Spots news

လစာတိုးပေးတာ မယူရင် ဇန်နဝါရီမှာ လိမ့်တော့ ဆိုပြီး ပေါ့ဘာနဲ့ဒဲ့ရှင်းတော့မယ့် မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် နောက်ဆုံးရက်ကို ခရစ္စမတ်ကာလလို့ သတ်မှတ်လိုက်ပါတယ်။ ယူနိုက်တက်နဲ့ပေါ့ဘာတို့အကြား စာချုပ်သက်တမ်းက နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေပြီး လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် တစ်စုံတစ်ရာ သဘောတူညီမှုမရရှိသေးပါဘူး။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဘာအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုမယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းရရှိမှာဖြစ်ပြီး စာချုပ်သစ် မချုပ်ဆိုရင်တော့ လာမယ့်ဇန်နဝါရီမှာတင် ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိအောင် ကြိုးစား ရောင်းချသွားဖွယ် ရှိပါတယ်။

ဒါပေမယ့်လည်း ပေါ့ဘာအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သစ်မချုပ်ခဲ့ဘူးဆိုရင် ဆောင်းရာသီအပြောင်းအရွှေ့မှာတင် အခြားသောအသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှု ယူနိုင်မှာဖြစ်ပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဘာကို ပထမအကြိမ် လက်လွှတ်ခဲ့တုန်းကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာပါ။

နည်းပြဟောင်း မော်ရင်ဟိုလက်ထက်ပြန်လည်ခေါ်ယူခဲ့ချိန် ကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ကို ပေးချေခဲ့ရပြီး ဒီတစ်ကြိမ်မှာ ဒီလိုထပ်မဖြစ်အောင် ယူနိုက်တက် တာဝန်ရှိသူတွေက ကြိုးစားနေကြတာပါ။ ဒါပေမယ့်လည်း ပေါ့ဘာသာ စာချုုပ်သစ် မချုပ်ဆိုခဲ့ဘူးဆိုရင်တော့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချနိုင်မယ့် အခွင့်အလမ်းက အလွန်နည်းပါးနေတယ်လို့ဆိုရမှာပါ။

ပေါ့ဘာကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်၊ PSG နဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပြီး ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့က ပေါ့ဘာကို ခေါ်ယူနိုင်ခြေအရှိဆုံးလို့ဆိုနိုင်ပါတယ်။ ရီးရဲလ်ဟာ ပေါ့ဘာထက် အမ်ဘာပေကို အဓိက ပစ်မှတ်ထားနေပြီး PSG ဘက်ကတော့ ပေါ့ဘာကို လုပ်ခလစာ ပေါင် ၅ သိန်းနဲ့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူတို႔ရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုနိုင္ေရးအတြက္ ေနာက္ဆုံးရက္ကို ခရစၥမတ္ကာလလို႔ သတ္မွတ္လိုက္ပါတယ္။ ယူနိုက္တက္နဲ႕ေပါ့ဘာတို႔အၾကား စာခ်ဳပ္သက္တမ္းက ေနာက္ဆုံးကာလအတြင္းကို ေရာက္ရွိေနၿပီး လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္အတြက္ တစ္စုံတစ္ရာ သေဘာတူညီမႈမရရွိေသးပါဘူး။

အသက္ ၂၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေပါ့ဘာအေနနဲ႕ ယူနိုက္တက္နဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ္ဆိုရင္ တစ္ပတ္လုပ္ခ ေပါင္ ၄ သိန္းရရွိမွာျဖစ္ၿပီး စာခ်ဳပ္သစ္ မခ်ဳပ္ဆိုရင္ေတာ့ လာမယ့္ဇန္နဝါရီမွာတင္ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ ရရွိေအာင္ ႀကိဳးစား ေရာင္းခ်သြားဖြယ္ ရွိပါတယ္။

ဒါေပမယ့္လည္း ေပါ့ဘာအေနနဲ႕ ယူနိုက္တက္နဲ႕ စာခ်ဳပ္သစ္မခ်ဳပ္ခဲ့ဘူးဆိုရင္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာတင္ အျခားေသာအသင္းတစ္သင္းနဲ႕ အႀကိဳသေဘာတူညီမႈ ယူနိုင္မွာျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာဖြယ္ရွိပါတယ္။ ယူနိုက္တက္ဟာ ေပါ့ဘာကို ပထမအႀကိမ္ လက္လႊတ္ခဲ့တုန္းကလည္း အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လႊတ္ခဲ့ရတာပါ။

နည္းျပေဟာင္း ေမာ္ရင္ဟိုလက္ထက္ျပန္လည္ေခၚယူခဲ့ခ်ိန္ ကေတာ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ကို ေပးေခ်ခဲ့ရၿပီး ဒီတစ္ႀကိမ္မွာ ဒီလိုထပ္မျဖစ္ေအာင္ ယူနိုက္တက္ တာဝန္ရွိသူေတြက ႀကိဳးစားေနၾကတာပါ။ ဒါေပမယ့္လည္း ေပါ့ဘာသာ စာခ်ဳုပ္သစ္ မခ်ဳပ္ဆိုခဲ့ဘူးဆိုရင္ေတာ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေရာင္းခ်နိဳင္မယ့္ အခြင့္အလမ္းက အလြန္နည္းပါးေနတယ္လို႔ဆိုရမွာပါ။

ေပါ့ဘာကိုေခၚယူဖို႔ ဥေရာပထိပ္တန္းအသင္းေတြျဖစ္တဲ့ ရီးရဲယ္မက္ဒရစ္၊ PSG နဲ႕ ဂ်ဴဗင္တပ္စ္တို႔က စိတ္ဝင္စားေနၿပီး ရီးရဲယ္မက္ဒရစ္နဲ႕ PSG တို႔က ေပါ့ဘာကို ေခၚယူနိုင္ေျခအရွိဆုံးလို႔ဆိုနိုင္ပါတယ္။ ရီးရဲလ္ဟာ ေပါ့ဘာထက္ အမ္ဘာေပကို အဓိက ပစ္မွတ္ထားေနၿပီး PSG ဘက္ကေတာ့ ေပါ့ဘာကို လုပ္ခလစာ ေပါင္ ၅ သိန္းနဲ႕ ကမ္းလွမ္းမယ္လို႔ သိရပါတယ္။