Spots news

ပြိုင်ဘက်တွေ လက်ဖျားခါရအောင် အပြိုင်ကြမ်းပြခဲ့တဲ့ လီဗာပူးနဲ့ မန်စီးတီး

Unicode Version

တနဂ်နွေ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ရင်ဆိုင်ကစားခဲ့ကြတဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ်ကို စိုးမိုးထားနိုင်တဲ့အပြင် နည်းစနစ်ထိပ်သီး နည်းပြတွေ ကိုင်တွယ်နေကြတဲ့ အသင်းတွေ ဖြစ်ကြတာနဲ့အညီ ယနေ့ညမှာတော့ သူတင်ကိုယ်တင် အပြိုင်ကြဲ ကစားသွားခဲ့ပြီး နောက်ဆုံးမှာတော့ အန်ဖီးလ်ကွင်းကြီးထဲမှာ ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း မှာကထဲက မန်စီးတီးဟာ အိမ်ရှင်လီဗာပူးကို ဖိကစားပြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ဖိုဒန်တို့ရဲ့ အတိုးအလှုပ်တွေဟာ ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူး ခံစစ်ကို အလုပ်များစေခဲ့ပြီး ဂိုးသမား အလီဆန်ကယ်လို့သာ ပထမပိုင်းမှာ လီဗာပူးတို့ ဦးဆောင်ဂိုး ခွင့်မပြုလိုက်ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာ တပွဲလုံး ဖိကစားနေခဲ့တဲ့ စီးတီး မဟုတ်ပဲ အိမ်ရှင် လီဗာပူးတို့က စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၅၉ မိနစ်မှာ မိုဆာလတ်ရဲ့ ညာတောင်ပံ တစ်လျှောက် တကိုယ်တော်ကျော်ဖြတ်မှုကနေ ချပေးလိုက်တဲ့ ဘောလုံးကို မာနေးက အဆုံးသတ် သွင်းယူခဲ့တာပါ။

 

ဦးဆောင်ဂိုး ခွင့်ပြုပေးပြီးလိုက်ရတဲ့နောက် ဂွာဒီယိုလာဟာ ရုန်းကန်နေရတဲ့ ဂရီးလစ်ခ်ျကိုထုတ် စတာလင်ကို ထည့်ကာ မန်စီးတီးတိုက်စစ်ဟာ အသက်ပြန်ဝင်လာခဲ့ပြီး ပွဲကစားချိန် ၆၉ မိနစ်မှာပဲ ခြေစွမ်းတောက်ပနေတဲ့ ကွင်းလယ်ကြယ်ပွင့် ဖိုဒန်က ဘယ်တောင်ပံကနေ အကောင်းဆုံး ပိတ်သွင်းပြီး မန်စီးတီးအတွက် ချေပဂိုးကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၇၆ မိနစ်မှာတော့ မိုဆာလတ်ရဲ့ တကိုယ်တော် အလိမ်အခေါက်တွေနဲ့ မန်စီးတီးနောက်ခံလူ သုံးယောက်လောက်ကို ကျော်ဖြတ်ပြီး သွင်းယူခဲ့ပေမယ့် ငါးမိနစ်အကြာမှာပဲ ဒီဘရိုင်းက ဧရိယာစပ်လောက်ကနေ ကန်သွင်းရာမှာ နောက်ခံလူမာတစ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ထိပ်သီးနှစ်သင်းရဲ့ တွေ့ဆုံမှုဟာ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

Zawgyi Version

တနဂ္ေႏြ ရဲ႕ ေနာက္ဆုံးပြဲစဥ္အျဖစ္ ရင္ဆိုင္ကစားခဲ့ၾကတဲ့ လီပါပူးနဲ႕ မန္စီးတီးတို႔ဟာ ပရီးမီးယားလိဂ္ကို စိုးမိုးထားနိုင္တဲ့အျပင္ နည္းစနစ္ထိပ္သီး နည္းျပေတြ ကိုင္တြယ္ေနၾကတဲ့ အသင္းေတြ ျဖစ္ၾကတာနဲ႕အညီ ယေန႕ညမွာေတာ့ သူတင္ကိုယ္တင္ အၿပိဳင္ႀကဲ ကစားသြားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အန္ဖီးလ္ကြင္းႀကီးထဲမွာ ၂-၂ ဆိုတဲ့ သေရရလဒ္ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္း မွာကထဲက မန္စီးတီးဟာ အိမ္ရွင္လီဗာပူးကို ဖိကစားၿပီး ဒုကၡေပးနိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ကြင္းလယ္ ကစားသမားေတြ ျဖစ္ၾကတဲ့ ဘာနာဒိုေဆးလ္ဗားနဲ႕ ဖိုဒန္တို႔ရဲ႕ အတိုးအလႈပ္ေတြဟာ ဗန္ဒိုက္ ဦးေဆာင္တဲ့ လီဗာပူး ခံစစ္ကို အလုပ္မ်ားေစခဲ့ၿပီး ဂိုးသမား အလီဆန္ကယ္လို႔သာ ပထမပိုင္းမွာ လီဗာပူးတို႔ ဦးေဆာင္ဂိုး ခြင့္မျပဳလိုက္ရတာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့တာ တပြဲလုံး ဖိကစားေနခဲ့တဲ့ စီးတီး မဟုတ္ပဲ အိမ္ရွင္ လီပါပူးတို႔က စတင္ရရွိခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာ မိုဆာလတ္ရဲ႕ ညာေတာင္ပံ တစ္ေလွ်ာက္ တကိုယ္ေတာ္ေက်ာ္ျဖတ္မႈကေန ခ်ေပးလိုက္တဲ့ ေဘာလုံးကို မာေနးက အဆုံးသတ္ သြင္းယူခဲ့တာပါ။

ဦးေဆာင္ဂိုး ခြင့္ျပဳေပးၿပီးလိုက္ရတဲ့ေနာက္ ဂြာဒီယိုလာဟာ ႐ုန္းကန္ေနရတဲ့ ဂရီးလစ္ခ္်ကိဳထုတ္ စတာလင္ကို ထည့္ကာ မန္စီးတီးတိုက္စစ္ဟာ အသက္ျပန္ဝင္လာခဲ့ၿပီး ပြဲကစားခ်ိန္ ၆၉ မိနစ္မွာပဲ ေျခစြမ္းေတာက္ပေနတဲ့ ကြင္းလယ္ၾကယ္ပြင့္ ဖိုဒန္က ဘယ္ေတာင္ပံကေန အေကာင္းဆုံး ပိတ္သြင္းၿပီး မန္စီးတီးအတြက္ ေခ်ပဂိုးကို ရွာေဖြေပးနိုင္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၇၆ မိနစ္မွာေတာ့ မိုဆာလတ္ရဲ႕ တကိုယ္ေတာ္ အလိမ္အေခါက္ေတြနဲ႕ မန္စီးတီးေနာက္ခံလူ သုံးေယာက္ေလာက္ကို ေက်ာ္ျဖတ္ၿပီး သြင္းယူခဲ့ေပမယ့္ ငါးမိနစ္အၾကာမွာပဲ ဒီဘရိုင္းက ဧရိယာစပ္ေလာက္ကေန ကန္သြင္းရာမွာ ေနာက္ခံလူမာတစ္နဲ႕ ထိၿပီး ဂိုးဝင္သြားခဲ့တာေၾကာင့္ ထိပ္သီးႏွစ္သင္းရဲ႕ ေတြ႕ဆုံမႈဟာ သေရရလဒ္နဲ႕ ၿပီးဆုံးသြားခဲ့ပါတယ္။