးစား ဒဏ်ရာရရှိခဲ့လို့ လူစားလဲခဲ့ရတာဖြစ်ကြောင်း နည်းပြဆိုလ်းရှားက အတည်ပြု ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ အဲဗာတန်ကိုမာရှယ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တောင်ဆန်ရဲ့ချေပဂိုးကြောင့် ၁-၁ ရလဒ်နဲ့ကျေနပ်ခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်နှစ်ပွဲဆက်နိုင်ပွဲပျောက်မှုလည်း ဖြစ်လာခဲ့ကာ နှစ်ပွဲလုံးဟာ အိမ်ကွင်းမှာ အမှတ်လျော့ခဲ့ရတာလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ တိုက်စစ်မှူး မာရှယ်ဟာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပထမပိုင်းပြီးဖို့ ၂ မိနစ်အလိုမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ အပြင်းကန် သွင်းယူ ပေးခဲ့တာဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီရဲ့ ဒုတိယမြောက် ပွဲထွက်ခွင့်မှာ ပထမဆုံး သွင်းဂိုး အဖြစ် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဆန်ချိုနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာအခြေအနေကို ရှင်းရှင်းလင်းမသိရသေးကာ အသင်း ဆရာဝန်တွေရဲ့ စစ်ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားက မာရှယ်ဟာ အချိန်မည်မျှအထိ အနားယူရမယ်ဆိုတာ မသိသးပေမယ့် ဒဏ်ရာကြောင့် လက်ရှိ ရာသီရဲ့ပွဲစဉ်တွေကို လွဲချော်ရဖွယ် ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
မာရှယ်ဟာ ဘယ်လ်ဂျီယံနဲ့ ကစားမယ့် ပြင်သစ်လက်ရွေးစင် လူစာရင်းမှာ အမ်ဘာပေ ၊ ဂရစ်ဇ်မန်း၊ ဘန်ရက်ဒါ၊ ဒီယာဘီတို့နဲ့ အတူ ရွေးချယ်ခြင်းခံထားရပေမယ့် လက်ရှိသူ့ရဲ့ ဒဏ်ရာကြောင့် အနည်းငယ် အခက်ကြုံဖွယ်ရှိနေပါတယ်။ နိုင်ငံ တကာ ပွဲစဉ်များအပြီးမှာလဲ ယူနိုက်တက်ဟာ ပွဲကျပ် များကစားရမှာဖြစ်ကာ အတ္တလန္တာနှင့် မတိုင်ခင် လက်စတာနှင့် ကစားရမှာ ဖြစ်ပါတယ်။
Zawgyi Version
မေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႕ အဲဗာတန္အသင္းတို႔ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ယူနိုက္တက္အသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တဲ့ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႈး မာရွယ္ဟာ အေသးစား ဒဏ္ရာရရွိခဲ့လို႔ လူစားလဲခဲ့ရတာျဖစ္ေၾကာင္း နည္းျပဆိုလ္းရွားက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။
ယူနိုက္တက္ဟာ အဲဗာတန္ကိုမာရွယ္ရဲ႕ဂိုးနဲ႕ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ေတာင္ဆန္ရဲ႕ေခ်ပဂိုးေၾကာင့္ ၁-၁ ရလဒ္နဲ႕ေက်နပ္ခဲ့ရပါတယ္။ ဒါဟာ ယူနိုက္တက္အတြက္ ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္နိုင္ပြဲေပ်ာက္မႈလည္း ျဖစ္လာခဲ့ကာ ႏွစ္ပြဲလုံးဟာ အိမ္ကြင္းမွာ အမွတ္ေလ်ာ့ခဲ့ရတာလည္း ျဖစ္ပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ တိုက္စစ္မႉး မာရွယ္ဟာ အသင္းအတြက္ တစ္လုံးတည္းေသာဂိုးကို ပထမပိုင္းၿပီးဖို႔ ၂ မိနစ္အလိုမွာ ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈကေန အျပင္းကန္ သြင္းယူ ေပးခဲ့တာျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီရဲ႕ ဒုတိယေျမာက္ ပြဲထြက္ခြင့္မွာ ပထမဆုံး သြင္းဂိုး အျဖစ္ သြင္းယူေပးနိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒုတိယပိုင္းမွာ ဆန္ခ်ိဳနဲ႕ လူစားလဲခဲ့ရတာ ျဖစ္ၿပီး သူ႕ရဲ႕ ဒဏ္ရာအေျခအေနကို ရွင္းရွင္းလင္းမသိရေသးကာ အသင္း ဆရာဝန္ေတြရဲ႕ စစ္ေဆးမႈကို ခံယူရမွာျဖစ္ပါတယ္။ နည္းျပ ဆိုးလ္ရွားက မာရွယ္ဟာ အခ်ိန္မည္မွ်အထိ အနားယူရမယ္ဆိုတာ မသိသးေပမယ့္ ဒဏ္ရာေၾကာင့္ လက္ရွိ ရာသီရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ရဖြယ္ ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
မာရွယ္ဟာ ဘယ္လ္ဂ်ီယံနဲ႕ ကစားမယ့္ ျပင္သစ္လက္ေ႐ြးစင္ လူစာရင္းမွာ အမ္ဘာေပ ၊ ဂရစ္ဇ္မန္း၊ ဘန္ရက္ဒါ၊ ဒီယာဘီတို႔နဲ႕ အတူ ေ႐ြးခ်ယ္ျခင္းခံထားရေပမယ့္ လက္ရွိသူ႕ရဲ႕ ဒဏ္ရာေၾကာင့္ အနည္းငယ္ အခက္ႀကဳံဖြယ္ရွိေနပါတယ္။ နိုင္ငံ တကာ ပြဲစဥ္မ်ားအၿပီးမွာလဲ ယူနိုက္တက္ဟာ ပြဲက်ပ္ မ်ားကစားရမွာျဖစ္ကာ အတၱလႏၲာႏွင့္ မတိုင္ခင္ လက္စတာႏွင့္ ကစားရမွာ ျဖစ္ပါတယ္။