Spots news

အသင်းဖော်တွေအနေနဲ့ လိုအပ်လာပါက လူချကစားဖို့ ညွှန်ကြားနေခဲ့ရတဲ့ ရော်နယ်ဒို

Unicode Version

မန်ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲရဲ့ ပွဲချိန်အတွင်းမှာပဲ အသင်းဖော်တွေကို ပြစ်ဒဏ်ဘောကျူးလွန်တာနဲ့ပတ်သက်လို့ ညွှန်ကြားမှုတစ်ချို့ ပြုလုပ်ခဲ့ရတယ်လို့ ရီယိုဖာဒီနန်က ပြန်လည်ပြောပြခဲ့ပါတယ်။

ဒီပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကာဗာနီအစား လူစားဝင်ကစားခဲ့တာပါ။ ပထမပိုင်းမှာ မာရှယ် ရဲ့သွင်းဂိုးနဲ့ဦးဆောင်ထားတဲ့ ယူနိုက်တက်တို့ ဒုတိယပိုင်းမှာတော့ မထင်မှတ်ထားတဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။

အဲဗာတန်ကစားသမား ဂရေးရဲ့ တန်ပြန်တိုက်စစ်စတင်မှုကို ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်အပြင် နောက်ခံလူတွေ တားဆီးတဲ့နေရာမှာ အားနည်းခဲ့ပြီး ဂရေးကတစ်ဆင့် ဒူကူရီ၊ ဒူကူရီကတစ်ဆင့် တောင်းဆန့်က ချေပဂိုးသွင်းယူသွားခဲ့တာပါ။ ဒီဂိုးမှာ လုခ်ရှောရဲ့နေရာယူပုံကလည်း အားနည်းချက်တွေရှိခဲ့ပါတယ်။

အထူးသဖြင့် ကွင်းလယ်မှာတည်းက တန်ပြန်တိုက်စစ်စတင်လာမှုကို ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့တာက အဓိကအချက်ဖြစ်ခဲ့ပြီး ဒီအပေါ်မှာ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က “အဲ့ဒီအချိန်မှာ ရော်နယ်ဒိုက ပြိုင်ဘက်ကို စောစောစီးစီး ဖြိုလှဲလိုက်ဖို့ အသင်းသားတွေကို မှာနေခဲ့ပါတယ်”

“ကလပ်အသင်းတွေက ဒီလိုအနေအထားမျိုးနဲ့ ကောင်တာပေါက်လာတဲ့အချိန်မှာ ပြစ်ဒဏ်ဘောတွေ ကျူးလွန်ပြီး ဂိုးပေးရတာကို ကာကွယ်ရမှာပဲလေ။ ခင်ဗျားတို့လည်း ရော်နယ်ဒိုကို မြင်မှာပါ။ အသင်းဖော်တွေကို သူက ပြိုင်ဘက်ကိုလှဲချလိုက်၊ ပြစ်ဒဏ်ဘောလုပ်လိုက်ဆိုပြီး ညွှန်ကြားနေခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းတွေအရလည်း ဂိုးပေးလိုက်ရပြီးချိန်မှာ ရော်နယ်ဒိုက သူ့အသင်းဖော်တွေကို နည်းစနစ်ပိုင်းအရ လိုအပ်တဲ့ ပြစ်ဒဏ်ဘောကျူးလွန်ဖို့ လက်ဟန်ခြေဟန်နဲ့ အော်ဟစ်ညွှန်ကြားနေခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ယူနိုက်တက်ဟာ ဒီသရေပွဲကြောင့် အိမ်ကွင်း ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version

မန္ယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ မေန႕ညက အဲဗာတန္နဲ႕ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲရဲ႕ ပြဲခ်ိန္အတြင္းမွာပဲ အသင္းေဖာ္ေတြကို ျပစ္ဒဏ္ေဘာက်ဴးလြန္တာနဲ႕ပတ္သက္လို႔ ၫႊန္ၾကားမႈတစ္ခ်ိဳ႕ ျပဳလုပ္ခဲ့ရတယ္လို႔ ရီယိုဖာဒီနန္က ျပန္လည္ေျပာျပခဲ့ပါတယ္။

ဒီပြဲမွာ ေရာ္နယ္ဒိုက ပြဲထြက္ကစားသမားစာရင္းမွာ မပါဝင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ကာဗာနီအစား လူစားဝင္ကစားခဲ့တာပါ။ ပထမပိုင္းမွာ မာရွယ္ ရဲ႕သြင္းဂိုးနဲ႕ဦးေဆာင္ထားတဲ့ ယူနိုက္တက္တို႔ ဒုတိယပိုင္းမွာေတာ့ မထင္မွတ္ထားတဲ့ တန္ျပန္တိုက္စစ္ကတစ္ဆင့္ ေခ်ပဂိုး ျပန္ေပးလိုက္ရပါတယ္။

အဲဗာတန္ကစားသမား ဂေရးရဲ႕ တန္ျပန္တိုက္စစ္စတင္မႈကို ယူနိုက္တက္ ကြင္းလယ္လူ ဖရက္ဒ္အျပင္ ေနာက္ခံလူေတြ တားဆီးတဲ့ေနရာမွာ အားနည္းခဲ့ၿပီး ဂေရးကတစ္ဆင့္ ဒူကူရီ၊ ဒူကူရီကတစ္ဆင့္ ေတာင္းဆန့္က ေခ်ပဂိုးသြင္းယူသြားခဲ့တာပါ။ ဒီဂိုးမွာ လုခ္ေရွာရဲ႕ေနရာယူပုံကလည္း အားနည္းခ်က္ေတြရွိခဲ့ပါတယ္။

အထူးသျဖင့္ ကြင္းလယ္မွာတည္းက တန္ျပန္တိုက္စစ္စတင္လာမႈကို ထိထိေရာက္ေရာက္ မတားဆီးနိုင္ခဲ့တာက အဓိကအခ်က္ျဖစ္ခဲ့ၿပီး ဒီအေပၚမွာ ယူနိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္က “အဲ့ဒီအခ်ိန္မွာ ေရာ္နယ္ဒိုက ၿပိဳင္ဘက္ကို ေစာေစာစီးစီး ၿဖိဳလွဲလိုက္ဖို႔ အသင္းသားေတြကို မွာေနခဲ့ပါတယ္”

“ကလပ္အသင္းေတြက ဒီလိုအေနအထားမ်ိဳးနဲ႕ ေကာင္တာေပါက္လာတဲ့အခ်ိန္မွာ ျပစ္ဒဏ္ေဘာေတြ က်ဴးလြန္ၿပီး ဂိုးေပးရတာကို ကာကြယ္ရမွာပဲေလ။ ခင္ဗ်ားတို႔လည္း ေရာ္နယ္ဒိုကို ျမင္မွာပါ။ အသင္းေဖာ္ေတြကို သူက ၿပိဳင္ဘက္ကိုလွဲခ်လိဳက္၊ ျပစ္ဒဏ္ေဘာလုပ္လိုက္ဆိုၿပီး ၫႊန္ၾကားေနခဲ့တာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

႐ုပ္သံမွတ္တမ္းေတြအရလည္း ဂိုးေပးလိုက္ရၿပီးခ်ိန္မွာ ေရာ္နယ္ဒိုက သူ႕အသင္းေဖာ္ေတြကို နည္းစနစ္ပိုင္းအရ လိုအပ္တဲ့ ျပစ္ဒဏ္ေဘာက်ဴးလြန္ဖို႔ လက္ဟန္ေျခဟန္နဲ႕ ေအာ္ဟစ္ၫႊန္ၾကားေနခဲ့တာကိုလည္း ေတြ႕ရွိရပါတယ္။ ယူနိုက္တက္ဟာ ဒီသေရပြဲေၾကာင့္ အိမ္ကြင္း ၂ ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးခဲ့တာလည္းျဖစ္ပါတယ္။