Spots news

ရလဒ်တွေ ဆိုးဝါးနေတဲ့ ယူနိုက်တက်အတွက် မန်စီးတီးနဲ့ပွဲမှာ ပြန်လာတော့မယ့် ရက်ဖိုဒ့်

Unicode Version

ခွဲစိတ်ကုသမှု ခံယူထားတဲ့ ပခုံးဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ဟာ မန်စီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင် တော့မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့‌ ဘောလုံးရာသီက ယူနိုက်တက်ရဲ့ ဘယ်တောင်ပံ တိုက်စစ်မှာ ခြေစွမ်းပြ ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ရက်ဖိုဒ့် ဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၁ အထိ ဂိုးသွင်းယူ ပေးခဲ့ပြီးနောက် ၁၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်

နောက်အပတ်မှာ နိုင်ငံတကာပွဲတွေ ထပ်မံယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး အဆိုပါကာလအတွင်း ပရီးမီးယားလိဂ်ပွဲများ ခေတ္တ ရပ်နားထားမည်ဖြစ်တာကြောင့် ယူနိုက်တက်ဟာ တံခါးပိတ် ခြေစမ်းပွဲ အချို့ ဖိတ်ခေါ်ကစားဖို့ရှိနေပါတယ်။

နည်းပြဆိုးလ်ရှားဟာ ရက်ဖို့ဒ်ကို အဆိုပါ တံခါးပိတ်ခြေစွမ်းပွဲမှာ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး ကြံ့ခိုင်မှု အခြေအနေက စိုးရိမ်စရာမရှိပါက အောက်တိုဘာလ အတွင်းကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ကတည်းက ပြန်လည်အသုံးပြုဖွယ် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ သူ့နေရာမှာ ဆန်ချို နှင့် မာရှယ်တို့ ရှိနေပြီး သူတို့နှင့် အတူ နေရာရရှိရေး ယှဉ်ပြိုင် ရဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နှစ်ပွဲဆက် ရမှတ်လျော့နည်းထားပြီး ဖိအားတွေများနေတဲ့ နည်းပြဆိုးလ်ရှားအတွက် ရက်ဖိုဒ့်ရဲ့ ကောင်းသတင်းဟာ အနည်းငယ်စိတ်သက်သာ စေမှာဖြစ်ပါတယ်။

Zawgyi Version

ခြဲစိတ္ကုသမႈ ခံယူထားတဲ့ ပခုံးဒဏ္ရာ ကေန ျပန္လည္ သက္သာလာၿပီ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉး မားကပ္ရက္ဖိုဒ့္ဟာ မန္စီးတီးအသင္းနဲ႕ ကစားမယ့္ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္တြင္ ျပန္လည္ပါဝင္နိုင္ ေတာ့မွာ ျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

ၿပီးခဲ့တဲ့‌ ေဘာလုံးရာသီက ယူနိုက္တက္ရဲ႕ ဘယ္ေတာင္ပံ တိုက္စစ္မွာ ေျခစြမ္းျပ ကစားခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္မႉး ရက္ဖိုဒ့္ ဟာ ယူနိုက္တက္ အတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ၂၁ အထိ ဂိုးသြင္းယူ ေပးခဲ့ၿပီးေနာက္ ၁၁ ဂိုး ဖန္တီးေပးခဲ့ပါတယ္

ေနာက္အပတ္မွာ နိုင္ငံတကာပြဲေတြ ထပ္မံယွဥ္ၿပိဳင္ကစားဖို႔ ရွိေနၿပီး အဆိုပါကာလအတြင္း ပရီးမီးယားလိဂ္ပြဲမ်ား ေခတၱ ရပ္နားထားမည္ျဖစ္တာေၾကာင့္ ယူနိုက္တက္ဟာ တံခါးပိတ္ ေျခစမ္းပြဲ အခ်ိဳ႕ ဖိတ္ေခၚကစားဖို႔ရွိေနပါတယ္။

နည္းျပဆိုးလ္ရွားဟာ ရက္ဖို႔ဒ္ကို အဆိုပါ တံခါးပိတ္ေျခစြမ္းပြဲမွာ စမ္းသပ္အသုံးျပဳမွာျဖစ္ၿပီး ႀကံ့ခိုင္မႈ အေျခအေနက စိုးရိမ္စရာမရွိပါက ေအာက္တိုဘာလ အတြင္းကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာ ကတည္းက ျပန္လည္အသုံးျပဳဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

လက္ရွိ သူ႕ေနရာမွာ ဆန္ခ်ိဳ ႏွင့္ မာရွယ္တို႔ ရွိေနၿပီး သူတို႔ႏွင့္ အတူ ေနရာရရွိေရး ယွဥ္ၿပိဳင္ ရဖြယ္ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ အိမ္ကြင္း ႏွစ္ပြဲဆက္ ရမွတ္ေလ်ာ့နည္းထားၿပီး ဖိအားေတြမ်ားေနတဲ့ နည္းျပဆိုးလ္ရွားအတြက္ ရက္ဖိုဒ့္ရဲ႕ ေကာင္းသတင္းဟာ အနည္းငယ္စိတ္သက္သာ ေစမွာျဖစ္ပါတယ္။