Spots news

အသင်းမှ ထွက်ခွာဖို့ တာဝန်ရှိသူတွေကို တောင်းဆိုပြီးသားပါဆိုတဲ့ အမ်ဘာပေ

Unicode Version

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေက သူဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အသင်းကထွက်ခွာချင်တယ်လို့ ပြောဆိုခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ရိးရဲလ်မက်ဒရစ်က သူ့ကိုစိတ်ဝင်စားနေချိန်မှာ အသင်းကထွက်ခွာဖို့ ခွင့်တောင်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့နဲ့ပတ်သက်ကာ ပထမဆုံးအကြိမ် ဝန်ခံပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘာပေက “လူတွေက ကျွန်တော် ၆ နှစ် ၇ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ပယ်ချခဲ့တယ် နောက်ပြီး လီယိုနာဒိုနဲ့လည်း စကားပြောဆိုခြင်း မရှိဘူးဆိုတာတွေကို ပြောဆိုလာကြတယ်။ ဒါတွေက မှန်ကန်ခြင်း မရှိပါဘူး။ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဇူလိုင်လကတည်းက တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအခြေအနေမျိုးနဲ့ ကျွန်တော် စာချုပ်သက်တမ်းတိုးမှုကို မလုပ်ဆောင်ချင်တော့လို့ပါ။

ကျွန်တော်က အရည်အသွေးရှိတဲ့ ပြန်လည်ဖြည့်တင်းမှုမျိုးကို လုပ်ဆောင်နိုင်မယ့် ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ့် အသင်းတစ်သင်းကိုသာ အလိုရှိခဲ့တာ။ ပီအက်စ်ဂျီအသင်းက ကျွန်တော့်အတွက် ပေးထားခဲ့တာတွေ အများကြီးပါပဲ။ ကျွန်တော် ဒီမှာ ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်အတွင်းမှာလည်း ပျော်ရွှင်ခဲ့ရတယ်။ အခုလည်း ဒီမှာ ဆက်ရှိနေရတာပဲ။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကလပ်အသင်းဘက်ကနေ တုံ့ပြန်ပေးနိုင်အောင် အသင်းကနေ ထွက်ခွာချင်တယ်ဆိုတာကို အစောပိုင်းကတည်းက ကျွန်တော် အသိပေးခဲ့တာပါ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို မထွက်ခွာစေချင်ဘူးဆိုရင် ကျွန်တော် ဒီမှာပဲ ဆက်လက်ရှိနေမယ်လို့လည်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော် ဒီအသင်းအပေါ် လေးစားမှု ရှိပါတယ်” ဟုပြောဆိုခဲ့ပါတယ်။

ဒါဟာ ရန်းနက်စ်ကို အရေးနိမ့်ပြီးနောက်မှာ ကီလီယမ် အမ်ဘာပေက ပြင်သစ်သတင်းဌာ RMC Sport နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီရောက်လာပေမယ့်လည်း ထင်မှတ်သလိုဖြစ်မလာလို့ စိတ်ညစ်နေရတဲ့ ပိုချက်တီနိုအတွက် နောက်ထပ်ခေါင်းကိုက်စရာကိစ္စလည်း ဖြစ်လာခဲ့ရပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီတိုက္စစ္မႉး ဘာေပက သူဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကထြက္ခြာခ်င္တယ္လို႔ ေျပာဆိုခဲ့ေၾကာင္း ဝန္ခံလိုက္ပါတယ္။ ရိးရဲလ္မက္ဒရစ္က သူ႕ကိုစိတ္ဝင္စားေနခ်ိန္မွာ အသင္းကထြက္ခြာဖို႔ ခြင့္ေတာင္းခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕နဲ႕ပတ္သက္ကာ ပထမဆုံးအႀကိမ္ ဝန္ခံေျပာဆိုသြားခဲ့တာလည္းျဖစ္ပါတယ္။

ဘာေပက “လူေတြက ကြၽန္ေတာ္ ၆ ႏွစ္ ၇ ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ကို ပယ္ခ်ခဲ့တယ္ ေနာက္ၿပီး လီယိုနာဒိုနဲ႕လည္း စကားေျပာဆိုျခင္း မရွိဘူးဆိုတာေတြကို ေျပာဆိုလာၾကတယ္။ ဒါေတြက မွန္ကန္ျခင္း မရွိပါဘူး။ အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ ဇူလိုင္လကတည္းက ေတာင္းဆိုမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုအေျခအေနမ်ိဳးနဲ႕ ကြၽန္ေတာ္ စာခ်ဳပ္သက္တမ္းတိုးမႈကို မလုပ္ေဆာင္ခ်င္ေတာ့လို႔ပါ။

ကြၽန္ေတာ္က အရည္အေသြးရွိတဲ့ ျပန္လည္ျဖည့္တင္းမႈမ်ိဳးကို လုပ္ေဆာင္နိုင္မယ့္ ေျပာင္းေ႐ႊ႕ေၾကးမ်ိဳးနဲ႕ ကမ္းလွမ္းလာမယ့္ အသင္းတစ္သင္းကိုသာ အလိုရွိခဲ့တာ။ ပီအက္စ္ဂ်ီအသင္းက ကြၽန္ေတာ့္အတြက္ ေပးထားခဲ့တာေတြ အမ်ားႀကီးပါပဲ။ ကြၽန္ေတာ္ ဒီမွာ ျဖတ္သန္းခဲ့ရတဲ့ ၄ ႏွစ္အတြင္းမွာလည္း ေပ်ာ္႐ႊင္ခဲ့ရတယ္။ အခုလည္း ဒီမွာ ဆက္ရွိေနရတာပဲ။

အေျပာင္းအေ႐ႊ႕နဲ႕ပတ္သက္ၿပီး ကလပ္အသင္းဘက္ကေန တုံ႕ျပန္ေပးနိုင္ေအာင္ အသင္းကေန ထြက္ခြာခ်င္တယ္ဆိုတာကို အေစာပိုင္းကတည္းက ကြၽန္ေတာ္ အသိေပးခဲ့တာပါ။ ခင္ဗ်ားတို႔အေနနဲ႕ ကြၽန္ေတာ့္ကို မထြက္ခြာေစခ်င္ဘူးဆိုရင္ ကြၽန္ေတာ္ ဒီမွာပဲ ဆက္လက္ရွိေနမယ္လို႔လည္း ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ ဒီအသင္းအေပၚ ေလးစားမႈ ရွိပါတယ္” ဟုေျပာဆိုခဲ့ပါတယ္။

ဒါဟာ ရန္းနက္စ္ကို အေရးနိမ့္ၿပီးေနာက္မွာ ကီလီယမ္ အမ္ဘာေပက ျပင္သစ္သတင္းဌာ RMC Sport နဲ႕ ေတြ႕ဆုံမႈမွာ ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ မက္ဆီေရာက္လာေပမယ့္လည္း ထင္မွတ္သလိုျဖစ္မလာလို႔ စိတ္ညစ္ေနရတဲ့ ပိုခ်က္တီနိုအတြက္ ေနာက္ထပ္ေခါင္းကိုက္စရာကိစၥလည္း ျဖစ္လာခဲ့ရပါတယ္။