Spots news

အနိုင်ရခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်တွေကို ‌ဒေါသထွက်နေတဲ့ တူချယ်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဆောက်သမ်တန်နှင့်ပွဲကို အနိုင်ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမ တီမိုဝါနာရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့အတွက် ချဲလ်ဆီးနည်းပြ တူချယ်က ဒေါသထွက်နေပါတယ်။ ဝါနာဟာ လက်ရှိရာသီ သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူခဲ့သော်လည်း VAR က ဂိုးအဖြစ်ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဂိုးကို ခွင့်မပြုခဲ့တာက အကြောင်းပြချက်ရှိပြီး VAR ပြန်လည်ကြည့်ရှုခဲ့ရာမှာတော့ တိုက်စစ်ဆင်မှုတွင် အက်ပီလီကျူရေတာက ကိုင်လီဝေါ်ကာပီတာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ VAR ရဲ့ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့တဲ့ တူချယ်ဟာလည်း ကွင်းလယ်ဒိုင်ရဲ့ အဝါကဒ်ပြသခြင်းကိုခံခဲ့ရပါတယ်။

“ ကျွန်တော် အရမ်းကိုဒေါသထွက်မိပါတယ် ပရီးမီးယားလိဂ်မှာ အခုလိုဖြစ်တာကို မယုံကြည်နိုင်ပါဘူး။ ဂိုးရရှိဖို့ မနီးစပ်ခဲ့ဘူးဆိုရင်တောင် ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း ၅၀/၅၀ ပါ ။ဒီနေ့ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားခဲ့တာဖြစ်‌ပေမယ့် ကွင်းလယ်ဒိုင်က ဝါနာသွင်းယူခဲ့တဲ့ဂိုးကို ခွင့်မပြုခဲ့ပါဘူး ” လို့ တူချယ်က ပြောခဲ့ပါတယ်။

သို့သော်လည်း ဆောက်သမ်တန်ကစားသမား ဂျိမ်းဒ်ပရောက် အနီကဒ်ဖြင့် ထုတ်ပယ်ခံရတဲ့အချိန်မှာတော့ VAR က ချဲလ်ဆီးအတွက် အလုပ်ဖြစ်ခဲ့ပါတယ်။ ဘောလုံးလုတဲ့အချိန်မှာ ဝက်ဒ်ပရောက်ဟာ ဂျော်ဂျင်ဟိုကို ခြေကျင်းဝတ် အထက်ကနေ ပိုင်းသလိုဖြစ်သွားခဲ့ပြီး အစပိုင်းမှာ ကွင်လယ်ဒိုင်က အဝါကဒ်သာ ပြသခဲ့သော်လည်း VAR ကြည့်ရှုပြီးနောက်မှာတော့ အနီကဒ်ပြသခဲ့ပါ တယ်။

“ ကျွန်တော် ဒါကိုတောင်မကြည့်မိပါဘူး၊ ဒါဟာ တော်တော်လေးပြင်းထန်ပြီး အဲ့ဒီလောက်လုပ်ဖို့လည်း မလိုပါဘူး ” လို့ တူချယ်က ဆက်ပြောပါတယ်။ ပွဲအပြီးမှာတော့ ချဲလ်ဆီးဟာ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆောက်သမ်တန်ကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဝါနာကတော့ ၂၀၂၁-၂၂ ရာသီရဲ့ပထမဆုံး သွင်းဂိုးကို သွင်းယူခဲ့နိုင်ပါတယ်။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ေဆာက္သမ္တန္ႏွင့္ပြဲကို အနိုင္ရရွိခဲ့ေသာ္လည္း တိုက္စစ္ကစားသမ တီမိုဝါနာရဲ႕ဂိုးကို ခြင့္မျပဳခဲ့တဲ့အတြက္ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္က ေဒါသထြက္ေနပါတယ္။ ဝါနာဟာ လက္ရွိရာသီ သူ႕ရဲ႕ပထမဆုံးဂိုးကိုသြင္းယူခဲ့ေသာ္လည္း VAR က ဂိုးအျဖစ္ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီဂိုးကို ခြင့္မျပဳခဲ့တာက အေၾကာင္းျပခ်က္ရွိၿပီး VAR ျပန္လည္ၾကည့္ရႈခဲ့ရာမွာေတာ့ တိုက္စစ္ဆင္မႈတြင္ အက္ပီလီက်ဴေရတာက ကိုင္လီေဝၚကာပီတာကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။ VAR ရဲ႕ဆုံးျဖတ္ခ်က္ကို ေစာဒကတက္ခဲ့တဲ့ တူခ်ယ္ဟာလည္း ကြင္းလယ္ဒိုင္ရဲ႕ အဝါကဒ္ျပသျခင္းကိုခံခဲ့ရပါတယ္။

“ ကြၽန္ေတာ္ အရမ္းကိုေဒါသထြက္မိပါတယ္ ပရီးမီးယားလိဂ္မွာ အခုလိုျဖစ္တာကို မယုံၾကည္နိုင္ပါဘူး။ ဂိုးရရွိဖို႔ မနီးစပ္ခဲ့ဘူးဆိုရင္ေတာင္ ျပန္ၾကည့္လိုက္မယ္ဆိုရင္လည္း ၅၀/၅၀ ပါ ။ဒီေန႕ ကြၽန္ေတာ္တို႔အသင္း အေကာင္းဆုံးကစားခဲ့တာျဖစ္‌ေပမယ့္ ကြင္းလယ္ဒိုင္က ဝါနာသြင္းယူခဲ့တဲ့ဂိုးကို ခြင့္မျပဳခဲ့ပါဘူး ” လို႔ တူခ်ယ္က ေျပာခဲ့ပါတယ္။

သို႔ေသာ္လည္း ေဆာက္သမ္တန္ကစားသမား ဂ်ိမ္းဒ္ပေရာက္ အနီကဒ္ျဖင့္ ထုတ္ပယ္ခံရတဲ့အခ်ိန္မွာေတာ့ VAR က ခ်ဲလ္ဆီးအတြက္ အလုပ္ျဖစ္ခဲ့ပါတယ္။ ေဘာလုံးလုတဲ့အခ်ိန္မွာ ဝက္ဒ္ပေရာက္ဟာ ေဂ်ာ္ဂ်င္ဟိုကို ေျခက်င္းဝတ္ အထက္ကေန ပိုင္းသလိုျဖစ္သြားခဲ့ၿပီး အစပိုင္းမွာ ကြင္လယ္ဒိုင္က အဝါကဒ္သာ ျပသခဲ့ေသာ္လည္း VAR ၾကည့္ရႈၿပီးေနာက္မွာေတာ့ အနီကဒ္ျပသခဲ့ပါ တယ္။

“ ကြၽန္ေတာ္ ဒါကိုေတာင္မၾကည့္မိပါဘူး၊ ဒါဟာ ေတာ္ေတာ္ေလးျပင္းထန္ၿပီး အဲ့ဒီေလာက္လုပ္ဖို႔လည္း မလိုပါဘူး ” လို႔ တူခ်ယ္က ဆက္ေျပာပါတယ္။ ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးဟာ အိမ္ကြင္း စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ေဆာက္သမ္တန္ကို ၃-၁ ဂိုးျဖင့္အနိုင္ရရွိခဲ့ပါတယ္။ ဝါနာကေတာ့ ၂၀၂၁-၂၂ ရာသီရဲ႕ပထမဆုံး သြင္းဂိုးကို သြင္းယူခဲ့နိုင္ပါတယ္။