Spots news

အေစီမီလန်ဆီသို့ လာကာဇက်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွှတ်မယ့် အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းကတော တိုက်စစ်ကစားသမား လာကာဇက်ကို အသင်းမှာ နေရာပေးဖို့အတွက်ရော စာချုပ်သက်တမ်းတိုးဖို့အတွက်ပါ ဆန္ဒမရှိတော့တာကြောင့် လာမယ့်ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ စီးရီးအေ ကလပ် အေစီမီလန်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ပို့ဆောင်သွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

လာကာဇက်ဟာ အာဆင်နယ်အသင်းဆီကို ၂၀၁ရခုနှစ်ကတည်းက လိုင်ယွန်အသင်းဆီကနေ ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ ၄ ခုအထိ ဖြတ်သန်းလို့ထားသလို လက်ရှိမှာတော့ သူရဲ့ ပဥ္စမမြောက် ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အတွက် ပွဲပေါင်း ၁၇၃ ပွဲ ပါဝင်ကစားထားခဲ့ပြီး ၆၇ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ လာကာဇက်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပေမယ့် ကစားသမားရဲ့ စာချုပ်ကိစ္စကို အသင်းဘက်ရော ကစားသမားဘက်ကပါ ဆန္ဒမရှိပဲ ဖြစ်နေရပါတယ်။

လာကာဇက်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာသာ လူစားဝင် ကစားသမားအဖြစ် မိနစ် ၃၀ ခန့်သာ ပါဝင်ကစားထားရပြီး ဝင်ဘယ်ဒန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာပဲ ပွဲချိန်ပြည့် ကစားထားခဲ့ရကာ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲ ပွဲထွက်ကစားခွင့်တွေ ဆုံးရှုံးလျက် ရှိနေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေ ရှိနေရတဲ့ လာကာဇက်ကို အာဆင်နယ်အသင်းက လာမယ့် ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ အသင်းကနေ အေစီမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ထွက်ခွာခွင့်ပြုသွားဖို့ပါ ကမ်းလှမ်းထားတယ်လို့ အီတလီ အခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

လာကာဇက်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ အေစီမီလန်အသင်းလည်း ပါဝင်နေပေမယ့် လာကာဇက်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းခွဲကို ပေးချေသွားဖို့က မီလန်အတွက် အခက်အခဲတစ်ခု ဖြစ်လို့နေနိုင်တာကြောင့်ရော အသင်းရဲ့ တိုက်စစ်ပိုင်းမှာက ဂျရူး မိုဗစ် လီယာအို ရယ်ဘစ်တို့လို

ကစားသမားတွေ ရှိနေတာကြောင့် လာကာဇက်ကို ခေါ်ယူဖို့က မလိုအပ်သေးတဲ့ အနေအထား ဖြစ်နေရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဆီဗီလာ တိုက်စစ်ကစားသမား အန်နက်ဆီရီကို ခေါ်ယူဖို့အတွက်ပါ လာကာဇက်ကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အသုံးချဖွယ်ပါ ရှိနေပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းကေတာ တိုက္စစ္ကစားသမား လာကာဇက္ကို အသင္းမွာ ေနရာေပးဖို႔အတြက္ေရာ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ပါ ဆႏၵမရွိေတာ့တာေၾကာင့္ လာမယ့္ေဆာင္းရာသီ ေစ်းကြက္အတြင္းမွာပဲ စီးရီးေအ ကလပ္ ေအစီမီလန္အသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕သာ ပို႔ေဆာင္သြားဖို႔ စီစဥ္လ်က္ ရွိေနတယ္လို႔ သိရွိရပါတယ္။

လာကာဇက္ဟာ အာဆင္နယ္အသင္းဆီကို ၂၀၁ရခုႏွစ္ကတည္းက လိုင္ယြန္အသင္းဆီကေန ေရာက္ရွိေနတာျဖစ္ၿပီး အသင္းနဲ႕ ေဘာလုံးရာသီ ၄ ခုအထိ ျဖတ္သန္းလို႔ထားသလို လက္ရွိမွာေတာ့ သူရဲ႕ ပၪၥမေျမာက္ ေဘာလုံးရာသီကို ဆက္လက္ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ပြဲေပါင္း ၁၇၃ ပြဲ ပါဝင္ကစားထားခဲ့ၿပီး ၆၇ ဂိုး သြင္းယူထားနိုင္ခဲ့တဲ့ လာကာဇက္ဟာ လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးရေတာ့မွာျဖစ္ေပမယ့္ ကစားသမားရဲ႕ စာခ်ဳပ္ကိစၥကို အသင္းဘက္ေရာ ကစားသမားဘက္ကပါ ဆႏၵမရွိပဲ ျဖစ္ေနရပါတယ္။

လာကာဇက္ဟာ ဒီရာသီမွာ မန္စီးတီးအသင္းနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ ပြဲစဥ္မွာသာ လူစားဝင္ ကစားသမားအျဖစ္ မိနစ္ ၃၀ ခန႔္သာ ပါဝင္ကစားထားရၿပီး ဝင္ဘယ္ဒန္နဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ လိဂ္ဖလားပြဲစဥ္မွာပဲ ပြဲခ်ိန္ျပည့္ ကစားထားခဲ့ရကာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲ ပြဲထြက္ကစားခြင့္ေတြ ဆုံးရႈံးလ်က္ ရွိေနတာ ျဖစ္ပါတယ္။

ဒီလို အေျခအေန ရွိေနရတဲ့ လာကာဇက္ကို အာဆင္နယ္အသင္းက လာမယ့္ ေဆာင္းရာသီ ေစ်းကြက္အတြင္းမွာပဲ အသင္းကေန ေအစီမီလန္အသင္းဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ပါ ထြက္ခြာခြင့္ျပဳသြားဖို႔ပါ ကမ္းလွမ္းထားတယ္လို႔ အီတလီ အေျခစိုက္ Calciomercato သတင္းမီဒီယာကေန ေဖာ္ျပလာခဲ့ပါတယ္။

လာကာဇက္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနတဲ့ ကလပ္အသင္းေတြထဲမွာ ေအစီမီလန္အသင္းလည္း ပါဝင္ေနေပမယ့္ လာကာဇက္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၁ သိန္းခြဲကို ေပးေခ်သြားဖို႔က မီလန္အတြက္ အခက္အခဲတစ္ခု ျဖစ္လို႔ေနနိုင္တာေၾကာင့္ေရာ အသင္းရဲ႕ တိုက္စစ္ပိုင္းမွာက ဂ်႐ူး မိုဗစ္ လီယာအို ရယ္ဘစ္တို႔လို

ကစားသမားေတြ ရွိေနတာေၾကာင့္ လာကာဇက္ကို ေခၚယူဖို႔က မလိုအပ္ေသးတဲ့ အေနအထား ျဖစ္ေနရပါတယ္။ ဒါ့အျပင္ အာဆင္နယ္အသင္းဟာ ဆီဗီလာ တိုက္စစ္ကစားသမား အန္နက္ဆီရီကို ေခၚယူဖို႔အတြက္ပါ လာကာဇက္ကို အေျပာင္းအေ႐ႊ႕ တစိတ္တပိုင္းအျဖစ္ အသုံးခ်ဖြယ္ပါ ရွိေနပါတယ္။