Spots news

ဆိုးလ်ရှားအတွက် ရိုက်စ် နဲ့ ဖီးလစ် တို့မှတစ်ဦးကို ခေါ်ယူပေးမယ့် မန်ယူနိုက်တက်

Unicode Version

လတ်တလောမှာ ရလဒ်တွေရော အသင်းရဲ့ စွမ်းဆောင်ရည်တွေပါ ကျဆင်းလျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့ အားအနည်းဆုံး ဖြစ်လို့နေတဲ့ ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်းယူနိုက်တက်

ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက် ရှိနေတဲ့အပြင် လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကိုပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ Daily Star ကနေ ဖော်ပြလာခဲ့ပါတယ်။

ကယ်ဗင်ဖီးလစ်ဟာ လိဒ်စ်ယူနိုက်တက် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း လိဒ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။ ကစားသမားဘဝအစပိုင်းမှာ ဗဟိုကွင်းလယ်လူ အဖြစ်

ကစားခဲ့ပေမယ့်လည်း လိဒ်စ်အသင်းကို ဝါရင့်နည်းပြကြီး ဘီယယ်ဆာ ကိုင်တွယ်လာပြီးနောက်ပိုင်းမှာတော့ ဖီးလစ်က ကွင်းလယ်ခံစစ်နေရာမှာ ပြောင်းလဲကစားခဲ့ရပြီး သူရဲ့စွမ်းရည်ကောင်းတွေကိုလည်း ပိုမိုပြသလာနိုင်ခဲ့ပါတယ်။

ဘောလုံးအတိုပေးတာတွေ အဝေးဘော ပေးပို့မှုတွေနဲ့ အသင်းကို ခံစစ်အနေအထားကနေ တိုက်စစ်အခြေအနေဆီ ကူးပြောင်းပေးနိုင်မှုတွေမှာ ထူူးချွန်သူဖြစ်တဲ့ ကယ်ဗင်ဖီးလစ်ကို ပရီးမီးယားလိဂ်က

ထိပ်တန်းကလပ် အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေပြီး လက်ရှိမှာတော့ ယူနိုက်တက်အသင်းက ဖီးလစ်ကို အလိုချင်ဆုံး ကလပ်အသင်းတစ်သင်း ဖြစ်နေရပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း တိုက်စစ်နဲ့ ခံစစ်ပိုင်းကို အားဖြည့်တင်းခဲ့ပေမယ့်လည်း အသင်းရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကွင်းလယ်ခံစစ်ပိုင်းအတွက်ကိုတော့

ကစားသမားခေါ်ယူမှု မရှိခဲ့တာကြောင့် အသင်းရဲ့ DM ပိုင်းမှာ လိုအပ်ချက်တွေ ဖြစ်နေရပြီး ဒီအကျိုးဆက်ကိုလည်း လက်ရှိမှာ ခံစားနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်အသင်းက လာမယ့်ဆောင်းစျေးကွက် ဒါမှမဟုတ် နွေစျေးကွက် ပြန်ဖွင့်ချိန်မှာ ကွင်းလယ်ခံစစ်ပိုင်း ဒါမှမဟုတ် ကွင်းလယ်ပိုင်းအတွက် ဒ

က်ကလန်ရိုက်စ် ဒါမှမဟုတ် ကယ်ဗင်ဖီးလစ် တစ်ဦးဦးကို အရခေါ်ယူဖွယ် ရှိနေပြီး မီလန်နဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ဖရန့်ကတ်ဆေးကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Zawgyi Version

လတ္တေလာမွာ ရလဒ္ေတြေရာ အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြပါ က်ဆင္းလ်က္ရွိေနတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ အသင္းရဲ႕ အားအနည္းဆုံး ျဖစ္လို႔ေနတဲ့ ကြင္းလယ္ပိုင္းအတြက္ ဝက္စ္ဟမ္းယူနိုက္တက္

ကြင္းလယ္ကစားသမား ဒက္ကလန္ရိုက္စ္ကို အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားလ်က္ ရွိေနတဲ့အျပင္ လိဒ္စ္ယူနိုက္တက္အသင္းရဲ႕ အဂၤလန္ကြင္းလယ္လူ ကယ္ဗင္ဖီးလစ္ကိုပါ စိတ္ဝင္စားလ်က္ ရွိေနတယ္လို႔ Daily Star ကေန ေဖာ္ျပလာခဲ့ပါတယ္။

ကယ္ဗင္ဖီးလစ္ဟာ လိဒ္စ္ယူနိုက္တက္ လူငယ္အသင္းကေန ေပၚထြက္လာခဲ့သူျဖစ္ၿပီး လက္ရွိမွာလည္း လိဒ္စ္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးအျဖစ္ ရပ္တည္လ်က္ ရွိေနပါတယ္။ ကစားသမားဘဝအစပိုင္းမွာ ဗဟိုကြင္းလယ္လူ အျဖစ္

ကစားခဲ့ေပမယ့္လည္း လိဒ္စ္အသင္းကို ဝါရင့္နည္းျပႀကီး ဘီယယ္ဆာ ကိုင္တြယ္လာၿပီးေနာက္ပိုင္းမွာေတာ့ ဖီးလစ္က ကြင္းလယ္ခံစစ္ေနရာမွာ ေျပာင္းလဲကစားခဲ့ရၿပီး သူရဲ႕စြမ္းရည္ေကာင္းေတြကိုလည္း ပိုမိုျပသလာနိုင္ခဲ့ပါတယ္။

ေဘာလုံးအတိုေပးတာေတြ အေဝးေဘာ ေပးပို႔မႈေတြနဲ႕ အသင္းကို ခံစစ္အေနအထားကေန တိုက္စစ္အေျခအေနဆီ ကူးေျပာင္းေပးနိုင္မႈေတြမွာ ထူူးခြၽန္သူျဖစ္တဲ့ ကယ္ဗင္ဖီးလစ္ကို ပရီးမီးယားလိဂ္က

ထိပ္တန္းကလပ္ အသင္းေတြကေန အၿပိဳင္အဆိုင္ စိတ္ဝင္စားလ်က္ ရွိေနၿပီး လက္ရွိမွာေတာ့ ယူနိုက္တက္အသင္းက ဖီးလစ္ကို အလိုခ်င္ဆုံး ကလပ္အသင္းတစ္သင္း ျဖစ္ေနရပါတယ္။

ယူနိုက္တက္အသင္းအေနနဲ႕ ၿပီးခဲ့တဲ့ေႏြေစ်းကြက္အတြင္း တိုက္စစ္နဲ႕ ခံစစ္ပိုင္းကို အားျဖည့္တင္းခဲ့ေပမယ့္လည္း အသင္းရဲ႕ လိုအပ္ခ်က္တစ္ခုျဖစ္တဲ့ ကြင္းလယ္ခံစစ္ပိုင္းအတြက္ကိုေတာ့

ကစားသမားေခၚယူမႈ မရွိခဲ့တာေၾကာင့္ အသင္းရဲ႕ DM ပိုင္းမွာ လိုအပ္ခ်က္ေတြ ျဖစ္ေနရၿပီး ဒီအက်ိဳးဆက္ကိုလည္း လက္ရွိမွာ ခံစားေနရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယူနိုက္တက္အသင္းက လာမယ့္ေဆာင္းေစ်းကြက္ ဒါမွမဟုတ္ ေႏြေစ်းကြက္ ျပန္ဖြင့္ခ်ိန္မွာ ကြင္းလယ္ခံစစ္ပိုင္း ဒါမွမဟုတ္ ကြင္းလယ္ပိုင္းအတြက္ ဒ

က္ကလန္ရိုက္စ္ ဒါမွမဟုတ္ ကယ္ဗင္ဖီးလစ္ တစ္ဦးဦးကို အရေခၚယူဖြယ္ ရွိေနၿပီး မီလန္နဲ႕ သက္တမ္းကုန္ဆုံးေတာ့မယ့္ ဖရန႔္ကတ္ေဆးကိုလည္း ပစ္မွတ္ထားလ်က္ ရွိေနပါတယ္။