Spots news

ရီးရဲလ်မက်ဒရစ် နဲ့ သတင်းတွေအပေါ် ပရိသတ်တွေအတွက် ဖြေရှင်းလိုက်တဲ့ ကာဗာနီ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဥရုဂွေးဝါရင့် တိုက်စစ်မှူး ကာဗာနီကတော့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွေ့ သတင်းတွေကို ကောလဟာလ သတင်းတွေသာ ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၃၉ ပွဲမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး နွေရာသီက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့် ကာဗာနီဟာ ၂၀၂၂ အထိရှိမယ့် ၁နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်

သို့ပေမယ့် ယူနိုက်တက်ဘက်က အသင်းရဲ့ ကစားသမားသမားဟောင်းရော်နယ်ဒိုကို အထောင်တိုက်စစ်နေရာ အတွက် အသင်းဆီ ပြန်လည်ခေါ်ယူထားသလို အသင်းရဲ့ တိုက်စစ်မှာလည်း ရော်နယ်ဒိုကိုသာ နေရာပေးနေတာကြောင့် ကာဗာနီအနေနဲ့ သူရဲ့ကျောနံပါတ် ၇ ကို လက်လွှဲပေးခဲ့ပြီး သူရဲ့ပွဲထွက်ကစားခွင့်တွေပါ ဆုံးရှုံးလာခဲ့ရတာ ဖြစ်ပါတယ်။

ထို့ကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကာဗာနီဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူ့ကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ကာဗာနီရဲ့ အေးဂျင့်နဲ့ ဖခင်တို့ကလည်း သူတို့ရဲ့ ကစားသမားဟာ အသင်းပြောင်းနိုင်ချေ ရှိကြောင်း ဥရုဂွေး သတင်းဌာနတွေကို ပြောကြားထားပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ အသက် ၃၄ နှစ်အရွယ်ရှိ ကာဗာနီဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ အပေါ် ငြင်းဆန်လိုက်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပျော်ရွင်နေပြ အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့သာ အာရုံစိုက်ထားကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကာဗာနီက “အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး မပြောချင်ပါဘူး။ ဂျာနယ်သမားတွေ ကတော့ ကောလဟာလတွေကို အမြဲတမ်း ဖွနေဆဲ ဖြစ်သလို နောက်လည်း ထပ်ဖွနေဦးမှာပါပဲ။ အင်တာဗျူးတွေဆိုလည်း အဲ့လိုပါပဲ။ သူတို့က ကစားသမား အရောင်းအဝယ်ကိုပဲ ပြောနေကြတာပါ။ ကျွန်တော်ကတော့ ယူနိုက်တက်အတွက်ကိုပဲ အာရုံစိုက်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဥ႐ုေဂြးဝါရင့္ တိုက္စစ္မႉး ကာဗာနီကေတာ့ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မွာ လာလီဂါထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ ထြက္ေပၚေနတဲ့ အေျပာင္းအေ႐ြ႕ သတင္းေတြကို ေကာလဟာလ သတင္းေတြသာ ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလိုက္ပါတယ္။

ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းကေန ယူနိုက္တက္အသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းမွာ ေျခစြမ္းျပနိုင္ခဲ့ၿပီး တိုက္စစ္ကို အေကာင္းဆုံး ဦးေဆာင္နိုင္ခဲ့သလို ၿပီးခဲ့တဲ့ရာသီက ယူနိုက္တက္အတြက္ ၃၉ ပြဲမွာ ၁၇ ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေႏြရာသီက အသင္းေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ ေပမယ့္ ကာဗာနီဟာ ၂၀၂၂ အထိရွိမယ့္ ၁ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ပါတယ္

သို႔ေပမယ့္ ယူနိုက္တက္ဘက္က အသင္းရဲ႕ ကစားသမားသမားေဟာင္းေရာ္နယ္ဒိုကို အေထာင္တိုက္စစ္ေနရာ အတြက္ အသင္းဆီ ျပန္လည္ေခၚယူထားသလို အသင္းရဲ႕ တိုက္စစ္မွာလည္း ေရာ္နယ္ဒိုကိုသာ ေနရာေပးေနတာေၾကာင့္ ကာဗာနီအေနနဲ႕ သူရဲ႕ေက်ာနံပါတ္ ၇ ကို လက္လႊဲေပးခဲ့ၿပီး သူရဲ႕ပြဲထြက္ကစားခြင့္ေတြပါ ဆုံးရႈံးလာခဲ့ရတာ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ ကာဗာနီဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ သူ႕ကို စိတ္ဝင္စားေနတဲ့ ရီးရဲလ္မက္ဒရစ္ အသင္းဆီ ေျပာင္းေ႐ႊ႕မယ္ ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနၿပီး ကာဗာနီရဲ႕ ေအးဂ်င့္နဲ႕ ဖခင္တို႔ကလည္း သူတို႔ရဲ႕ ကစားသမားဟာ အသင္းေျပာင္းနိုင္ေခ် ရွိေၾကာင္း ဥ႐ုေဂြး သတင္းဌာနေတြကို ေျပာၾကားထားပါတယ္။

ဒါေပမယ့္ အခုခ်ိန္မွာေတာ့ အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ ကာဗာနီဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ အေျပာင္းအေ႐ႊ႕ ေကာလဟာလ သတင္းေတြ အေပၚ ျငင္းဆန္လိုက္ၿပီး သူဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ေပ်ာ္႐ြင္ေနျပ အသင္းအတြက္ ေျခစြမ္းျပနိုင္ဖို႔သာ အာ႐ုံစိုက္ထားေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ကာဗာနီက “အေျပာင္းအေ႐ႊ႕ သတင္းေတြနဲ႕ ပတ္သတ္ၿပီး မေျပာခ်င္ပါဘူး။ ဂ်ာနယ္သမားေတြ ကေတာ့ ေကာလဟာလေတြကို အၿမဲတမ္း ဖြေနဆဲ ျဖစ္သလို ေနာက္လည္း ထပ္ဖြေနဦးမွာပါပဲ။ အင္တာဗ်ဴးေတြဆိုလည္း အဲ့လိုပါပဲ။ သူတို႔က ကစားသမား အေရာင္းအဝယ္ကိုပဲ ေျပာေနၾကတာပါ။ ကြၽန္ေတာ္ကေတာ့ ယူနိုက္တက္အတြက္ကိုပဲ အာ႐ုံစိုက္ေနပါတယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။