Spots news

ဘာဘာတော့ဗ်တင်ထားတဲ့ စံချိန်ကိုလိုက်မှီသွားတဲ့ ဆွန်ဟောင်မင်

Unicode Version

၃ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက်မှာတော့ တော့တင်ဟမ်ဟာ အိမ်ကွင်းမှာ ယူနိုက်တက်အား အနိုင်ယူထားတဲ့ ဗီလာနှင့် ကစားခဲ့ရတာဖြစ်ကာ အနိုင် ၃ မှတ် ယူနိုင်ခဲ့ပါတယ်။ နိုင်ပွဲပြန်လည်ရယူ နိုင်ခဲ့အတွက်ကြောင့် တော့တင်ဟမ်ဟာ အမှတ်ပေးဇယားမှာ အဆင့်တက်ခဲ့ပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဒုတိယပိုင်းမှာ အိမ်ရှင်အသင်းဟာ ဒမ်စမစ်ရဲ့အသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ကာ အဲ့ဒီဂိုးကို ဟိုဂျက်က ဆွန်ဟောင်မင်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ပထမပိုင်း ၂၇ မိနစ်မှာ သွင်းယူနိုင်ခဲ့ တာဖြစ်ပါတယ်။

အသင်းအတွက် ဂိုးသွင်းယူခဲတဲ့ ဟိုဂျက်ရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်မှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသား ဆွန်ဟာ အင်္ဂလိဂ် ထိပ်တန်းလိဂ်မှာ ဂိုးပေါင်း ၄၀ အထိ ဖန်တီးထားနိုင်တဲ့သူဖြစ်လာပါ တယ်။

အဲ့ဒီစံချိန်ဟာ တော့တင်ဟမ်အသင်းရဲ့  ကစားသမားဟောင်း ဘာဘာတော့ဗ်တင်ထားတဲ့ စံချိန်နှင့် တူညီသွားပြီဖြစ် ပါတယ်။ ဒါကြောင့် ဆွန်ရဲ့နာမည်ဟာ တော့တင်ဟမ်အသင်းရဲ့ သမိုင်းကြောင်းမှာ ကျန်ရစ်တော့မှာဖြစ်ပါတယ်။

Zawgyi Version



