Unicode Version
လက်စတာ စီးတီးအသင်းလို တန်းတက်အသင်းငယ် တသင်းကို အသင်းကြီး ၆သင်းနဲ့ ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိအောင် ဦးဆောင် လမ်းပြပေးနိုင်ခဲ့တဲ့ ဝါရင့်နည်းပြကြီး ရာရီနေးရီ ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်ဆီ တကျော့ပြန် ပြန်လည် ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။
လက်စတာ စီးတီးအသင်းကို တန်းတက်အသင်း ကနေ ယခုလို အသင်းကြီးတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်အောင် မျိုးစေ့ချပေးခဲ့တဲ့ ရာရီနေးရီဟာ ယမန်နေ့ကမှ နည်းပြမူနော့ဇ်ကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ ဝက်ဖို့ဒ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေတာပဲ ဖြစ်ပါတယ်။
ဝက်ဖို့ဒ်အသင်းဟာ ပွဲစဉ် ၇ အပြီးမှာ နိုင်ပွဲ ၂ပွဲနဲ့ သရေ ၁ပွဲသာ ရရှိထားကာ ၄ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့နည်းပြ ဖြစ်သူ ဇစ်ကို မူနော့ဇ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းဟာ လက်ရှိမှာ ရမှတ် ၇မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရှိနေပေမယ့် ဝက်ဖို့ဒ်အသင်း ကတော့
သူတို့အသင်းရဲ့ သတ်မှတ်ချက်တွေကို မူနော့ဇ်က ပြည့်မီအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မူနော့ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ ဝက်ဖို့ဒ်အသင်းဟာ မူနော့ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ရာရီနေးရီကို တိုက်ရိုက် ဆက်သွယ်ခဲ့ပြီး
ရာရီနေးရီကလည်း အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားပေမယ့် သူ အောင်မြင်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ဆီသာ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဝက်ဖို့ဒ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ဒါကြောင့် မကြာခင်မှာပဲ ရာရီနေးရီကို အင်္ဂလန်မြေမှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။
Zawgyi Version
လက္စတာ စီးတီးအသင္းလို တန္းတက္အသင္းငယ္ တသင္းကို အသင္းႀကီး ၆သင္းနဲ႕ ယွဥ္ၿပိဳင္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ရရွိေအာင္ ဦးေဆာင္ လမ္းျပေပးနိုင္ခဲ့တဲ့ ဝါရင့္နည္းျပႀကီး ရာရီေနးရီ ကေတာ့ အဂၤလန္ ပရီးမီးယားလိဂ္ဆီ တေက်ာ့ျပန္ ျပန္လည္ ေရာက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။
လက္စတာ စီးတီးအသင္းကို တန္းတက္အသင္း ကေန ယခုလို အသင္းႀကီးေတြနဲ႕ ရင္ေဘာင္တန္း ယွဥ္ၿပိဳင္နိုင္ေအာင္ မ်ိဳးေစ့ခ်ေပးခဲ့တဲ့ ရာရီေနးရီဟာ ယမန္ေန႕ကမွ နည္းျပမူေနာ့ဇ္ကို ရာထူးကေန ထုတ္ပယ္ထားတဲ့ ဝက္ဖို႔ဒ္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာဖို႔ နီးစပ္ေနတာပဲ ျဖစ္ပါတယ္။
ဝက္ဖို႔ဒ္အသင္းဟာ ပြဲစဥ္ ၇ အၿပီးမွာ နိုင္ပြဲ ၂ပြဲနဲ႕ သေရ ၁ပြဲသာ ရရွိထားကာ ၄ပြဲ အထိ ရႈံးနိမ့္ခဲ့တာေၾကာင့္ အသင္းရဲ႕နည္းျပ ျဖစ္သူ ဇစ္ကို မူေနာ့ဇ္ကို ရာထူးကေန ထုတ္ပယ္လိုက္တာ ျဖစ္ပါတယ္။ ဝက္ဖို႔ဒ္အသင္းဟာ လက္ရွိမွာ ရမွတ္ ၇မွတ္နဲ႕ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၄ ေနရာမွာ ရွိေနေပမယ့္ ဝက္ဖို႔ဒ္အသင္း ကေတာ့
သူတို႔အသင္းရဲ႕ သတ္မွတ္ခ်က္ေတြကို မူေနာ့ဇ္က ျပည့္မီေအာင္ စြမ္းေဆာင္ေပးနိုင္ျခင္း မရွိဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ မူေနာ့ဇ္ကို ရာထူးကေန ထုတ္ပယ္ခဲ့တာပါ။ ဝက္ဖို႔ဒ္အသင္းဟာ မူေနာ့ဇ္ကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ရာရီေနးရီကို တိုက္ရိုက္ ဆက္သြယ္ခဲ့ၿပီး
ရာရီေနးရီကလည္း အျခားအသင္းေတြရဲ႕ ကမ္းလွမ္းမႈေတြကို ရရွိထားေပမယ့္ သူ ေအာင္ျမင္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ဆီသာ ျပန္လည္ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ဝက္ဖို႔ဒ္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့ပါတယ္။ဒါေၾကာင့္ မၾကာခင္မွာပဲ ရာရီေနးရီကို အဂၤလန္ေျမမွာ ျပန္လည္ ျမင္ေတြ႕ရေတာ့မွာပါ။