Spots news

မက်ဆီ ၊နေမာ၊ဘာပေ သုံးယောက်ပေါင်းပြီး ဂိုးကန်သွင်းမှု သုံညဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီ

Unicode Version

ပြင်သစ်လီဂူးပွဲစဥ် ၉ရဲ့ တနင်္ဂနွေည အစောဆုံးပွဲစဥ်ဖြစ်တဲ့ ရန်းနက်နဲ့ ပီအက်ဂျီတို့ရဲ့ပွဲစဥ်မှာ နာမည်ကျော် ကစားသမားအများအပြားရှိနေတဲ့ ပီအက်ဂျီအသင်းဟာ ရန်းနက်ကို ၂ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

အိမ်ရှင်အားသာချက်ရှိနေတဲ့ ရန်းနက်တို့ဟာ ပထမပိုင်းမှာတည်းက ဖိဖိစီးစီးကစားခဲ့ပြီး ဦးဆောင်ဂိုးတစ်ဂိုးလည်း ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ၄၅မိနစ်မှာတိုက်စစ်မှူး လာဘော့ဒ်က သွင်းယူပေးခဲ့တာပါ။

ဒါ့အပြင် ဒုတိယပိုင်းစလို့ ၁မိနစ်အကြာမှာပဲ ရန်းနက်တို့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်လူ Taitကသွင်းယူပေးခဲ့တာပါ။ ပီအက်ဂျီရဲ့တိုက်စစ်ပိုင်းကတော့ လူများပြီးပွဲမစည်ဖြစ်ခဲ့ရပြီး

မက်ဆီရဲ့ဖန်တီးပေးမှုတွေကို နေမာ၊ အမ်ဘက်ပီနဲ့ ဒီမာရီယာတို့ အသုံးမချနိင်ခဲ့ပါဘူး။ ဒိထက်ပိုဆိုးတာက အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် နေမာနဲ့ ဘက်ပီတို့ ဂိုးပေါက်တည့်အောင်တောင် မကန်နိင်ခဲ့တာပါ။

၆၈မိနစ်မှာ ဘက်ပီချေပဂိုးသွင်းနိင်ခဲ့ပေမဲ့ VARရဲ့လူကျွံဘောအဖြစ် သတ်မှတ်ခဲ့မှုကြောင့် ပီအက်ဂျီတို့ ဂိုးမရခဲ့ပါဘူး။ ၇၆မိနစ်မှာတော့ နေမာအစား အီကာဒီ၊ ဂူယီအစား ဟာရဲယားနဲ့

ဗာရက်တီအစား ဝင်စနယ်ဒမ်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပေမယ့် ပီအက်ဂျီတို့ ချေပဂိုးတစ်ဂိုးတလေတောင် ပြန်မရခဲ့ပါဘူး။ ဒါ့ပြင် ဂိုးပေါက်တည့်ကန်ချက်လည်း တစ်လုံးမှမရှိခဲ့ပါဘူး။

နာမည်ကျော် တိုက်စစ်မှူးတွေရှိနေပေမယ့် ဒီလို ပွဲတစ်ပွဲအတွင်း ဂိုးပေါက်တည့်အောင်မကန်နိင်ခဲ့တာဟာ ပီအက်ဂျီအတွက်တော့ အရှက်စရာပါ။ မက်ဆီဟာလည်း ချန်ပီယံလိဂ်မှာ ပီအက်ဂျီအတွက် ဂိုးသွင်းပေးနိင်ခဲ့ပေမဲ့

ပြင်သစ်လိဂ်မှာတော့ ခုချိန်ထိ ဂိုးမရသေးပါဘူး။ ဒီပွဲရှုံးနိမ့်မှုကြောင့် လိဂ်မှာ ၈ပွဲဆက်နိင်ထားတဲ့ ပီအက်ဂျီရဲ့မှတ်တမ်းကောင်းတစ်ခု ကျိုးပျက်သွားခဲ့ရကာ ရန်းနက်ကတော့ အနိင် ၃မှတ်နဲ့အတူ အဆင့် ၇ထိ ရောက်ရှိလာခဲ့ပါတယ်။

Zawgyi Version

ျပင္သစ္လီဂူးပြဲစဥ္ ၉ရဲ႕ တနဂၤေႏြည အေစာဆုံးပြဲစဥ္ျဖစ္တဲ့ ရန္းနက္နဲ႕ ပီအက္ဂ်ီတို႔ရဲ႕ပြဲစဥ္မွာ နာမည္ေက်ာ္ ကစားသမားအမ်ားအျပားရွိေနတဲ့ ပီအက္ဂ်ီအသင္းဟာ ရန္းနက္ကို ၂ဂိုးျပတ္နဲ႕ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ပါတယ္။

အိမ္ရွင္အားသာခ်က္ရွိေနတဲ့ ရန္းနက္တို႔ဟာ ပထမပိုင္းမွာတည္းက ဖိဖိစီးစီးကစားခဲ့ၿပီး ဦးေဆာင္ဂိုးတစ္ဂိုးလည္း ရခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ ၄၅မိနစ္မွာတိုက္စစ္မႉး လာေဘာ့ဒ္က သြင္းယူေပးခဲ့တာပါ။

ဒါ့အျပင္ ဒုတိယပိုင္းစလို႔ ၁မိနစ္အၾကာမွာပဲ ရန္းနက္တို႔ ဒုတိယဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္လူ Taitကသြင္းယူေပးခဲ့တာပါ။ ပီအက္ဂ်ီရဲ႕တိုက္စစ္ပိုင္းကေတာ့ လူမ်ားၿပီးပြဲမစည္ျဖစ္ခဲ့ရၿပီး

မက္ဆီရဲ႕ဖန္တီးေပးမႈေတြကို ေနမာ၊ အမ္ဘက္ပီနဲ႕ ဒီမာရီယာတို႔ အသုံးမခ်နိင္ခဲ့ပါဘူး။ ဒိထက္ပိုဆိုးတာက အပိုင္အခြင့္အေရးေတြ ရခဲ့ေပမယ့္ ေနမာနဲ႕ ဘက္ပီတို႔ ဂိုးေပါက္တည့္ေအာင္ေတာင္ မကန္နိင္ခဲ့တာပါ။

၆၈မိနစ္မွာ ဘက္ပီေခ်ပဂိုးသြင္းနိင္ခဲ့ေပမဲ့ VARရဲ႕လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့မႈေၾကာင့္ ပီအက္ဂ်ီတို႔ ဂိုးမရခဲ့ပါဘူး။ ၇၆မိနစ္မွာေတာ့ ေနမာအစား အီကာဒီ၊ ဂူယီအစား ဟာရဲယားနဲ႕

ဗာရက္တီအစား ဝင္စနယ္ဒမ္တို႔ကို ထည့္သြင္းအသုံးျပဳခဲ့ေပမယ့္ ပီအက္ဂ်ီတို႔ ေခ်ပဂိုးတစ္ဂိုးတေလေတာင္ ျပန္မရခဲ့ပါဘူး။ ဒါ့ျပင္ ဂိုးေပါက္တည့္ကန္ခ်က္လည္း တစ္လုံးမွမရွိခဲ့ပါဘူး။

နာမည္ေက်ာ္ တိုက္စစ္မႉးေတြရွိေနေပမယ့္ ဒီလို ပြဲတစ္ပြဲအတြင္း ဂိုးေပါက္တည့္ေအာင္မကန္နိင္ခဲ့တာဟာ ပီအက္ဂ်ီအတြက္ေတာ့ အရွက္စရာပါ။ မက္ဆီဟာလည္း ခ်န္ပီယံလိဂ္မွာ ပီအက္ဂ်ီအတြက္ ဂိုးသြင္းေပးနိင္ခဲ့ေပမဲ့

ျပင္သစ္လိဂ္မွာေတာ့ ခုခ်ိန္ထိ ဂိုးမရေသးပါဘူး။ ဒီပြဲရႈံးနိမ့္မႈေၾကာင့္ လိဂ္မွာ ၈ပြဲဆက္နိင္ထားတဲ့ ပီအက္ဂ်ီရဲ႕မွတ္တမ္းေကာင္းတစ္ခု က်ိဳးပ်က္သြားခဲ့ရကာ ရန္းနက္ကေတာ့ အနိင္ ၃မွတ္နဲ႕အတူ အဆင့္ ၇ထိ ေရာက္ရွိလာခဲ့ပါတယ္။