Spots news

ပီအက်စ်ဂျီမှာ သားများလို့ ဆရာသေနေတဲ့ နည်းပြဟောင်း ပိုချက်တီနိုကို ပြန်ခေါ်မယ့် စပါး

Unicode Version

ပီအက်စ်ဂျီမှာ မက်ဆီ၊နေမာ၊ဘာပေဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမား တွေအပြင် ကမ္ဘာ့အတောင့်တင်းဆုံး ကစားသမားတွေ ရရှိထားပေမယ့် တည်ငြိမ်တဲ့ရလဒ်မျိုး စွမ်းဆောင်ဖို့ ရုန်းကန်နေရတဲ့ ပိုချက်တီနိုကို ပီအက်စ်ဂျီအသင်းက ထုတ်ပယ်ခဲ့ရင် အသင်းဟောင်း စပါးဘက်က ပြန်လည်ခေါ်ယူနိုင်ချေရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ရန်းနက်နဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ပွဲစဥ်မှာလဲ နာမည်ကျော် ကစားသမား အများအပြားရှိနေတဲ့ ပီအက်စ်ဂျီအသင်းဟာ ရန်းနက်ကို ၂ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြပိုချက်တီနိုရဲ့ ထိုင်ခုံ လှုပ်ခတ်နေကြောင်း ပြင်သစ် သတင်းမီဒီယာများက ရေးသားထားကြပါတယ်။

 

နည်းပြဖြစ်သူ ပိုချက်တီနိုကလည်း သူတို့အသင်းရဲ့ ဒီရာသီ ပထမဦးဆုံး လီဂူးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့အပြီးမှာ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အနည်းငယ် ဆိုးဝါးခဲ့ကြောင်းနဲ့ တိုက်စစ်မှူးတွေ အစုံအလင် အသုံးပြုခဲ့ပေမယ့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

စပါးအသင်းရဲ့ ဥက္ကဌ ဒယ်နီယယ်လီဗိုင်းဟာ နည်းပြ မော်ရင်ဟိုကိုထုတ်ပယ်ပြီး စပါးနည်းပြရှာပုံတော်စဖွင့်ကတည်းက နည်းပြဟောင်း ပိုချက်တီနိုကို အရင်ဆုံးပြန်လည် ဆက်သွယ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီဘက်က ချက်ချင်းပယ်ချခဲ့လိုသာ ရှေ့မဆက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အခု နည်းပြ နူနိုဆန်းတိုစ့်ရဲ့ စပါးဟာလည်း ပရီးမီးယားလိဂ် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီး တနေ့က ဗီလာအသင်းကိုလည်း အိမ်ကွင်းမှာ ခက်ခက်ခဲခဲနဲ့အ နိုင်ယူခဲ့ရတာမို့ ပီအက်စ်ဂျီကသာ ပိုချက်တီနိုကို ထုတ်ပယ်ခံခဲ့ရရင် စပါးအသင်းက တကျော့ပြန်ခေါ်မှာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။

Zawgyi Version




