Spots news

ရော်နယ်ဒို အပါအဝင် ဆိုးလ်ရှားရဲ့ နည်းစနစ်အပေါ် စိတ်ပျက်နေတဲ့ ကစားသမား ၅ ဦး

Unicode Version

ကမ္ဘာကျော် Telegraph သတင်းဌာနကြီးရဲ့ ဖော်ပြချက်အရ အဲဗာတန်နဲ့  ပွဲစဉ်အပြီးမှာ နည်းပြဖြစ်သူ ဆိုးလ်ရှားရဲ့ စီမံခန့်ခွဲမှုကို စိတ်ပျက်နေကြတဲ့ ယူနိုက်တက် အဓိက ကစားသမားတွေ ရှိလာခဲ့ကြပြီး၊ ဒီထဲကနေ ကစားသမား(၅) ယောက်ကို ဖော်ပြလာခဲ့ပါတယ်။

ပွဲပြီး ခရာမှုတ်ချိန်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒိုဟာ စိတ်ပျက်လျက်ရှိနေပြီး၊ ပြိုင်ဘက် ကစားသမားများနဲ့ အချင်းချင်း လက်ဆွဲနုတ်ဆက်ခြင်း မပြုလုပ်တော့ပဲ အဝတ်လှဲခန်း ထဲကို တန်းတန်း မတ်မတ် ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ အကောင်းဆုံး ပုံစံတွေကို တောက်လျှောက် ပြသနေခဲ့တဲ့ ယူနိုက်တက်ရဲ့ အဓိက ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာ ကိုယ်တိုင်လည်း ပွဲပြီးခရာမှုတ်ချိန်မှာ သူ့ရဲ့ လက်အိပ်ကို မြေပြင်ပေါ်ကို ပစ်ပေါက် ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ၎င်းပွဲစဉ် မှာတော့ ပွဲထွက်ခွင့် မရခဲ့ပဲ၊ ဒုတိယပိုင်း ရောက်ရှိမှသာ လူစားဝင်ကစားခွင့် ရခဲ့တာ ဖြစ်ပြီး၊

ပွဲပြီးချိန်မှာတော့ ဆိုးလ်ရှားရဲ့  ညွန်ကြားမှု အမှားတွေကြောင့် ဒေါသထွက် နေခဲ့ကာ ရော်နယ်ဒိုနဲ့အတူ အဝတ်လှဲ ခန်းထဲကို တန်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ ဒုတိယပိုင်းရောက်မှ ရော်နယ်ဒိုနဲ့အတူ လူစားဝင် ကစားခွင့်ရခဲ့တဲ့ တိုက်စစ်မှုး ဂျေဒန်ဆန်ချိုဟာ ဘယ်တောင်ပံမှာ ကစားခဲ့ရပါတယ်။

ဆန်ချိုဟာ ညာတောင်ပံတိုက်စစ် အားသာတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့်၊ ဆိုးလ်ရှားကတော့ ကစားသမားကို ဘယ်တောင်ပံမှာပဲ ပွဲထုတ်နေတာ ဖြစ်ပါတယ်။

ဆန်ချိုကိုယ်တိုင်ကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သူအားသာတဲ့ ညာတောင်ပံကနေတဆင့် အသင်းကို အကောင်းဆုံး ကူညီပေးဖို့ ပြောကြားခဲ့ဖူးပေမယ့်၊ လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့ ပွဲထုတ်ပုံကြောင့် ရုန်းကန်နေရပြီး စိတ်ပျက်လျက်ရှိနေပါတယ်။

ဒါ့အပြင် လတ်တလောမှာ ဆိုးလ်ရှားရဲ့ လျစ်လျူရှုခြင်းကို ခံနေရတဲ့ ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ်ဟာ ပွဲထွက်ခွင့် လုံးဝပျောက်ဆုံးနေခဲ့တာကြောင့် အတော်လေး

စိတ်အားငယ်နေတယ်လို့ သိရပါတယ်။ ဒီကစားသမား (၅)ယောက်ဟာ ဆိုးလ်ရှားရဲ့ နည်းဗျူဟာ အပါအဝင် နိုင်လိုစိတ် အားနည်းမှုတွေကို အတော်လေး စိတ်ပျက်နေကြပါတယ်။

ဒါ့အပြင် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် နည်းပြဖြစ်သူရဲ့ အားနည်းမှုတွေကို ပရိတ်သတ်တွေကလည်း အလွန်စိတ်ပျက်လျက် ရှိနေတာကြောင့်

ယူနိုက်တက် တာဝန်ရှိသူတွေဟာလည်း လာမယ့် ပွဲစဉ်များရဲ့ ရလာဒ်ကို စောင့်ကြည့်နေကြပြီး ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ် ။

Zawgyi Version

ကမာၻေက်ာ္ Telegraph သတင္းဌာနႀကီးရဲ႕ ေဖာ္ျပခ်က္အရ အဲဗာတန္နဲ႕  ပြဲစဥ္အၿပီးမွာ နည္းျပျဖစ္သူ ဆိုးလ္ရွားရဲ႕ စီမံခန့္ခြဲမႈကို စိတ္ပ်က္ေနၾကတဲ့ ယူနိုက္တက္ အဓိက ကစားသမားေတြ ရွိလာခဲ့ၾကၿပီး၊ ဒီထဲကေန ကစားသမား(၅) ေယာက္ကို ေဖာ္ျပလာခဲ့ပါတယ္။

ပြဲၿပီး ခရာမႈတ္ခ်ိန္မွာ ယူနိုက္တက္ရဲ႕ တိုက္စစ္မႈး ခရစၥတီယာနို ေရာ္နယ္ဒိုဟာ စိတ္ပ်က္လ်က္ရွိေနၿပီး၊ ၿပိဳင္ဘက္ ကစားသမားမ်ားနဲ႕ အခ်င္းခ်င္း လက္ဆြဲႏုတ္ဆက္ျခင္း မျပဳလုပ္ေတာ့ပဲ အဝတ္လွဲခန္း ထဲကို တန္းတန္း မတ္မတ္ ဝင္သြားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေနာက္ပိုင္းမွာ အေကာင္းဆုံး ပုံစံေတြကို ေတာက္ေလွ်ာက္ ျပသေနခဲ့တဲ့ ယူနိုက္တက္ရဲ႕ အဓိက ဂိုးသမားျဖစ္သူ ေဒးဗစ္ဒီဂီယာ ကိုယ္တိုင္လည္း ပြဲၿပီးခရာမႈတ္ခ်ိန္မွာ သူ႕ရဲ႕ လက္အိပ္ကို ေျမျပင္ေပၚကို ပစ္ေပါက္ ခဲ့တယ္လို႔ သိရပါတယ္။

ယူနိုက္တက္ရဲ႕ ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ ၎ပြဲစဥ္ မွာေတာ့ ပြဲထြက္ခြင့္ မရခဲ့ပဲ၊ ဒုတိယပိုင္း ေရာက္ရွိမွသာ လူစားဝင္ကစားခြင့္ ရခဲ့တာ ျဖစ္ၿပီး၊

ပြဲၿပီးခ်ိန္မွာေတာ့ ဆိုးလ္ရွားရဲ႕  ၫြန္ၾကားမႈ အမွားေတြေၾကာင့္ ေဒါသထြက္ ေနခဲ့ကာ ေရာ္နယ္ဒိုနဲ႕အတူ အဝတ္လွဲ ခန္းထဲကို တန္းဝင္သြားခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲမွာေတာ့ ဒုတိယပိုင္းေရာက္မွ ေရာ္နယ္ဒိုနဲ႕အတူ လူစားဝင္ ကစားခြင့္ရခဲ့တဲ့ တိုက္စစ္မႈး ေဂ်ဒန္ဆန္ခ်ိဳဟာ ဘယ္ေတာင္ပံမွာ ကစားခဲ့ရပါတယ္။

ဆန္ခ်ိဳဟာ ညာေတာင္ပံတိုက္စစ္ အားသာတဲ့ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေပမယ့္၊ ဆိုးလ္ရွားကေတာ့ ကစားသမားကို ဘယ္ေတာင္ပံမွာပဲ ပြဲထုတ္ေနတာ ျဖစ္ပါတယ္။

ဆန္ခ်ိဳကိုယ္တိုင္ကလည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ သူအားသာတဲ့ ညာေတာင္ပံကေနတဆင့္ အသင္းကို အေကာင္းဆုံး ကူညီေပးဖို႔ ေျပာၾကားခဲ့ဖူးေပမယ့္၊ လက္ရွိမွာေတာ့ ဆိုးလ္ရွားရဲ႕ ပြဲထုတ္ပုံေၾကာင့္ ႐ုန္းကန္ေနရၿပီး စိတ္ပ်က္လ်က္ရွိေနပါတယ္။

ဒါ့အျပင္ လတ္တေလာမွာ ဆိုးလ္ရွားရဲ႕ လ်စ္လ်ဴရႈျခင္းကို ခံေနရတဲ့ ယူနိုက္တက္ ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္ဟာ ပြဲထြက္ခြင့္ လုံးဝေပ်ာက္ဆုံးေနခဲ့တာေၾကာင့္ အေတာ္ေလး

စိတ္အားငယ္ေနတယ္လို႔ သိရပါတယ္။ ဒီကစားသမား (၅)ေယာက္ဟာ ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာ အပါအဝင္ နိုင္လိုစိတ္ အားနည္းမႈေတြကို အေတာ္ေလး စိတ္ပ်က္ေနၾကပါတယ္။

ဒါ့အျပင္ ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားေပမယ့္ နည္းျပျဖစ္သူရဲ႕ အားနည္းမႈေတြကို ပရိတ္သတ္ေတြကလည္း အလြန္စိတ္ပ်က္လ်က္ ရွိေနတာေၾကာင့္

ယူနိုက္တက္ တာဝန္ရွိသူေတြဟာလည္း လာမယ့္ ပြဲစဥ္မ်ားရဲ႕ ရလာဒ္ကို ေစာင့္ၾကည့္ေနၾကၿပီး ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ စဥ္းစားေနၿပီ ျဖစ္ပါတယ္ ။