Unicode Version
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ခရစ္စမတ်ကာလ မတိုင်မီကတည်းက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကစားသမားနဲ့ အသင်းအကြား အပြီးသတ် သဘောတူညီမှု ရရှိစေဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံး ၁၂ လအတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး အကယ်၍ စာချုပ်သစ် သဘောတူညီမှု မရရှိသေးပါက ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွေ့ကာလအတွင်း ပေါ့ဘာဟာ အခြားကလပ်အသင်းများနဲ့ တရားဝင် ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူများက ကစားသမားနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှု မရှိပဲ ကြန့်ကြာနေပါက ဇန်နဝါရီနောက်ပိုင်းအထိ ရောက်ရှိသွားပြီး ပေါ့ဘာအနေနဲ့ ဆွေးနွေးခွင့် ရရှိသွားရင် နည်းပြ ဆိုးလ်ရှားရဲ့ အသင်းအနာဂတ် စီမံကိန်းများကို အနှောင့် အယှက်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ပေါ့ဘာနဲ့ ဆွေးနွေးဖို့ ကိစ္စကို အင်တိုက်အားတိုက် ပြင်ဆင်လာတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ပေးပြီး စာချုပ်သက်တမ်း တိုးနိုင်ရေးအတွက် အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် ဆွေးနွေးနေကြောင်း သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါ့ဘာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခြေအနေကောင်းနေကြောင်းလဲ သိရပါတယ်။
စာချုပ်သစ် မချုပ်ဆို နိုင်ပါက လာမည့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပေါ့ဘာကို ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီက တစ်ပတ်လျှင် ပေါင် ၅ သိန်းပေး၍ ခေါ်ယူမည်ဟု သတင်းများထက်ပေါ်နေပြီး စပိန်ထိပ်သီး ကလပ် ရီးရဲမက်ဒရစ် အသင်းကလဲ အသင်းရဲ့ ကာလရှည် ပစ်မှတ် ပေါ့ဘာကို စိတ်ဝင်စားနေပေမယ့် ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူရေးသာ အဓိကထားနေပါတယ်။
မန်ယူနိုက်တက် အသင်းအနေနဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို လာမယ့်နွေရာသီမှာ လက်လွတ်ခဲ့ရပါက အစားထိုးအင်အား ဖြည့်တင်းဖို့ အသင်းပြောင်းရွေ့ဖို့ အလိုရှိနေတဲ့ အေစီမီလန်အသင်းမှ ကွင်းလယ်လူ ဖရန့်ကက်စီကို ပစ်မှတ်ထားနေကြောင်း အီတလီမီဒီယာများက ဖော်ပြထားပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လာမယ့္ ခရစၥမတ္ကာလ မတိုင္မီကတည္းက အသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမား ေပါ့ဘာရဲ႕ အနာဂတ္နဲ႕ ပတ္သက္ၿပီး ကစားသမားနဲ႕ အသင္းအၾကား အၿပီးသတ္ သေဘာတူညီမႈ ရရွိေစဖို႔ ႀကိဳးပမ္းသြားေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။
ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါ့ဘာနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ေနာက္ဆုံး ၁၂ လအတြင္းသို႔ ေရာက္ရွိေနၿပီျဖစ္ၿပီး အကယ္၍ စာခ်ဳပ္သစ္ သေဘာတူညီမႈ မရရွိေသးပါက ဇန္နဝါရီလ ေဆာင္းရာသီ အေျပာင္းအေ႐ြ႕ကာလအတြင္း ေပါ့ဘာဟာ အျခားကလပ္အသင္းမ်ားနဲ႕ တရားဝင္ ေဆြးေႏြးနိုင္ေတာ့မွာ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တာဝန္ရွိသူမ်ားက ကစားသမားနဲ႕ စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးမႈ မရွိပဲ ၾကန႔္ၾကာေနပါက ဇန္နဝါရီေနာက္ပိုင္းအထိ ေရာက္ရွိသြားၿပီး ေပါ့ဘာအေနနဲ႕ ေဆြးေႏြးခြင့္ ရရွိသြားရင္ နည္းျပ ဆိုးလ္ရွားရဲ႕ အသင္းအနာဂတ္ စီမံကိန္းမ်ားကို အေႏွာင့္ အယွက္ျဖစ္လာမွာ စိုးရိမ္တဲ့အတြက္ ေပါ့ဘာနဲ႕ ေဆြးေႏြးဖို႔ ကိစၥကို အင္တိုက္အားတိုက္ ျပင္ဆင္လာတာျဖစ္ပါတယ္။
ယူနိုက္တက္ဟာ အသင္းရဲ႕ အဓိက ကြင္းလယ္လူကို တစ္ပတ္လုပ္ခ ေပါင္ ၄ သိန္းအထိ ေပးၿပီး စာခ်ဳပ္သက္တမ္း တိုးနိုင္ေရးအတြက္ ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာႏွင့္ ေဆြးေႏြးေနေၾကာင္း သိရပါတယ္။ ယူနိုက္တက္အေနနဲ႕ ေပါ့ဘာကို အသင္းမွာ ဆက္လက္ထိန္းသိမ္းနိုင္ဖို႔ အေျခအေနေကာင္းေနေၾကာင္းလဲ သိရပါတယ္။
စာခ်ဳပ္သစ္ မခ်ဳပ္ဆို နိုင္ပါက လာမည့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူနိုင္မယ့္ ေပါ့ဘာကို ျပင္သစ္ထိပ္သီး ပီအက္စ္ဂ်ီက တစ္ပတ္လွ်င္ ေပါင္ ၅ သိန္းေပး၍ ေခၚယူမည္ဟု သတင္းမ်ားထက္ေပၚေနၿပီး စပိန္ထိပ္သီး ကလပ္ ရီးရဲမက္ဒရစ္ အသင္းကလဲ အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ ေပါ့ဘာကို စိတ္ဝင္စားေနေပမယ့္ ပီအက္စ္ဂ်ီ တိုက္စစ္မႉး အမ္ဘာေပကို ေခၚယူေရးသာ အဓိကထားေနပါတယ္။
မန္ယူနိုက္တက္ အသင္းအေနနဲ႕ အဓိက ကြင္းလယ္လူ ေပါ့ဘာကို လာမယ့္ေႏြရာသီမွာ လက္လြတ္ခဲ့ရပါက အစားထိုးအင္အား ျဖည့္တင္းဖို႔ အသင္းေျပာင္းေ႐ြ႕ဖို႔ အလိုရွိေနတဲ့ ေအစီမီလန္အသင္းမွ ကြင္းလယ္လူ ဖရန႔္ကက္စီကို ပစ္မွတ္ထားေနေၾကာင္း အီတလီမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။