မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ဟာ မန်စီးတီး အသင်း ကို ရှုံးနိမ့် ခဲ့မှု ကို စိတ်ပျက် လျက် ရှိနေပြီး အိမ်ကွင်း မှာ တစ်ခါမက ရှုံးနိမ့် ခဲ့ဘူး တာမို့ မိမိတို့ ရဲ့ အမှားများကို အမြန်ဆုံး ပြင်ဆင် သင့်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဆီမီး ဖိုင်နယ်ဆို ရှုံးပွဲကြုံတွေ့ ရလေ့ရှိတဲ့ ဆိုလ်းရှားရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အခုတစ်ခါ မှာလည်း ၀-၂ ရလဒ်ဖြင့် ဆီမီး ဖိုင်နယ်က နေလှည့် ပြန်ခဲ့ ရပြန် ပြီဖြစ်ပါတယ်။လူအင်အား အပြည့် အစုံနဲ့ ပွဲထွက် လာခဲ့ ပေမယ့် စီးတီးရဲ့ စတုန်း ၊ ဖာနန်ဒင်ဟို တို့ရဲ့ သွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ ရခြင်း ဖြစ်ပါတယ်။
ဆိုးရှားရဲ့ လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပြိုင်ပွဲစုံ ဆီမီး ဖိုင်နယ် အဆင့်ထိ လေးကြိမ် တက်ရောက် နိုင်ခဲ့ ပြီး လေးကြိမ်လုံး ရှုံးပွဲ ကြုံတွေ့ ထားပါတယ်။ ပေါ့ဘာက မိမိတို့ရဲ့ အရှုံး အတွက် စိတ်ပျက် ပူဆွေးနေဖို့ အချိန် မရှိပဲ လီဗာပူးနဲ့ ပွဲ မတိုင်ခင် အဆင့် ၁ နေရာကို အခိုင်အမာ ရယူပြီး ပရီးမီးယားလိဂ် ဖလားကို သိမ်းပိုက်မည် ဟု ပြောဆိုခဲ့တာပါ။
“ တကယ် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အိမ်ကွင်းမှာ မန်စီးတီး ကိုရှုံးတာ တစ်ခါ မက ဖြစ်နေလို့ပါ။ ရလာဒ် ပိုင်းကိုလည်း စိတ်ပျက် တယ်။ အထူး သဖြင့် ပေးခဲ့ရတဲ့ နှစ်ဂိုးကလဲ တကယ်စိတ်ပျက် စရာပါ။ နောက်ကွယ်မှာ ဖလားလမ်းကြောင်း ရှိနေ တာကြောင့် ဒီပွဲရှုံး သွားတာ တော်တော် စိတ် အနှောင့်အယှက် ဖြစ်ဖို့ကောင်း ပါတယ်။ ကျနော်တို့ ဒီထက် ပိုကောင်းအောင်ကစား ရမယ်။ ဒီထက် ပိုကောင်းအောင် လုပ်ဖို့လိုတာ သေချာပြီ”
“အသေးစိတ် အချက်အလက် လေးတွေက စကားပြော သွားတာပါ။ အသေးစိတ် ကအစပြောင်းလဲ မှုတွေလုပ်နိုင် ပါတယ်။ အထူးသဖြင့် ဒီလို ပွဲကြီးပွဲကောင်း တွေ ကစားရတဲ့ အချိန်မှာပေါ့။ အသေးစိတ် ကအစ အမှားခံလို့ မရပါဘူး။ ပထမဆုံး အကြိမ်လည်း မဟုတ်လို့ ဒီအမှားတွေကနေ သင်ခန်းစာ ယူဖို့ လိုပါတယ်။ အရှေ့မှာ ပွဲကြီးတွေ ရောက်လာပြီ မို့ လက်ရှိ အခြေအနေ ကနေကျနော်တို့ရုန်းထွက်ရမယ်။ နောက်တစ်ကြိမ်ကျရင်တော့ ကျနော်တို့ ဒီထက် ပိုကောင်းအောင် ကစားမှာပါ”
“တစ်ပတ် ကြာအောင် စိတ်ပျက်နေဖို့ အထိ ကျနော်တို့မှာ အချိန် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှတ်ပေးဇယား ရဲ့ရပ်တည် မှုမှာ ကျနော်တို့ ဘယ်နား ရှိတယ် ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ လက်ရှိ အချိန် အမှတ်ပေးဇယားမှာ ကျနော် တို့ နေရာကောင်း ရ ထားတယ်။ စိတ်ဆင်းရဲ နေဖို့ အချိန်မရှိဘူး။ ဒီအခြေအနေ ကနေရုန်းထွက်ပြီး ကျနော်တို့ ရှေ့ဆက် သွားကြမှာပါ”
“မန်ချက်စတာ ယူနိုက်တက် မှာ ကစားရတာမ လွယ်ပါဘူး။ ဘယ်တော့မှ လည်း လွယ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အခက်အခဲတွေကိုနိုင်ပွဲ တွေက ဒီထက်ပို လှအောင် အလှဆင်ပေး နေပါတယ်။ အထူးသဖြင့် အခက်အခဲ တွေကနေရုန်းထွက် လာနိုင်တဲ့ အချိန်မှာပေါ့”