Unicode Version
UFC ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ခါဘိက သူဟာ အဲဗာတန်အသင်းနှင့် သရေကျခဲ့သည့်ပွဲမှာ သူငယ်ချင်းဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို အားပေးရန်အတွက် အိုးလ်ထရက်ဖို့ဒ်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းနှင့် ယူနိုက်တက်အသင်း ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ၀ိုင်အတူသောက်ရန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ခါဘိဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်အသင်းပွဲစဉ်မှာ ဘော်ဒါဖြစ်တဲ့ ရော်နယ်ဒိုကို လာရောက်အားပေးခဲ့ ခြင်းဖြစ်ပြီး နည်းပြကြီး ဖာဂူဆန်၊ အပြေးအကျော်အမော် အူစိန်ဘော့၊ ယူနိုက်တက်နောက်ခံလူဟောင်း ပက်ထရစ်အီဗရာတို့နှင့်အတူ ရှိနေခဲ့သည်ဟုလည်း သိရှိရပါတယ်။
ဒါ့အပြင် နည်းပြကြီးဖာဂူဆန်ရဲ့ ၀ိုင်အတူသောက်ရန် ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်ဟု ဆိုခဲ့ပြီး ”ကျွန်တော် ဘာကြောင့် မသောက်ရတာလဲဆိုတဲ့အကြောင်း သူ့ကိုရှင်းပြခဲ့ပါတယ်။ အကြောင်းပြချက်က နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ကျွန်တော်က မူဆလင် ဖြစ်နေလို့ပါ။
ပြီးတော့ ကျွန်တော် သူ့ကို နောက်ပြောင်ပြီးတော့လည်း ပြောခဲ့ပါသေးတယ်။ ဘာကြောင့် ကျွန်တော် မသောက်တာလဲဆိုတော့ ကျွန်တော်မူးလာရင် အားလုံးကို အလဲထိုးမိလိမ့်မယ်။ ဒီလိုဖြစ်ခဲ့ရင် မကောင်းပါဘူးဆိုပြီး ငြင်းခဲ့တာပါ ”ဟု ပြောကြားခဲ့ပါတယ်။
ခါဘိဟာ သူ၏ Instagram လူမှုကွန်ရက်ပေါ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဖာဂူဆန်နှင့်အတူယှဉ်တွဲကာ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပြီး ”တကယ့် ဂန္ထဝင်ကြီးတစ်ဦးနဲ့ စကားပြောခွင့်ရခဲ့တာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”ဟုလည်း ရေးသားခဲ့ပါတယ်။
Zawgyi Version
UFC ဂႏၳဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ခါဘိက သူဟာ အဲဗာတန္အသင္းႏွင့္ သေရက်ခဲ့သည့္ပြဲမွာ သူငယ္ခ်င္းျဖစ္တဲ့ ခရစၥတီယာနို ေရာ္နယ္ဒိုကို အားေပးရန္အတြက္ အိုးလ္ထရက္ဖို႔ဒ္သို႔ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္းႏွင့္ ယူနိုက္တက္အသင္း ဂႏၳဝင္နည္းျပႀကီး ဖာဂူဆန္က ၀ိုင္အတူေသာက္ရန္ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ခါဘိဟာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အဲဗာတန္အသင္းပြဲစဥ္မွာ ေဘာ္ဒါျဖစ္တဲ့ ေရာ္နယ္ဒိုကို လာေရာက္အားေပးခဲ့ ျခင္းျဖစ္ၿပီး နည္းျပႀကီး ဖာဂူဆန္၊ အေျပးအေက်ာ္အေမာ္ အူစိန္ေဘာ့၊ ယူနိုက္တက္ေနာက္ခံလူေဟာင္း ပက္ထရစ္အီဗရာတို႔ႏွင့္အတူ ရွိေနခဲ့သည္ဟုလည္း သိရွိရပါတယ္။
ဒါ့အျပင္ နည္းျပႀကီးဖာဂူဆန္ရဲ႕ ၀ိုင္အတူေသာက္ရန္ ကမ္းလွမ္းမႈကို ယဥ္ေက်းစြာ ျငင္းပယ္ခဲ့သည္ဟု ဆိုခဲ့ၿပီး ”ကြၽန္ေတာ္ ဘာေၾကာင့္ မေသာက္ရတာလဲဆိုတဲ့အေၾကာင္း သူ႕ကိုရွင္းျပခဲ့ပါတယ္။ အေၾကာင္းျပခ်က္က ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုက ကြၽန္ေတာ္က မူဆလင္ ျဖစ္ေနလို႔ပါ။
ၿပီးေတာ့ ကြၽန္ေတာ္ သူ႕ကို ေနာက္ေျပာင္ၿပီးေတာ့လည္း ေျပာခဲ့ပါေသးတယ္။ ဘာေၾကာင့္ ကြၽန္ေတာ္ မေသာက္တာလဲဆိုေတာ့ ကြၽန္ေတာ္မူးလာရင္ အားလုံးကို အလဲထိုးမိလိမ့္မယ္။ ဒီလိုျဖစ္ခဲ့ရင္ မေကာင္းပါဘူးဆိုၿပီး ျငင္းခဲ့တာပါ ”ဟု ေျပာၾကားခဲ့ပါတယ္။
ခါဘိဟာ သူ၏ Instagram လူမႈကြန္ရက္ေပၚမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂႏၲဝင္ နည္းျပႀကီး ဖာဂူဆန္ႏွင့္အတူယွဥ္တြဲကာ ရိုက္ထားတဲ့ ဓာတ္ပုံကိုလည္း တင္ခဲ့ၿပီး ”တကယ့္ ဂႏၳဝင္ႀကီးတစ္ဦးနဲ႕ စကားေျပာခြင့္ရခဲ့တာ ကြၽန္ေတာ့္အတြက္ ဂုဏ္ယူစရာပါပဲ”ဟုလည္း ေရးသားခဲ့ပါတယ္။